စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ရန်ကုန်တိုင်းရှိ မြို့နယ်လေးခုတွင် မှတ်ပုံတင်မရှိဘဲ အထောက်အထားမဲ့ မဲပေးသူ ခြောက်သောင်းကျော် တွေ့ရှိရသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးခင်ရီက ပြောကြား


 ရန်ကုန်တိုင်းရှိ မြို့နယ်လေးခုတွင် မှတ်ပုံတင်မရှိဘဲ အထောက်အထားမဲ့ မဲပေးသူ ခြောက်သောင်းကျော် တွေ့ရှိရသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးခင်ရီက ပြောကြားသည်။


ဗဟန်းမြို့နယ် သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးတွင် နိုဝင်ဘာ ၂၆ ရက်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဆွေပါတီများက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ပြောကြားခြင်းဖြစ်သည်။



အဆိုပါ မဲဆန္ဒရှင် ခြောက်သောင်းကျော်ကို ဆိပ်ကြီးခနောင်တို၊ ကျောက်တန်း၊ လသာနှင့်  လှည်းကူး မြို့နယ်များတွင် တွေ့ရှိရခြင်းဖြစ်ကြောင်း ဦးခင်ရီက ပြောကြားသည်။


“ မဲစလစ်တစ်ခုတည်းကို ဘာအထောက်အထားမှ မရှိဘဲ မဲပေးခွင့် ရှိတဲ့အခါကျတော့ ဥပမာ ရန်ကုန်တိုင်းဆိုရင် ဆိပ်ကြီးခနောင်တိုရယ်၊ လှည်းကူးရယ်၊ ကျောက်တန်းရယ်၊ လသာရယ် လေးမြို့နယ် လောက်မှာကိုက မှတ်ပုံတင် မရှိတဲ့သူ၊ မပါတဲ့သူ၊ မပါဘဲနဲ့ အထောက်အထားမဲ့ မဲပေးတဲ့သူ အဲ့လူက ၆၃၂၅၈ ယောက်ရှိတယ်။ တစ်ပြည်လုံး အတိုင်းအတာနဲ့ဆို တွက်ကြည့်” ဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးခင်ရီက ပြောကြားသည်။



ထို့ပြင် မဲစာရင်းတွင် အမည်ထပ်နေသူ ၂၂၃၇ ဦး တွေ့ရှိရသဖြင့် သံသယဖြစ်ဖွယ်ဖြစ်ကြောင်း၊ ထို့ကြောင့် မဲစာရင်းစစ်ဆေးခွင့်ရရှိရန် ပုံစံ (၁)၊ ပုံစံ (၁၆) နှင့် ပုံစံ (၁၆) (၁) တို့ကို ကြည့်ရှုခွင့်ရရန် တောင်းဆိုသော်လည်း ရရှိခဲ့ခြင်း မရှိဟု ၎င်းက ဆိုသည်။


“ ဒါဟာ ဥပဒေအရ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်ကို ပေးရမဲ့စာရင်းတွေ။ အဲ့တာ သူတို့ ကျွန်တော်တို့ကို မပေးဘူး။ မပေးတော့ ကျွန်တော်တို့ စစ်လို့မရဘူး။ အဲ့တော့ စစ်လို့မရတော့ နောက်ဆုံး ဘာလုပ်ရလဲဆိုတော့ COVID ကာလဖြစ်နေတော့ ရန်ကုန်မှာ လက်လှမ်းမီ နိုင်ငံရေးပါတီ ၁၆ ပါတီ ဖွဲ့ြ့ပီးတော့ ကျွန်တော်တို့မှ စစ်ခွင့်မရဘူးဆိုရင်လည်း နိုင်ငံတော်ပိုင်းက စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီးတော့ နိုင်ငံရေးပါတီက ပါဝင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ပေးပါ။ ဒါလည်း အကြောင်းမပြန်ဘူး” ဟု ဦးခင်ရီက ပြောကြားသည်။



ရန်ကုန်တိုင်းရှိ မြို့နယ် ၁၀ ခုမှ နောက်ဆုံးအကြိမ် ထုတ်ပြန်ထားသည့် မဲပေးပိုင်ခွင့်ရှိသူ ၁၀၈၃၈၀၁ ဦးကို ပြန်လည် စိစစ်ရာတွင် မှတ်ပုံတင်မရှိသူ ၁၀၉၅၆၂ ဦး၊ မှတ်ပုံတင် ပျက်စီး၊ ပျောက်ဆုံးသူ ၄၀၀၀ ဦး၊ မှတ်ပုံတင် လျှောက်ထားဆဲ ၁၇၉၈၉ ဦးနှင့် မှတ်ပုံတင် ထပ်နေသူ ၁၁၅၃၇ ဦး တွေ့ရှိရသည်ဟု ပြည်ခိုင်ဖြိုးပါတီက နိုင်ငံသားကတ်ဆိုင်ရာ သံသယဖြစ်ဖွယ်ရများ ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲတွင် ပြသထားသည်။


အဆိုပါ မဲဆန္ဒရှင်စာရင်းများမှာ ဗိုလ်တစ်ထောင်၊ လသာ၊ ဒဂုံ၊ ရွှေပြည်သာ၊ လမ်းမတော်၊ မင်္ဂလာဒုံ၊ ဆိပ်ကြီးခနောင်တို၊ တာမွေ၊ ကျောက်တန်း၊ လှည်းကူးတို့ဖြစ်ကြောင်း ဖော်ပြသည်။

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု