စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

"အပြိုင်အဆိုင် ထွက်ပေါ်လာသည့် ကိုဗစ်ကာကွယ်ဆေးများ"

 "အပြိုင်အဆိုင် ထွက်ပေါ်လာသည့် ကိုဗစ်ကာကွယ်ဆေးများ"

-----                             -----                                    -----

Pfizer နှင့် BioNTech ကုမ္ပဏီက ပူးတွဲထုတ်လုပ်လိုက်သည့်  Coronavirus ကာကွယ်ဆေးသည် ၉၅% ကျော်ထိ, ထိရောက်ကြောင်း ယမန်နေ့က အဆိုပါ ဆေးကုမ္ပဏီများက ကြေညာခဲ့သည်။

“တတိယအကြိမ် လေ့လာသုတေသန ပြုချက်တွေ အပြီးမှာ ကျွန်တော်တို့ဆေးက စိတ်ချယုံကြည်မှု အဆင့် ၉၅ ရာခိုင်နှုန်းကျော်အထိ ရောက်ရှိသွားပါပြီ ၊ FDA တင်ပြဖို့အတွက် အချက်အလက်တွေ ပြင်ဆင်နေပါတယ်” ဟု ဆေးထုတ်လုပ်သည့် Pfizer ၏ CEO က ပြောသည်။

နို၀င်ဘာ ၁၇ ရက်နေ့က ပြုလုပ်သည့် New York Time သတင်းစာနှင့် အွန်လိုင်းကွန်ဖရင့်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့က Pfizer နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက် BioNTech တို့က ထုတ်လုပ် လိုက်သည့်် ကိုဗစ်ကူးစက်မြန်ကပ်ရောဂါ ကာကွယ်ဆေးသည် ၉၀ ရာခိုင်နှုန်းကျော်ထိ အကျိုးအာနိသင် ရှိသည်ဟု ဖော်ပြခဲ့ကြသည် ။ စေတနာ့ဝန်ထမ်း ၄၃,၀၀၀ ကျော်ဖြင့် စမ်းသပ်ခဲ့ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

သက်ဆိုင်ရာ အာဏာပိုင်များထံမှ ခွင့့်ပြုချက်ရပြီဆိုပါက ကာကွယ်ဆေး သန်းပေါင်းများစွာကို ညတွင်းချင်း  ပေးပို့ရန် စီစဉ်ထားကြောင်းလည်း ကုမ္ပဏီက ပြောကြားခဲ့သည်။

Pfizer သည်  အမေရိကန် FDA ၏ ခွင့်ပြုချက်အတွက် ပြင်ဆင်နေပြီး FDA ဘက်က မီးစိမ်းပြလိုက်ပြီဆိုပါက FDA မှ ထောက်ခံချက်ဖြင့် ထုတ်လုပ်သည့် ပထမဆုံး COVID-19 ကာကွယ်ဆေးဖြစ်လာပေမည်။ သို့သော်လည်း Pfizer က ထုတ်လုပ်သည့် ကာကွယ်ဆေးသည် အချိန်ကာလ မည်မျှကြာအောင် လူ့ခန္ဓာကိုယ် ကို ကာကွယ်ပေးနိုင်မည် ဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

“အသေးစိတ်အချက် အလက်တွေကိုတော့ မကြာမီ ထုတ်ပြန်မှာပါ “ဟု Pfizer ၏ စီအီးအို မစ္စတာဘိုလာက ပြောသည်။ ကာကွယ်ဆေးထုတ်လုပ်သည့် Pfizer ၏ စျေးကွက်ရှယ်ယာကမူ ၁.၆ ရာခိုင်နှုန်းအထိ မြင့်တက် သွားခဲ့သည်။

ထုတ်လုပ်လိုက်သည့်ဆေး၏ လူ့ခန္ဓာကိုယ်အတွင်း နေနိုင်သည့် အချိန်ကာလကို ထုတ်ဖော်တင်ပြရန် လို အပ်သေးသည်။ Pfizer အနေဖြင့် ယင်းအချက်ကို တိတိကျကျ မပြောနိုင်သေးပေ။ ယင်း အချက်ကလည်း အရေးပေါ် ကာကွယ်ဆေးအဖြစ် သုံးစွဲခွင့်ကို မလျှောက်ထားမီ လိုအပ်နေသည့် နောက်ဆုံး အတားအဆီး အကြောင်းအရာလည်း ဖြစ်သည်။

Pfizer ကာကွယ်ဆေးကို အရေးပေါ် ကာကွယ်ဆေးအဖြစ် အသုံးပြုခွင့်ရခဲ့မည်ဆိုပါက နိုင်ငံ တော်တော်များများ အတွက် သယ်ယူပို့ဆောင်ရေး ပြသနာ ပေါ်ပေါက်လာနိုင်သည်။ Pfizer ကာကွယ်ဆေးသည် အလွန်အေးသော အပူချိန်ဖြစ်သည့်  အနုတ် ၉၄ ဒီဂရီဖာရင်ဟိုက်တွင် သိုလှောင် ထားရမည် ဖြစ်သောကြောင့် ထိန်းသိမ်း သိုလှောင်ရေးတွင်ပါ အခက်အခဲဖြစ်လာနိုင်သည်။

Pfizer မှ တာဝန်ရှိသူများက ပြောကြားရာတွင် ယခုနှစ် အကုန်တွင် ဆေးအလုံးပေါင်း သန်း ၅၀ အထိ ကာကွယ်ဆေးထိုးရန် ထုတ်လုပ်နိုင်ပြီး လူပေါင်း ၂၅ သန်းကို ကာကွယ်ဆေးထိုးရန် လုံလောက်သည်ဟု သတင်းများက ဖော်ပြသည်။ ၂၀၂၁ တွင် Pfizer သည် ကမ္ဘာအနှံ့တွင် ဆေးပမာဏ ၁.၃ ဘီလီယံ ထုတ်လုပ် နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်းလည်း ၄င်းတို့က ဆိုထားသည်။

အမေရိကန်နိုင်ငံ မန်ဆာချူးဆက် အခြေစိုက်သည့် Moderna ကလည်း ၄င်းတို့၏ ကာကွယ်ဆေးကို နို၀င်ဘာ ၁၆ ရက်နေ့ က ကြေညာခဲ့သည်။ ၄င်းထုတ်ကုန်သည် ၉၅ ရာခိုင်နှုန်းနီးပါး အကျိုးအာနိသင် ရှိသည်ဟု ဆိုသည်။ Moderna သည်လည်း လူဦးရေ ၃၀,၀၀၀ ဖြင့် စမ်းသပ်ထုတ်လုပ်ထားသည်ဟု ဆိုသည်။ Moderna ဆေးဖြင့် စမ်းသပ်ခဲ့ရာတွင် ၄ ရာခိုင်နှုန်းတွင်သာ အနီဖု၊ ယားယံ၊ အပိန့် အချို့ထွက် သည်ကို တွေ့ရှိ ခဲ့ရသောကြောင့် ၉၄.၅ ရာခိုင်နှုန်း အောင်မြင်သည်ဟု ဖော်ပြခဲ့သည်။ Moderna ကလည်း ဆေးအာနိသင်၏ လုံခြုံစိတ်ချရမှုကို တစ်လအတွင်း ရရှိနိုင်သည်ဟု မျှော်မှန်းထားပြန်သည်။

မည်သို့ပင် ကာကွယ်ဆေးက အကျိုးသက်ရောက်ပါစေ၊ တစ်ကမ္ဘာလုံး အတိုင်းအတာအရ Moderna ဆေး က သယ်ယူပို့ဆောင်ရေးနှင့် ထိန်းသိမ်းရေးအတွက် အားသာချက် ရှိနေသည်။ Moderna ကာကွယ်ဆေး သည် အနုတ် ၂၀ စင်တီဂရိတ်သာ လိုအပ်ပြီး ရေခဲသတ္တာအတွင်း ရက် ၃၀ အထားခံကာ၂၀ ဒီဂရီဆဲလ် ဆီးရပ်တွင် ၆ လအထိ အထားခံသည် ။ Pfizer မှ ထုတ်လုပ်သည့်ဆေးကမူ ရေခဲသေတ္တာအတွင်း ၅ ရက်သာ အထားခံသည်။

စျေးနှုန်းအားဖြင့် Pfizer သည် တစ်လုံးထိုးလျှင် အမေရိကန်ဒေါ်လာ ၂၀ ကျသင့်ပြီး စုစုပေါင်းဆေးပတ်လည် ရေးအတွက် ၂ လုံးထိုးရန် ဒေါ်လာ ၄၀ ကုန်ကျမည်ဖြစ်သည်။ သို့သော် Moderna က စုစုပေါင်း ဒေါ်လာ ၆၀ မှ ၇၄ ဒေါ်လာအတွင်း ကုန်ကျနိုင်မည်ဖြစ်သည်။

Moderna ၏ စီအီးအို Stéphane  Bancel ကမူ "ဆေးစျေးနှုန်းက ၃၂ ဒေါ်လာကနေ ၃၇ ဒေါ်လာ လောက်တော့ သတ်မှတ်မယ်။ ပမာဏ များများထုတ်ရင်တော့ စရိတ်သက်သာပြီး စျေးကျသွားနိုင်ပါတယ်" ဟု သြဂုတ်လက ကွန်ဖရန့်တစ်ခုတွင် ပြောကြားခဲ့ကြောင်းလည်း  Reuters သတင်းက ဖော်ပြသည် ။

အလားတူပင် အင်္ဂလန်နိုင်ငံထုတ် Oxford- AstraZeneca  ကလည်း ဥရောပသမဂ္ဂသို့ ကာကွယ် ဆေးအလုံးပေါင်း သန်း ၄၀၀ ပေးပို့မည်ဖြစ်ပြီး ယခု နှစ်ကုန်စတင်မည်ဟု ယင်းဆေးကုမ္ပဏီက ဇွန်လ အတွင်း ကတည်းက သတင်းထုတ်ပြန်ထားသည်။ စျေး နှုန်းအားဖြင့်  တစ်လုံး ၄ ဒေါ်လာသာ ကျသင့်မည်ဖြစ်သည်။ ယင်းဆေး၏ အားသာချက်သည် အသက် ၇၀ ကျော်များအတွက် အကောင်းဆုံးတုန့်ပြန်မှု ရလဒ်များကို ရရှိနေကြောင်း၊ အားသာချက် တစ်ခုဖြစ်ကြောင်း၊ အောက်စ်ဖို့ သိပ္ပံပညာရှင် ဒေါက်တာအင်ဒရူးပိုလာက ပြောသည်။

Oxford-AstraZeneca ကဲ့သို့ ပင်  အမေရိကန် Johnson & Johnson မှ ထုတ်လုပ်သည့် ကာကွယ်ဆေး ကိုလည်း မကြာခင် တရား၀င်ထုတ်ပြန်တော့မည် ဖြစ်သည်။ ယင်းဆေးသည် အမေရိကန်ဒေါ်လာ ဆေး ၂ လုံးစာ အတွက် ၁၀ ဒေါ်လာသာ ကုန်ကျမည်ဖြစ်ပြီး သာမန်ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားနိုင် သည်ဟု ဆိုသည်။

တရုတ်နိုင်ငံ  Sinovac ထုတ် CoronaVac ကမူ  လူတစ်ဦးလျှင် ဆေး ၂ လုံးစာ  ဒေါ်လာ ၆၀ ကုန်ကျမည် ဖြစ်ပြီး သာမန် ရေခဲသေတ္တာထဲတွင် ၃ နှစ်အထိ သိမ်းဆည်းထားနိုင်သည်ဟု ဆိုသည်။ ရုရှားထုတ် Sputnik V ဆေးလည်းထွက်ပြီး သာမန် ရေခဲသေတ္တာထဲတွင် ထည့်ထားနိုင်သည်။

ကာကွယ်ဆေးများ အပြိုင်အဆိုင် ပေါ်ထွက်လာပြီး ဆေးစျေးနှုန်းများ သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ဘီလ်ဂိတ် အပါအ၀င် ကျန်းမာရေးအကြံပေးများက ဆင်းရဲသည့်နိုင်ငံများအတွက် သင့်တော်သည့် စျေးနှုန်း သတ်မှတ်ပေးရန် တောင်းဆိုထားကြကြောင်း  အောက်တိုဘာလအတွင်းက Financial Time သတင်းက ဖော်ပြသည်။ 

“ဆင်းရဲတဲ့နိုင်ငံတွေအတွက် ချမ်းသာသောနိုင်ငံများက ဆေးစရိတ် ထောက်ပံ့မျှခံပေးတာမျိုး လုပ်သင့် ပါတယ်။ ဥပမာအားဖြင့် အနည်းဆုံး ဆေးတစ်လုံးစာအတွက် ၃ ဒေါ်လာလောက်ထားပေးလို့ရရင် ကောင်းမယ်” ဟု  ဘီလ်ဂိတ်က ပြောဆိုသည်။

“ကာကွယ်ဆေးတွေ အောင်မြင်လာပြီဆိုရင် လက်လှမ်းမီတဲ့နေရာတိုင်းမှာ ရအောင်လုပ်ပေးနိုင်ပြီး စျေးနှုန်း ကလည်း အသင့်အတင့် အရင်းစျေးလောက်နဲ့ပဲ ဖြန့်ဖြူးပေးသင့်ပါတယ်။ ဒါကို ကျွန်တော် ဆေးကုမ္ပဏီ ၂ ခု ကိုလည်း ပြောထားပြီးသားပါ။ အကျိုးအမြတ်ဆိုတာက ကုန်ပစ္စည်းပေါ်က မဟုတ်ဘဲ လူသားကောင်းကျိုးကို လုံး၀ ဖြည့်စွက်ပေးလိုက်တာပါပဲ” ဟု ကျန်းမာရေး ပရဟိတတစ်ဦးဖြစ်လာသည့် မိုက်ကရိုဆော့ဖ် ကုမ္ပဏီ သူဌေးကြီး ဘီလ်ဂိတ်က ပြောသည်။

ယင်းသို့ ကာကွယ်ဆေးများအပြိုင်အဆိုင် ထွက်ပေါ်လာသော်လည်း အရေးပေါ် သုံးစွဲခွင့်ရသည့် ဆေးအဖြစ် သုံးစွဲရန်ကိုမူ သက်ဆိုင်ရာများထံမှ ထောက်ခံချက် မရသေးပေ။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများကို ကာကွယ်ဆေး ထောက်ပံ့ပေးနေသည့် Gavi, The Vaccine Alliance ၏ အဖွဲ့၀င်နိုင်ငံဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယင်းအဖွဲ့၏ အရှေ့တောင်အာရှ ဒေသနှင့် အရှေ့ပစိဖိတ်ဒေသဆိုင်ရာ ဘုတ်အဖွဲ့ဝင် အဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်ဟု အစိုးရ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သူ အိန္ဒိယနိုင်ငံ၏   Serum Institute မှ Chief Executive ဖြစ်သူ Adar Poonawalla က “ Oxford-AstraZeneca  ဆေးက နောက်နှစ် ဖေဖော်ဝါရီနဲ့ဧပြီမှာ ကျန်းမာရေး ၀န်ထမ်းတွေနဲ့ သက်ကြီး ရွယ်အိုတွေအတွက် ဆေးရမှာပါ။ ကျွန်တော်တို့ ဆီမှာတော့ လူတစ်ယောက်စာ ရူပီး ၁,၀၀၀ လောက်နဲ့တော့ ရနိုင်ပါတယ်၊ သူတို့က အမြတ်ကို ပါးပါးလေးပဲယူပြီး တစ်လုံးကို အမေရိကန် ဒေါ်လာ ၃ ဒေါ်လာလောက်နဲ့ထုတ်ရောင်းမယ်ပြောတယ် “ ဟုThe Time of India တွင် ပြောဆိုထားသည်။

မကြာသေးမီက ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်များအရ ပြည်သူ့ မေတ္တာအပြည့်အ၀ ခံယူထားသည့် NLD အစိုးရ အနေဖြင့် မည်သည့်နိုင်ငံထုတ် ကာကွယ်ဆေးကို မည်သည့်စျေးနှုန်းဖြင့် မည်သည့်အချိန်တွင် ရရှိအောင် စွမ်းဆောင်ပေးနိုင်မည်ကို စောင့်ကြည့်ရမည်သာ ဖြစ်ပါသည်။

DTYA

The Ladies News

"အပြိုင်အဆိုင် ထွက်ပေါ်လာသည့် ကိုဗစ်ကာကွယ်ဆေးများ"

-----                             -----                                    -----

Pfizer နှင့် BioNTech ကုမ္ပဏီက ပူးတွဲထုတ်လုပ်လိုက်သည့်  Coronavirus ကာကွယ်ဆေးသည် ၉၅% ကျော်ထိ, ထိရောက်ကြောင်း ယမန်နေ့က အဆိုပါ ဆေးကုမ္ပဏီများက ကြေညာခဲ့သည်။

“တတိယအကြိမ် လေ့လာသုတေသန ပြုချက်တွေ အပြီးမှာ ကျွန်တော်တို့ဆေးက စိတ်ချယုံကြည်မှု အဆင့် ၉၅ ရာခိုင်နှုန်းကျော်အထိ ရောက်ရှိသွားပါပြီ ၊ FDA တင်ပြဖို့အတွက် အချက်အလက်တွေ ပြင်ဆင်နေပါတယ်” ဟု ဆေးထုတ်လုပ်သည့် Pfizer ၏ CEO က ပြောသည်။

နိုဝင်ဘာ ၁၇ ရက်နေ့က ပြုလုပ်သည့် New York Time သတင်းစာနှင့် အွန်လိုင်းကွန်ဖရင့်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့က Pfizer နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက် BioNTech တို့က ထုတ်လုပ် လိုက်သည့်် ကိုဗစ်ကူးစက်မြန်ကပ်ရောဂါ ကာကွယ်ဆေးသည် ၉၀ ရာခိုင်နှုန်းကျော်ထိ အကျိုးအာနိသင် ရှိသည်ဟု ဖော်ပြခဲ့ကြသည် ။ စေတနာ့ဝန်ထမ်း ၄၃,၀၀၀ ကျော်ဖြင့် စမ်းသပ်ခဲ့ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

သက်ဆိုင်ရာ အာဏာပိုင်များထံမှ ခွင့့်ပြုချက်ရပြီဆိုပါက ကာကွယ်ဆေး သန်းပေါင်းများစွာကို ညတွင်းချင်း  ပေးပို့ရန် စီစဉ်ထားကြောင်းလည်း ကုမ္ပဏီက ပြောကြားခဲ့သည်။

Pfizer သည်  အမေရိကန် FDA ၏ ခွင့်ပြုချက်အတွက် ပြင်ဆင်နေပြီး FDA ဘက်က မီးစိမ်းပြလိုက်ပြီဆိုပါက FDA မှ ထောက်ခံချက်ဖြင့် ထုတ်လုပ်သည့် ပထမဆုံး COVID-19 ကာကွယ်ဆေးဖြစ်လာပေမည်။ သို့သော်လည်း Pfizer က ထုတ်လုပ်သည့် ကာကွယ်ဆေးသည် အချိန်ကာလ မည်မျှကြာအောင် လူ့ခန္ဓာကိုယ် ကို ကာကွယ်ပေးနိုင်မည် ဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

“အသေးစိတ်အချက် အလက်တွေကိုတော့ မကြာမီ ထုတ်ပြန်မှာပါ “ဟု Pfizer ၏ စီအီးအို မစ္စတာဘိုလာက ပြောသည်။ ကာကွယ်ဆေးထုတ်လုပ်သည့် Pfizer ၏ စျေးကွက်ရှယ်ယာကမူ ၁.၆ ရာခိုင်နှုန်းအထိ မြင့်တက် သွားခဲ့သည်။

ထုတ်လုပ်လိုက်သည့်ဆေး၏ လူ့ခန္ဓာကိုယ်အတွင်း နေနိုင်သည့် အချိန်ကာလကို ထုတ်ဖော်တင်ပြရန် လို အပ်သေးသည်။ Pfizer အနေဖြင့် ယင်းအချက်ကို တိတိကျကျ မပြောနိုင်သေးပေ။ ယင်း အချက်ကလည်း အရေးပေါ် ကာကွယ်ဆေးအဖြစ် သုံးစွဲခွင့်ကို မလျှောက်ထားမီ လိုအပ်နေသည့် နောက်ဆုံး အတားအဆီး အကြောင်းအရာလည်း ဖြစ်သည်။

Pfizer ကာကွယ်ဆေးကို အရေးပေါ် ကာကွယ်ဆေးအဖြစ် အသုံးပြုခွင့်ရခဲ့မည်ဆိုပါက နိုင်ငံ တော်တော်များများ အတွက် သယ်ယူပို့ဆောင်ရေး ပြသနာ ပေါ်ပေါက်လာနိုင်သည်။ Pfizer ကာကွယ်ဆေးသည် အလွန်အေးသော အပူချိန်ဖြစ်သည့်  အနုတ် ၉၄ ဒီဂရီဖာရင်ဟိုက်တွင် သိုလှောင် ထားရမည် ဖြစ်သောကြောင့် ထိန်းသိမ်း သိုလှောင်ရေးတွင်ပါ အခက်အခဲဖြစ်လာနိုင်သည်။

Pfizer မှ တာဝန်ရှိသူများက ပြောကြားရာတွင် ယခုနှစ် အကုန်တွင် ဆေးအလုံးပေါင်း သန်း ၅၀ အထိ ကာကွယ်ဆေးထိုးရန် ထုတ်လုပ်နိုင်ပြီး လူပေါင်း ၂၅ သန်းကို ကာကွယ်ဆေးထိုးရန် လုံလောက်သည်ဟု သတင်းများက ဖော်ပြသည်။ ၂၀၂၁ တွင် Pfizer သည် ကမ္ဘာအနှံ ့တွင် ဆေးပမာဏ ၁.၃ ဘီလီယံ ထုတ်လုပ် နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်းလည်း ၄င်းတို ့က ဆိုထားသည်။

အမေရိကန်နိုင်ငံ မန်ဆာချူးဆက် အခြေစိုက်သည့် Moderna ကလည်း ၄င်းတို ့၏ ကာကွယ်ဆေးကို နိုဝင်ဘာ ၁၆ ရက်နေ့ က ကြေညာခဲ့သည်။ ၄င်းထုတ်ကုန်သည် ၉၅ ရာခိုင်နှုန်းနီးပါး အကျိုးအာနိသင် ရှိသည်ဟု ဆိုသည်။ Moderna သည်လည်း လူဦးရေ ၃၀,၀၀၀ ဖြင့် စမ်းသပ်ထုတ်လုပ်ထားသည်ဟု ဆိုသည်။ Moderna ဆေးဖြင့် စမ်းသပ်ခဲ့ရာတွင် ၄ ရာခိုင်နှုန်းတွင်သာ အနီဖု၊ ယားယံ၊ အပိန့် အချို့ထွက် သည်ကို တွေ့ရှိ ခဲ့ရသောကြောင့် ၉၄.၅ ရာခိုင်နှုန်း အောင်မြင်သည်ဟု ဖော်ပြခဲ့သည်။ Moderna ကလည်း ဆေးအာနိသင်၏ လုံခြုံစိတ်ချရမှုကို တစ်လအတွင်း ရရှိနိုင်သည်ဟု မျှော်မှန်းထားပြန်သည်။

မည်သို့ပင် ကာကွယ်ဆေးက အကျိုးသက်ရောက်ပါစေ၊ တစ်ကမ္ဘာလုံး အတိုင်းအတာအရ Moderna ဆေး က သယ်ယူပို့ဆောင်ရေးနှင့် ထိန်းသိမ်းရေးအတွက် အားသာချက် ရှိနေသည်။ Moderna ကာကွယ်ဆေး သည် အနုတ် ၂၀ စင်တီဂရိတ်သာ လိုအပ်ပြီး ရေခဲသတ္တာအတွင်း ရက် ၃၀ အထားခံကာ၂၀ ဒီဂရီဆဲလ် ဆီးရပ်တွင် ၆ လအထိ အထားခံသည် ။ Pfizer မှ ထုတ်လုပ်သည့်ဆေးကမူ ရေခဲသေတ္တာအတွင်း ၅ ရက်သာ အထားခံသည်။

စျေးနှုန်းအားဖြင့် Pfizer သည် တစ်လုံးထိုးလျှင် အမေရိကန်ဒေါ်လာ ၂၀ ကျသင့်ပြီး စုစုပေါင်းဆေးပတ်လည် ရေးအတွက် ၂ လုံးထိုးရန် ဒေါ်လာ ၄၀ ကုန်ကျမည်ဖြစ်သည်။ သို့သော် Moderna က စုစုပေါင်း ဒေါ်လာ ၆၀ မှ ၇၄ ဒေါ်လာအတွင်း ကုန်ကျနို်င်မည်ဖြစ်သည်။

Moderna ၏ စီအီးအို Stéphane  Bancel ကမူ "ဆေးစျေးနှုန်းက ၃၂ ဒေါ်လာကနေ ၃၇ ဒေါ်လာ လောက်တော့ သတ်မှတ်မယ်။ ပမာဏ များများထုတ်ရင်တော့ စရိတ်သက်သာပြီး စျေးကျသွားနိုင်ပါတယ်" ဟု သြဂုတ်လက ကွန်ဖရန့်တစ်ခုတွင် ပြောကြားခဲ့ကြောင်းလည်း  Reuters သတင်းက ဖော်ပြသည် ။

အလားတူပင် အင်္ဂလန်နိုင်ငံထုတ် Oxford- AstraZeneca  ကလည်း ဥရောပသမဂ္ဂသို့ ကာကွယ် ဆေးအလုံးပေါင်း သန်း ၄၀၀ ပေးပို့မည်ဖြစ်ပြီး ယခု နှစ်ကုန်စတင်မည်ဟု ယင်းဆေးကုမ္ပဏီက ဇွန်လ အတွင်း ကတည်းက သတင်းထုတ်ပြန်ထားသည်။ စျေး နှုန်းအားဖြင့်  တစ်လုံး ၄ ဒေါ်လာသာ ကျသင့်မည်ဖြစ်သည်။ ယင်းဆေး၏ အားသာချက်သည် အသက် ၇၀ ကျော်များအတွက် အကောင်းဆုံးတုန့်ပြန်မှု ရလဒ်များကို ရရှိနေကြောင်း၊ အားသာချက် တစ်ခုဖြစ်ကြောင်း၊ အောက်စ်ဖို့ သိပ္ပံပညာရှင် ဒေါက်တာအင်ဒရူးပိုလာက ပြောသည်။

Oxford-AstraZeneca ကဲ့သို့ ပင်  အမေရိကန် Johnson & Johnson မှ ထုတ်လုပ်သည့် ကာကွယ်ဆေး ကိုလည်း မကြာခင် တရားဝင်ထုတ်ပြန်တော့မည် ဖြစ်သည်။ ယင်းဆေးသည် အမေရိကန်ဒေါ်လာ ဆေး ၂ လုံးစာ အတွက် ၁၀ ဒေါ်လာသာ ကုန်ကျမည်ဖြစ်ပြီး သာမန်ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားနိုင် သည်ဟု ဆိုသည်။

တရုတ်နိုင်ငံ  Sinovac ထုတ် CoronaVac ကမူ  လူတစ်ဦးလျှင် ဆေး ၂ လုံးစာ  ဒေါ်လာ ၆၀ ကုန်ကျမည် ဖြစ်ပြီး သာမန် ရေခဲသေတ္တာထဲတွင် ၃ နှစ်အထိ သိမ်းဆည်းထားနို်င်သည်ဟု ဆိုသည်။ ရုရှားထုတ် Sputnik V ဆေးလည်းထွက်ပြီး သာမန် ရေခဲသေတ္တာထဲတွင် ထည့်ထားနိုင်သည်။

ကာကွယ်ဆေးများ အပြိုင်အဆိုင် ပေါ်ထွက်လာပြီး ဆေးစျေးနှုန်းများ သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ဘီလ်ဂိတ် အပါအဝင် ကျန်းမာရေးအကြံပေးများက ဆင်းရဲသည့်နို်င်ငံများအတွက် သင့်တော်သည့် စျေးနှုန်း သတ်မှတ်ပေးရန် တောင်းဆိုထားကြကြောင်း  အောက်တိုဘာလအတွင်းက Financial Time သတင်းက ဖော်ပြသည်။ 

“ဆင်းရဲတဲ့နို်င်ငံတွေအတွက် ချမ်းသာသောနိုင်ငံများက ဆေးစရိတ် ထောက်ပံ့မျှခံပေးတာမျိုး လုပ်သင့် ပါတယ်။ ဥပမာအားဖြင့် အနည်းဆုံး ဆေးတစ်လုံးစာအတွက် ၃ ဒေါ်လာလောက်ထားပေးလို့ရရင် ကောင်းမယ်” ဟု  ဘီလ်ဂိတ်က ပြောဆိုသည်။

“ကာကွယ်ဆေးတွေ အောင်မြင်လာပြီဆိုရင် လက်လှမ်းမီတဲ့နေရာတိုင်းမှာ ရအောင်လုပ်ပေးနိုင်ပြီး စျေးနှုန်း ကလည်း အသင့်အတင့် အရင်းစျေးလောက်နဲ့ပဲ ဖြန့်ဖြူးပေးသင့်ပါတယ်။ ဒါကို ကျွန်တော် ဆေးကုမ္ပဏီ ၂ ခု ကိုလည်း ပြောထားပြီးသားပါ။ အကျိုးအမြတ်ဆိုတာက ကုန်ပစ္စည်းပေါ်က မဟုတ်ဘဲ လူသားကောင်းကျိုးကို လုံးဝ ဖြည့်စွက်ပေးလိုက်တာပါပဲ” ဟု ကျန်းမာရေး ပရဟိတတစ်ဦးဖြစ်လာသည့် မိုက်ကရိုဆော့ဖ် ကုမ္ပဏီ သူဌေးကြီး ဘီလ်ဂိတ်က ပြောသည်။

ယင်းသို့ ကာကွယ်ဆေးများအပြိုင်အဆိုင် ထွက်ပေါ်လာသော်လည်း အရေးပေါ် သုံးစွဲခွင့်ရသည့် ဆေးအဖြစ် သုံးစွဲရန်ကိုမူ သက်ဆိုင်ရာများထံမှ ထောက်ခံချက် မရသေးပေ။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများကို ကာကွယ်ဆေး ထောက်ပံ့ပေးနေသည့် Gavi, The Vaccine Alliance ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယင်းအဖွဲ့၏ အရှေ့တောင်အာရှ ဒေသနှင့် အရှေ့ပစိဖိတ်ဒေသဆိုင်ရာ ဘုတ်အဖွဲ့ဝင် အဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်ဟု အစိုးရ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သူ အိန္ဒိယနိုင်ငံ၏   Serum Institute မှ Chief Executive ဖြစ်သူ Adar Poonawalla က “ Oxford-AstraZeneca  ဆေးက နောက်နှစ် ဖေဖော်ဝါရီနဲ ့ဧပြီမှာ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ သက်ကြီး ရွယ်အိုတွေအတွက် ဆေးရမှာပါ။ ကျွန်တော်တို့ ဆီမှာတော့ လူတစ်ယောက်စာ ရူပီး ၁,၀၀၀ လောက်နဲ့တော့ ရနို်င်ပါတယ်၊ သူတို့က အမြတ်ကို ပါးပါးလေးပဲယူပြီး တစ်လုံးကို အမေရိကန် ဒေါ်လာ ၃ ဒေါ်လာလောက်နဲ ့ထုတ်ရောင်းမယ်ပြောတယ် “ ဟုThe Time of India တွင် ပြောဆိုထားသည်။

မကြာသေးမီက ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်များအရ ပြည်သူ ့ မေတ္တာအပြည့်အဝ ခံယူထားသည့် NLD အစိုးရ အနေဖြင့် မည်သည့်နိုင်ငံထုတ် ကာကွယ်ဆေးကို မည်သည့်စျေးနှုန်းဖြင့် မည်သည့်အချိန်တွင် ရရှိအောင် စွမ်းဆောင်ပေးနိုင်မည်ကို စောင့်ကြည့်ရမည်သာ ဖြစ်ပါသည်။

Source

DTYA

The Ladies News

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု