စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

စွန့်စားလိုက်ပါ


 

 စွန့်စားလိုက်ပါ

--------------


လူတစ်ယောက် ကန္တာရထဲတွင် လမ်းပျောက်နေသည်။ ရေဆာလွန်းသောကြောင့် စိတ်လွတ်ကာ သေချင် လောက်အောင်ဖြစ်နေသည်။




ရေမသောက်ရရင် လမ်းမလျှောက်နိုင်တော့ဘူး ... ငါသေတော့မယ်




သူလဲကျသွားသည်။ အားတင်းပြီး ပြန်ထလိုက်ချိန်တွင် အဝေး၌ အိမ်တစ်လုံးကို မြင်လိုက်ရသည်။ သူက ကြိုးစားပြီး ထိုအိမ်ကိုရောက်ရန် လျှောက်လာခဲ့သည်။




အိမ်ကား လူမနေသည့်အိမ်ဖြစ်သည်။ စွန့်ပစ်သွားသည်မှာ ကြာပြီထင်သည်။ တံခါးတွေကလည်း ပျက်နေ သည်။




အိမ်ရှေ့တွင် လက်နှိပ်ရေပန့်လေးတစ်ခုကို တွေ့လိုက်ရသောကြောင့် သူအားတက်သွားသည်။ လက်နှိပ် ရေပန့်ကလေးကို ရေတွင်းအပေါ်တွင် တပ်ဆင်ထားသည်။ ရေတွင်းကနက်သည်။ သို့သော် ရေပန့်နှင့် ရေတွင်း အောက်ကို ပိုက်နှင့်ဆက်ထားသည်။




သူက ဝမ်းသာအားရနှင့် ရေပန့်ကို သွားနှိပ်သည်။ အကြိမ်ပေါင်းများစွာ နှိပ်သည်။ ရေလိုက်မလာ။




စိတ်ပျက်စွာ ထိုင်ချလိုက်သည်။ သူနှင့် မလှမ်းမကမ်းတွင် ရေပုံးလေးတစ်လုံးကို တွေ့လိုက်ရသည်။ သူက ရေပုံးဆီသွားကာ ကြည့်လိုက်သည်။ ရေပုံးထဲကိုကြည့်လိုက်ရာ ရေတွေရှိနေသည်။ သူက ရေကို သောက်မည် ပြုစဉ် ကန်ဘောင်တွင် ရေးထားသော စာတစ်စောင်ကို တွေ့လိုက်ရသည်။




မိတ်ဆွေ




ပုံးထဲကရေသည် ရေပန့်အတွက် ရေချူရန်ဖြစ်သည်။




ရေပန့်ထဲသို့ ပုံးထဲကရေကိုထည့်ပြီး လက်ဆွဲပန့်ကို နှိပ်ကာ ရေကို ဝလင်စွာ သောက်သုံးနိုင်သည်။




သင်ရေဝအောင် သောက်ပြီးလျှင် ပုံးထဲကို ရေပြန်ဖြည့်ခဲ့စေလိုပါသည်။




နောက်လူအတွက်ဖြစ်သည်။




ရေငတ်နေသူ စဉ်းစားသည်။ သူက ရေပုံးထဲမှ ရေကို သောက်လိုက်လျှင်ရသည်။ ရေကို သောက်ပြီး အသာလေး ထွက်သွားရုံသာဖြစ်သည်။ 




သူ့စိတ်ထဲတွင် ဖြစ်ပေါ်လာသည့်အတိုင်း ရေသောက်ရန် ပြင်ပြီးမှ မတ်တတ် ထလိုက်ကာ ရေပုံးထဲမှ ရေကို ပန့်ရေချူပေါက်ထဲလောင်းထည့်လိုက်သည်။ 




ထို့နောက် လက်တံကို နှိပ်လိုက် သည်။ 




ရေတွေက ဝေါခနဲကျလာသည်။ 




သူက ရေတွေကို ဝအောင်သောက်သည်။ တစ်ကိုယ်လုံး အေးအောင် လောင်းသည်။ ထို့နောက် ပုံးထဲကို ရေအပြည့် ထည့်ခဲ့ကာ ခရီးဆက်သည်။ 




သင်သာ ကန္တာရထဲတွင် လမ်းပျောက်နေသူဖြစ်လျှင်




 ရေပန့်ကိုတွေ့ပြီး ရေဆာနေသည်ဆိုပါက ဘာလုပ် မည်နည်း။




ရေပန့်ထဲကို ရေထည့်လိုက်တိုင်း ရေထွက်ချင်မှ ထွက်လာပါလိမ့်မည်။ သံသယတော့ ဖြစ်နိုင်သည်။




သို့သော် အရေးကြီးသည်က ယုံကြည်မှုဖြစ်သည်။




ပန့်ထဲကိုရေချူပေါက်ကတစ်ဆင့် ရေထည့်လိုက်လျှင် ရေတွေ ထွက်ကို ထွက်လာလိမ့်မည်ဆိုသော ယုံကြည်မှု လိုသည်။




ထို့ပြင် ပုံးထဲကရေကို သောက်ပြီးတော့ ထွက်သွားမည်လား




ကိုယ့်လို ရေငတ်လာမည့် နောက်လူအတွက် ရေတစ်ပုံးထားခဲ့မည်လား




လူသားပီသစွာ စဉ်းစားနိုင်ရန် အရေးကြီးသည်။ 




ရေထည့်လိုက်လျှင်




ရေထွက်ရမည်




ရေထွက်လာလျှင်




ကိုယ်တိုင်လည်း သောက်သုံး




နောက်လူအတွက်လည်း အသက်ဆက်နိုင်စေရန် မျှဝေခဲ့နိုင်မည်။




လူသားဆန်စွာ ကောင်းမြတ်သည့်စိတ်ထားဖြင့် စွန့်စားကြရမည်သာဖြစ်သည်။




မိမိစွန့်စားမှုသည် နောက်လူများအတွက်လည်း ဖြစ်စေရမည်။




(The Pump and Man) 




တင်ညွန့်




၈.၉.၂၀၂၀

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု