စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
မြို့ကြီးများရှိလမ်းမကြီးများကို နိုင်လွန်ကတ္တရာခင်းမည်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့မြို့ကြီးတွေကို
(၂၀၂၀-၂၀၂၁) ကနေစပြီး နိုင်လွန်ကတ္တရာလမ်းတွေခင်းဖို့ စီစဉ်ဆောင်ရွက်လုပ်ကိုင်နေပြီဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေကော်မတီ ညွှန်ကြားရေးမှူးဦးသစ်ထူးမြင့်ရဲ့ပြောကြားချက်အရ သိရပါတယ်
မုံရွားမြို့မှာဆိုရင် ဒီနှစ်အတွင်းလမ်းပေါင်း(၈)လမ်းလောက်ကိုနိုင်လွန်ကတ္တရာခင်းမှာဖြစ်ပြီး နိုင်လွန်ကတ္တရာခင်းဖို့အတွက် နိုက်လွန်ကတ္တရာထည်စက်(ခေါ်)
ခင်းတဲ့စက်တွေဝယ်ယူပြီးဖြစ်တယ်လို့သိရပါတယ်
မုံရွာမြို့နိုင်လွန်ကတ္တရာခင်ပြီးရင်တော့ကျန်တဲ့မြို့တွေကို မိုဘိုင်းစနစ်နဲ့ စီမံချက်ချပြီး ဆောင်ရွက်သွားမယ်လို့ ဦးသစ်ထူးမြင့်ကပြောပါတယ်
စည်ပင်သာယာရေးကော်မတီကဘိလပ်မြေစိုက်ထုတ်ပြီး ပြည်သူလူထုရဲ့ထည့်ဝင်ငွေနဲ့ ကိုယ်အားကိုယ်ကိုးကွန်ကရစ်လမ်းတွေကတ္တရာလမ်းတွေဖောက်လုပ်ပြီး တိုင်းအတွင်းမှာရှိတဲ့ လမ်းတွေတိုးတက်ဖွံ့ဖြိုးရေးအတွက်လုပ်ဆောင်းနေတယ်လို့ လဲသိရပါတယ်
သတင်း-ဘိုဘိုညွှန့်ထွေး
#UpToDateChannel
#skynet
Comments
Post a Comment