စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ရန်ကုန်မြို့တွင် နိုဝင်ဘာ၁၂မှ နိုဝင်ဘာ ၂၃ထိ လမ်းသွားလမ်းလာနှင့် နေအိမ်ခြံဝင်းတို့တွင် တွေ့ရှိသော မြွေ ခုနစ်ကောင် အနက် နှစ်ကောင်မှာ အရွယ်အစားကြီးမားသည့် စပါးအုံး မြွေများဖြစ်သည်။ မြွေတွေ့ရှိမှု များလာရခြင်းမှာ ၎င်းတို့နေထိုင်ရာ မြေအောက်တွင် ပြောင်းလဲမှုတစုံတရာရှိနေနိုင်ခြင်းနှင့် အစာရှာဖွေရေးအတွက် ထွက်ရှိလာသည့် သဘော ဖြစ်နိုင်သည်။


 ငါ့ဝမ်းပူစာ မနေသာလို့...

♥♥♥♥♥♥♥♥♥


ရန်ကုန်မြို့တွင် နိုဝင်ဘာ၁၂မှ နိုဝင်ဘာ ၂၃ထိ လမ်းသွားလမ်းလာနှင့် နေအိမ်ခြံဝင်းတို့တွင် တွေ့ရှိသော မြွေ ခုနစ်ကောင် အနက် နှစ်ကောင်မှာ အရွယ်အစားကြီးမားသည့် စပါးအုံး မြွေများဖြစ်သည်။ 

မြွေတွေ့ရှိမှု များလာရခြင်းမှာ  ၎င်းတို့နေထိုင်ရာ မြေအောက်တွင် ပြောင်းလဲမှုတစုံတရာရှိနေနိုင်ခြင်းနှင့် အစာရှာဖွေရေးအတွက် ထွက်ရှိလာသည့် သဘော ဖြစ်နိုင်သည်။


“အခုလိုမျိုး လက္ခဏာတွေပြတယ်ဆိုရင်တော့ သတိထားဖို့လိုတယ်ပေါ့နော်။ သဘာဝဘေးအန္တရာယ် ကြီးကြီးမားမားတွေဖြစ်လာနိုင်တယ်။ အထူးသဖြင့် အောက်ခြေမှာ မြေအောက်မှာဖြစ်နေတဲ့ ဟာတွေက ဘာတွေဖြစ်နေမှန်းမသိဘူး။ ငလျင်တွေ ဒီ့ထက်လှုပ်လာမလား။ ရေတွေ ဒီ့ထက်ခမ်းသွားမလား။ အဲ့ဒါမျိုးတွေနဲ့ ဆိုင်တယ်လို့တော့ ထင်တယ်” ဟု  ဒေါ်ဒေဝီသန့်စင်က ပြောသည်။  


ဒေါက်တာသိန်းအောင်ကတော့  

“စားချိန်တန်လို့ အစာစားဖို့ထွက်လာတာလည်းဖြစ်နိုင်တယ်။ အကယ်၍သာ ရာသီဥတုအခြေအနေပူလို့ ဘာလို့ နေလို့မရဘူးဆိုရင် တခြား သတ္တဝါတွေပါ ထွက်လာရမှာလေ။ တခြားသတ္တဝါတွေဆိုတာ ဥပမာ တီကောင်လိုဟာမျိုး မြေအောက်မှာနေတဲ့ အခြားအင်းဆက်လိုဟာမျိုး ကြွက်လိုဟာမျိုး၊ ပူးလိုဟာမျိုး အဲ့ဒါတွေက အကုန်လုံးထွက်လာကြရမှာပဲပေါ့” 


“မြို့ပေါ်မှာနေနေတယ် ။အစာရေစာ မှန်မှန်မစားရ။ သူလိုချင်တဲ့ ရှင်သန်မှု ပြည့်ပြည့်စုံစုံမရှိတဲ့ အကောင်တွေသည် သဘာဝကို ပြန်ပြီးတော့ အကျိုးပြုဖို့ဆိုတာ ခဲယဉ်းတယ်။ သဘာဝပတ်ဝန်းကျင်အရဆိုရင်တော့ မြို့တွေပေါ်မှာရှိတဲ့ အကောင်တွေကို တွေ့တယ်ဆိုရင် ဖမ်းယူပြီးတော့ တောရိုင်းတိရစ္ဆာန် ကယ်ဆယ်ရေးစင်တာလိုဟာမျိုးမွေးပါ ပြီးရင် သဘာဝထဲကို ပြန်လွှတ်ပေးတာအကောင်းဆုံးပဲ ”  


မရမ်းကုန်းမြို့နယ်တစ်ခုတည်းမှာပင် တွေ့ရှိမှု လေးကြိမ်ရှိခဲ့ပြီး စပါးအုံးမြွေနှစ်ကောင်နှင့် အခြားအမျိုးအစား မြွေ နှစ်ကောင်ကို တွေ့ရှိခဲ့ရသည်။


၁။ နိုဝင်ဘာ ၁၂  မရမ်းကုန်း  နဝဒေးလမ်းရှိ နေအိမ်တွင် အရှည် ရှစ်ပေ၊ လုံးပတ် ၁၀ လက်မရှိသည့် စပါးအုံး မြွေကြီးတွေ့ရှိခဲ့။  


၂။ နိုဝင်ဘာ ၁၃ရက်နေ့က ကမာရွတ်၊အင်းလျားလမ်းရှိ ခြံဝန်းအတွင်း မြွေတစ်ကောင်ဝင်ရောက်ခဲ့။ 


၃။ နိုဝင်ဘာ ၁၆ ရက်နေ့မှာလည်း ရန်ကင်း၊သစ္စာလမ်းလမ်းရှိ အမှတ် ၁၂ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် သံကွင်းစွပ်မြွေ အရှည် သုံးပေ၊ လုံးပတ် သုံးလက်မခန့် မြွေ တစ်ကောင်တွေ့ရှိခဲ့။   


၄။ နိုဝင်ဘာ ၁၇  မရမ်းကုန်း အင်ယားလိတ်လမ်းပေါ်တွင် လုံးပတ် တစ်ပေခန့်၊ အရှည် ၁၅ ပေပခန့် စပါးအုံးမြွေတစ်ကောင် တွေ့ရှိခဲ့။  


၅။ နိုဝင်ဘာ ၁၈ တိုက်ကြီး ရှမ်းဘက် (၁) လမ်းရှိ နေအိမ်မှာ မြွေ တစ်ကောင်ဝင်ရောက်ခဲ့။  


၆။ နိုဝင်ဘာ ၂၁ မရမ်းကုန်း၊ ဝံသာရက္ခိတလမ်းရှိ နေအိမ်တွင်  မြွေတစ်ကောင်တွေ့ရှိခဲ့။  


၇။ နိုဝင်ဘာ ၂၃  မရမ်းကုန်း၊ ဝံသာရက္ခိတလမ်းရှိ နေအိမ်မှ  မြွေတစ်ကောင်တွေ့ရှိခဲ့။ 

Mizzima

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု