စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၂၅၀,၀၀၀ ကျော်လာ
--------------------------------
November 21, Saturday
(Hot News)
NBC ရဲ့ဗုဒ္ဓဟူးနေ့သတင်းထုတ်ပြန်ချက်တွေအရ အမေရိကန်နိုင်ငံမှာ သေဆုံးသူဦးရေ ၂၅၀,၀၀၀ ရှိသွားပြီဖြစ်ကြောင်း မှတ်တမ်းတင်ထားပါတယ်။ နိုင်ငံတစ်ဝှမ်းမှာလည်း မကြာသေးမီအပါတ်က သေနှုန်းတွေမြင့်တက်လာခဲ့ပါတယ်။ သေဆုံးသူ ၂၅၀,၀၀၀ ကို ဗုဒ္ဓဟူးနေ့မနက်မှာ အချက်အလက်နဲ့တကွ သတင်းထုတ်ပြန်ထားခဲ့ပါတယ်။
လွန်ခဲ့တဲ့လေးပတ် အောက်တိုဘာလအစောပိုင်းမှာ သေဆုံးသူ တစ်ရက်ကိုအပတ်စဉ်ပျမ်းမျှ ၈၂၁ ယောက်ကနေ ၁,၁၆၇ ယောက်ထိတက်လာပြီးသေဆုံးသူနှုန်း ၄၂ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တရုတ်ကနေ ကူးစက်လာတည်းကစပြီး လူတွေတစ်ခါမှမမြင်ဘူးတဲ့ လျင်မြန်မှုနှုန်းနဲ့ သေဆုံးခဲ့ကြပါတယ်။ ကပ်ရောဂါတွေဟာ လာမဲ့ဆောင်းရာသီအားလပ်ရက်တွေမှာ ကူးစက်မှုကျသွားဖို့ အရိပ်ရောင်မတွေ့တဲ့အပြင် ကူးစက်ခံရမှုတွေကလည်း လျင်မြန်စွာမြင့်တက်လာပြီး သေချာတဲ့ဆေးတွေကလည်း ထွက်ရှိလာဖို့ လအနည်းငယ်လောက်လိုပါသေးတယ်။
ထပ်တိုးသေဆုံးမှုတွေတက်လာတဲ့ အမေရိကန်ကတော့ ကမ္ဘာမှာကူးစက်မှုအများဆုံးနဲ့ ဦးဆောင်နေပါတယ်။ ကူးစက်မှုနှုန်းတွေ အဆမတန်များပြားလာတာကြောင့် အခုဆိုရင် အမေရိကန်နိုင်ငံက စိုးရိမ်စရာ အခြေအနေဖြစ်နေပါပြီ။
ဝါရှင်တန်ဒီစီ၊ဗာဂျင်ကျွန်းတို့ အပါအဝင်ပြည်နယ်ပေါင်း ၅၀ ဟာ လွန်ခဲ့တဲ့နှစ်ပတ်အတွင်း ကူးစက်မှုတွေတက်လာကြောင်း ဗုဒ္ဓဟူးနေ့မှာ နောက်ဆုံးရသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆေးရုံတွေ၊ဆရာဝန်တွေ၊သူနာပြုတွေနဲ့ဖျားနာတဲ့သူတွေအားပြိုင်နေကြတာဟာအရေးကြီးတဲ့အခြေအနေရောက်နေပါပြီ။
သူတို့အနေနဲ့ပြည်သူတွေကို Mask တပ်ဖို့နဲ့ Social Distancing လုပ်တဲ့နေရာမှာပါဝင် ကူညီပေးမှဖြစ်တော့ မှာပါ။ Mask တပ်ဖို့ကိုငြင်းဆန်မှုတွေလုပ်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ တုန့်ပြန်မှုကိုမေးတဲ့အခါ သူမက "ဒီပြဿနာဟာနိုင်ငံရေးပြဿနာတစ်ခုဖြစ်လာတာ အံ့ဩတယ်လို့ဆိုပါတယ်။ တုတ်ကွေးပိုး၊နှလုံးရောဂါ၊ကျောက်ကပ်ရောဂါဒါတွေဟာ နိုင်ငံရေးမဟုတ်ဘူး လူတစ်ဦးတစ်ယောက်ကို ကာကွယ်ဖို့အတွက် မျက်နှာဖုံးတပ်ထားတာပဲဖြစ်ပါတယ်။ သင်သိတဲ့သူသင့်ဘေးကလူ၊ သင်နားက လူတွေပါနို င်ငံရေးထဲပါဝင်လာကြရတယ်" လို့သူမကပြောပါတယ်။
"သမ္မတ ထရမ့်ကဘိုင်ဒန်အနိုင်ရတာကို လက်မခံနိုင်ပဲ ဆက်နှောက်ယှက်နေလို့ ဒီလိုမျိုး ကူးစက်မှုမြင့်တက်နေတာ တွေကမကျသွားတာ။ အဲ့ဒီအကျိုးဆက်ကတော့ ဒီမိုကရက် ကိုဗစ်-၁၉ အဖွဲ့ဟာ ဒုတိယသမ္မတဦးဆောင်တဲ့ အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ်ကိုင်တွယ်ရေးဆီက ဘာသတင်းအချက်အလက်မှမယူပဲနဲ့ ဒီတာဝန်ကိုယူဖို့အတွက်ပြင်ဆင်ကြိုးစားနေပါတယ်။
ကျွန်တော်တို့အဖွဲ့ကသူတို့နဲ့ဆက်သွယ်လို့မရဘူး။ မကြာခင်မှာ ဘိုင်ဒန်ရဲ့အဖွဲ့က ဒီမေးခွန်းတွေနဲ့ပတ်သတ်ပြီးတော့ ဆက်လက်လုပ်ဆောင်ဖို့ အရာရှိတွေနဲ့တွေ့ဆုံမှာပါ"လို့ ဘိုင်ဒန်ရဲ့အဖွဲ့ဝင်ဒေါက်တာဒေးဗစ်ကပ်စ်လာကပြောပါတယ်။
ထရမ့်အဖွဲ့တွေက သတင်းအချက်အလက်တွေကို အသေအလဲရှာဖွေနေပါတယ်။
အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအဖွဲ့ အခြေအနေတွေက တော်တော်ပြင်းထန်နေပါပြီ တစ်နိုင်ငံလုံကိုလည်း ပျံ့နှံ့နေပြီး သက်သေပြလို့မရပေမဲ့ အခြေအနေတွေကတော့ ပိုဆိုးလာပြီလို့ဆိုပါတယ်။ အိမ်ဖြူတော် အဖွဲ့အနေနဲ့ပျံ့နှံ့မှုကို တားဆီးဖို့ကြိုးစားနေတာတွေက မလုံလောက်ပါဘူး။ ဒါပေမဲ့လာမဲ့ကျေးဇူးတော်နေ့မှာတော့ အစိုးရအပြောင်းအလဲလုပ်ဖို့ အလားအလာရှိပါတယ်။
ထရမ့်ရဲ့ကပ်ရောဂါအကြံပေးဖြစ်တဲ့ဒေါက်တာစကော့အက်လတ်ကအဲ့ဒီသတင်းစကားကိုငြင်းဆန်ခဲ့ပါတယ်။ ဒီတစ်ပတ် Fox News မှာအင်တာဗျူးတဲ့အခါ ကျေးဇူးတော်နေ့ကို မိသားစုစုံစုံလင်လင်နဲ့စုဝေးကြဖို့တိုက်တွန်းခဲ့ပြီးတော့ သေဆုံးမှုမြင့်မားတဲ့ သတင်းအခြေအနေတွေကိုပေးတဲ့အခါမှာ ဖြေဖို့အတွက်ငြင်းဆန်ခဲ့ပါတယ်။
"လူတွေသေဆုံးနေကြပါတယ်၊ ဒါပေမဲ့ အဲ့လိုသေဆုံးနေတာတွေက နွေဦးတုန်းကဖြစ်သလိုထပ်ဖြစ်မှာမဟုတ်ပါဘူး" လို့အက်လတ်စ်ကဆိုပါတယ်။
ကူးစက်ရောဂါမှာအကျွမ်းတဝင်မရှိတဲ့ ရှေးရိုးစွဲတတ်တဲ့ အက်လက်စ် ကို ကိုယ်ခံအားနဲ့ပတ်သတ်တဲ့သတင်း အမှားတွေ ကူးစက်မှုကာကွယ်ဖို့ Mask တပ်ဆင်တဲ့အခါရရှိမဲ့ထိရောက်မှုကို သတင်းအမှားတွေပေးတာနဲ့ ပတ်သတ်ပြီးတော့ စွဲချက်တင်ထားပါတယ်။ ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ဖို့အတွက် အဖွဲ့အစည်းနဲ့ကမ္ဘာ့ကျန်ူးမာရေးပညာရှင်တွေက Mask တပ်ဆင်တာက တပ်ဆင်သူကိုရော အခြားလူတွေကိုပါ ကူးစက်ရောဂါက ကာကွယ်ပေးပါတယ်လို့ဆိုပါတယ်။
Source - NBC News
ဘာသာပြန် - Hein Zarni Oo
#NewsWaves
{Zawgyi}

Comments
Post a Comment