စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

မန်းမြို့တော် ပေါက်စီဆိုင်ပိုင်ရှင် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်



 မန်းမြို့တော် ပေါက်စီဆိုင်ပိုင်ရှင် ကိုဗစ်ရောဂါနဲ့သေဆုံး


နို၀င်ဘာ ၂၇-၂၀၂၀

Voice Of Myanmar


မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဘူတာကြီးရှေ့က မန်းမြို့တော်ပေါက်စီဆိုင် ပိုင်ရှင် အသက် ၆၀အရွယ် အမျိုးသားကြီးဟာ ကိုဗစ်ရောဂါကူးစက်ခံရပြီး ဒီကနေ့မနက် အစောပိုင်းမှာပဲ ဆေးကုသမှုခံယူနေရင်းသေဆုံးခဲ့တယ်လို့  သိရပါတယ်။


"မန်းမြို့တော်ပေါက်စီဆိုင်ပိုင်ရှင်က ဒီကနေ့မနက် ၆:၃၀လောက်မှာ ဆုံးသွားတာပါ၊ ICU မှာ တက်ရောက်ကုသနေတဲ့ မန္တလေးမြို့က နာမည်ကြီးပေါက်စီဆိုင်ပိုင်ရှင်ဖြစ်ပါတယ်"လို့ အမည်မဖော်လိုသူ ဆေးရုံ၀န်ထမ်းတစ်ဦးက အတည်ပြုပြောပါတယ်။


မန်းမြို့တော်ပေါက်စီဆိုင်ပိုင်ရှင်ဟာ နို၀င်ဘာ ၁၂ရက်နေ့က ကိုဗစ်ပိုးတွေ့ပြီး မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က ဧရာ၀တီ ကိုဗစ်ကုသရေးစင်တာမှာ ဆေးကုသမှုစတင်ခံယူနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


နို၀င်ဘာ ၁၃ရက်နေ့မှာတော့ ပေါက်စီဆိုင်က ၀န်ထမ်း အယောက် ၆၀ ကျော်ကို ကွာရန်တင်း၀င်ဖို့ ခေါ်ဆောင်သွားပြီး စစ်ဆေးကြည့်ရာ ၀န်ထမ်း ၁၁ ဦးမှာလည်း ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။


ဒါ့အပြင် ဆိုင်ပိုင်ရှင်ရဲ့ မိန်းမဖြစ်သူနဲ့ သားဖြစ်သူကလည်း ကိုဗစ်ပိုးကူးစက်ခံရပြီး ဒီကနေ့မှာ ရောဂါပျောက်ကင်းတဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ရမယ်လို့လည်း သိရပါတယ်။


မန္တလေးတိုင်းမှာ မနေ့ နို၀င်ဘာ ၂၆ရက် ညနေပိုင်းထိ ကိုဗစ်အတည်ပြုလူနာ ၄၉၅၆နဲ့ သေဆုံးသူ ၂၇ဦးထိ ရှိပြီဖြစ်ပါတယ်။


#voiceofmyanmar #VOM #မန္တလေး #မန်းမြို့တော်ပေါက်စီဆိုင်ရှင် #ကိုဗစ်နဲ့သေဆုံး

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု