စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
.ညီမလေးဖတ်ဖို့ရေးတဲ့ကဗျာ.
ဖြစ်ရပ်မှန်ပေါ်အခြေခံပါသည်
တစ်ချို့တွေကတော့ထင်ကောင်းထင်ကြပါလိမ့်မည်
ဒီလောက်ထိကြေကွဲဖွယ်ကောင်းတာဟာ
ယုတ္တိမရှိဘူးဆိုပြီး...
ကျွန်တော်လည်းတစ်ချိန်က
အဲ့သည်လိုမျိုးထင်ခဲ့ဖူးတာပါ...
ဘဝမှာချစ်ရသူတွေကိုဆုံးရှုံးရတာ
အထူးအဆန်းမဟုတ်တော့ပေမယ့်
အခုတစ်ခါဆုံးရှုံးမှုမှာ
မျက်ရည်ကျတာနည်းနည်းထူးဆန်းတယ်
လိုတာထက်ပိုပြီးနာကျင်သွားဟန်တူပါရဲ့...
ဟိုး...တောင်ထိပ်ဆီ
အပြုံးတစ်ပွင့်ပွင့်တယ်ကြားလို့
ခေါက်ရိုးကျိုးနေတဲ့ကြားထဲကနေ
စက္ကူငှက်လေးအဖြစ်နဲ့ပျံတက်ခဲ့တာ
လမ်းခုလတ်မှာမိုးမိသွားတာကတော့
ရာသီဥတုအပြစ်
ညီမလေးအပြစ်မဟုတ်ဘူး...
ထားလိုက်ပါ..ကျွန်တော့်ထိကရုဏ်းလေး
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါစေ
ဖူးစာမပါဘူး...မထိုက်တန်ဘူး
ဒီလိုပဲသတ်မှတ်လိုက်ကြရအောင်...
ဒိုင်ယာရီမရေးဖြစ်တဲ့ကာလတွေဆိုရင်
ဝေးသွားပြီးတည်းက
နောက်ဆက်တွဲဖြစ်ရပ်မှန်သမျှပဲဆိုပါတော့
ဘဝမှာပျော်စရာတွေချည်း
သီးသီးသန့်သန့်ရှိတဲ့အရာတစ်ခုကိုတော့
ပိုင်ဆိုင်သင့်တယ်မဟုတ်လား...
ညီမလေးရေ...
ကိုယ်တို့ပြန်မဆုံနိုင်ကြတော့ဘူး
ပိုပြီးဝမ်းနည်းစရာကောင်းတာက
ကိုယ်ဟာချစ်ခြင်းမေတ္တာကို
အယုံအကြည်မရှိသူတစ်ဦး
ဖြစ်မှန်းမသိဖြစ်နေပြီ
ကမ္ဘာကြီးအတွက်တော့ရင်လေးစရာ..
မျှော်လင့်ထားသမျှဖြစ်မြောက်ခဲ့လို့
အတိုင်းမသိဝမ်းသာရပါတယ်
အချိန်တန်ရင်နေခဲ့ရမှာပဲလို့တွေးထားတာ
အချိန်တန်တော့လည်း
တကယ်နေခဲ့ရတာပါပဲ...
တစ်နေ့နေ့ပေါ့ညီမလေးရယ်
ဒီနေ့မဟုတ်တဲ့တစ်နေ့နေ့တော့
မေ့နိုင်သွားမှာပေါ့
မနက်ဖြန်မနက်ရောက်ရင်လည်း
ဒီအသိနဲ့ပဲနိုးထပါဦးမယ်...
အချစ်ဦးနဲ့လွဲခဲ့သလို
အချစ်ဆုံးနဲ့လည်းကွဲခဲ့ရသူပါ
ဒီနာမ်စားနှစ်ခုလုံးဟာ
လူသားတစ်ဦးတည်းကိုရည်ညွှန်းကြောင်း
အခုချိန်ထိဘယ်သူ့ကိုမှပြောမပြဖြစ်ဘူး...
ဒီတစ်ခေါက်ဆောင်းမှာ
သဇင်တွေမပွင့်ဘူးညီမလေးရေ...
လွန်လေပြီးသောသက္ကရာဇ်တွေအပါအဝင်ဆို
သုံးနှစ်တင်းတင်းတောင်ပြည့်တော့မယ်
သဇင်တွေမပွင့်တာပြောပါတယ်...
ပြန်တည်ဆောက်ဖို့ကိစ္စတွေ
အသာထားပါဦး
ထပ်ပြီးပြိုကျမသွားဖို့တောင်
ကိုယ့်မှာမနည်း...
အစဉ်အမြဲပြုပြင်မွမ်းမံခဲ့ပေမယ့်
ခဏလေးအတွင်းပျက်စီးသွားတော့လည်း
ယူကြုံးမရဖြစ်ရုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့
'ပြင်အစဉ်ပျက်ခဏ'ပါကွာတဲ့
သဲရဲတိုက်လေးနောက်ဆုံးပြောသွားခဲ့တာ...
ကိုယ်ကခွင့်လွှတ်ပေမယ့်
လောကကြီးကထင်သလောက်
စေတနာကောင်းချင်မှကောင်းမှာ...ကလေးရဲ့
ခြေလှမ်းတိုင်းကိုဂရုစိုက်ပါ
သူချစ်ကိုရှာပါ
စိတ်ထဲတကယ်ရှိမှသစ်ပင်စိုက်ပါ
ကမ္ဘာမြေစိမ်းလန်းပါစေ...
မြို့ပြရဲ့လမ်းမတွေပေါ်
ဖိနပ်ကြိုးပြေတဲ့အခါ
ငိုမဲ့မဲ့လုပ်မနေပါနဲ့တော့
ဘဝရဲ့အဓိပ်ပါယျနားလညျတတျပွီလို့ပဲ
စိတ်ချလိုက်ချင်တယ်...
ဒီကဗျာကိုဖတ်ပြီးသွားရင်
ချက်ချင်းမီးရှို့ဖျက်ဆီးလိုက်ပါ
အကြောင်းအရာတစ်ခုကြောင့်
ထပ်တလဲလဲဝမ်းနည်းတယ်ဆိုတာ
လူညံ့တွေအလုပ်
ငါ့ညီမလေးကလူညံ့မဟုတ်ဘူး...လူတော်
ကျွန်တော့်ကိုမရွေးချယ်ခဲ့တာပဲ...ကြည့်...
အလင်းသင်
4.10.2019
(5:43 P.M)
Comments
Post a Comment