စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ကိုဗစ်ကာကွယ်ဆေး နိုင်ငံတိုင်းမျှမျှတတဖြန့်ချိပေးရန်နှင့် အဆင်းရဲဆုံးနိုင်ငံများကို ကူညီရန် ဂျီ-၂၀ ခေါင်းဆောင်များ ကတိပြု


 ဘေဂျင်း၊ နိုဝင်ဘာ ၂၂


စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀ မှ ခေါင်းဆောင်များသည် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သော ကာကွယ်ဆေးများ၊ဆေးဝါးများကို ကမ္ဘာတစ်ဝန်း မျှမျှတတဖြန့်ဝေပေးရေးနှင့် Covid-19 ရိုက်ခတ်မှုဒဏ်မှ နာလန်ပြန်ထူရန်ရုန်းကန်နေရသည့် ဆင်းရဲသောနိုင်ငံများအတွက် လိုအပ်သည်များကို အထောက်အပံ့ပေးနိုင်ရေးတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကတိပြုခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြသည်။


“တီထွင်ဆန်းသစ်မှုတွေကို မက်လုံးပေး စွဲဆောင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သန္နိဋ္ဌာန်နဲ့အညီ လူတိုင်းအတွက် တန်းတူညီမျှဖြစ်ပြီး တတ်နိုင်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ”ဟု ဂျီ-၂၀ ကြေညာထုတ်ပြန်ချက်မူကြမ်းတွင် နိုင်ငံခေါင်းဆောင်များက ရေးသားထားသည်။


အလှည့်ကျဥက္ကဋ္ဌ ဆော်ဒီအာရေဗျ နိုင်ငံဦးဆောင်ကာ နှစ်ရက်တာ ကျင်းပသည့် ဂျီ-၂၀ ညီလာခံ ပထမတစ်ရက်တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအပြင် ယင်းနှင့်အတူဒွန်တွဲနေသည့် ကမ္ဘာတစ်ဝန်းနိုင်ငံများ ပြန်လည်နာလန်ထူနိုင်ရေးကိစ္စများသာ အများဆုံးဆွေးနွေးခဲ့ကြသည်။ လာမည့်လတွင် အီတလီက အလှည့်ကျ ဥက္ကဋ္ဌနေရာ ဆက်ခံရမည်ဖြစ်သည်။


ယခုနှစ်တွင် ကမ္ဘာတစ်ဝန်းနိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများ Covid-19 ကြောင့် တစ်နှစ်လုံးနီးပါး ရပ်တန့်ခဲ့ရပြီး ၂၀၂၁ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန်ထူနိုင်ရန် ကြိုးစားအားထုတ်မှုများ လိုအပ်နေသည်မှာ အဓိကပင်ဖြစ်သည်။


“ကျွန်တော်တို့ လူတိုင်းအတွက် အဲ့ဒီကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ပစ္စည်း ဆေးဝါးတွေကို တတ်နိုင်တဲ့နှုန်းထားနဲ့ ညီညီမျှမျှဖြစ်အောင် လုပ်ဆောင်ပေးရပါမယ်”ဟု ဆော်ဒီအာရေးဗျဘုရင် ဆယ်လ်မန်ဘင်အက်ဘ်ဒူလာဇစ်က အဖွင့်အမှာ စကားတွင် ပြောကြားခဲ့သည်။


ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြီးကြောင့် ကမ္ဘာတစ်ဝန်းချမ်းသာသောနိုင်ငံနှင့် ဆင်းရဲသောနိုင်ငံများအကြား ခွဲခြားဆက်ဆံမှုများ အလွန်ဆိုးရွားလာနိုင်ကြောင်းကို ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များက စိုးရိမ်လျက်ရှိသည်ဟုဖော်ပြခဲ့ကြသည်။


"လူချမ်းသာတွေကပဲ ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ပြီး ပုံမှန်ဘဝပြန်စနိုင်တဲ့ အမြန်နှုန်းနှစ်မျိုးဖြစ်နေတဲ့ ကမ္ဘာမျိုးကနေ ရှောင်လွှဲနိုင်ဖို့ အစွမ်းကုန်ကြိုးစားရပါမယ်" ဟု ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် ကပြောကြားခဲ့သည်။

Source - http://thevoicemyanmar.com/news/44629-sin

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု