စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
============================
အိအိမွန်
မုံရွာ၊နိုဝင်ဘာ-၂၃
မုံရွာမြို့တွင် လက်တွန်းလှည်းဖြင့် အကင်လှည့်လည်ရောင်းချနေသည့် အမျိုးသားတစ်ဦး အနံ့ပျောက်နေသည့်အတွက် ယနေ့မနက်တွင် မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါ အမျိုးသားသည် ခရီးသွားရာဇဝင်မရှိသကဲ့သို့ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော ပိုးတွေ့လူနာများနှင့်လည်း ထိတွေ့မှု မရှိကြောင်း သိရသည်။
" သူက fever clinic ကို လာပြတယ်။ ကျွန်တော်တို့အဖွဲ့က ကားနဲ့ ဆေးရုံကြီးကို ပို့ပေးလိုက်ပါတယ်"ဟု မြန်မာနိူင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့နယ်ရုံး)မှ အတွင်းရေးမှူးဦးဇော်ကိုကိုဦးက ပြောသည်။
အဆိုပါ အမျိုးသားမှာ အသက် ၅၀ကျော်အရွယ်ဖြစ်ပြီး ဆူးလေကုန်းရပ်ကွက်မှ ဖြစ်သည်။
ယခု မွန်းလွဲပိုင်းရရှိသည့် သတင်းအရ အဆိုပါ အမျိုးသားမှာ သုံးရက်ဆက်တိုက်ဖျားနေပြီး တရက် အနံ့ပျောက်သွားသည့်အတွက် Test kit စစ်ဆေးမည်ဟု သိရသည်။
မုံရွာတွင် ပြီးခဲ့သည့်လက အနံ့ပျောက်၍ ဆေးရုံလာတက်သူ နှစ်ဦးအနက် တစ်ဦးတွင် ပိုးတွေ့ရှိခဲ့ပြီး ကျန်တစ်ဦးတွင် ပိုးမတွေ့မဖြေထွက်ခဲ့ဖူးသည်။
မုံရွာတွင် လက်ရှိ ကိုဗစ်အတည်ပြုလူနာ ၃၈ဦးရှိပြီး ၃၆ဦး ဆေးရုံမှ ဆင်းပြီး ဖြစ်သည်။
#MonywaGazette #COVID19 #မုံရွာ
Comments
Post a Comment