စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ဂုဏ္သိက္ခာ


 

 ကင်ညာအပြေးသမား မူတိုင်းဟာ ပန်းတိုင်ရောက်ဖို့ မီတာအနည်းငယ်လောက်အလိုမှာ သူ့ရှေ့က မျှဉ်းတခုကိုကြည့်ပြီး ပန်းတိုင်ရောက်ပြီအထင်နဲ့ ရပ်လိုက်ပါတယ်။ ဒါကိုသူ့နောက်ကပ်လျက်မှာ လိုက်လာနေတဲ့ စပိန်လူမျိူးအပြေးသမားက သူ့ကိုပန်းတိုင်မရောက်သေးကြောင်း ဆက်ပြေးရမည် ဖြစ်ကြောင်း သူတတ်တဲ့ စပိန်ဘာသာစကားနဲ့ အော်ဟစ်သတိပေးလိုက်ပါတယ်။ 



ဒါပေမယ့် မူတိုင်းဟာ စပိန်စကားနားမလည်တာကြောင့် ဒီအတိုင်းပဲ ဆက်ရပ်နေမိတယ်။ ဒါကို စပိန်အပြေးသမားက သဘောပေါက်မိလိုက်တာနဲ့ ကင်ညာအပြေးသမား မူတိုင်းကို နောက်ကနေတွန်းပေးလိုက်ခြင်းအားဖြင့် ပန်းoင်အောင်ကူညီပေးလိုက်တယ်။ တကယ်တော့ သူဟာ ကင်ညာအပြေးသမားကို ကျော်တက်ပြီး ပန်းoင်သွားရင်ရပါတယ်။ ဒါပေမယ့် သူမလုပ်ခဲ့ပါ။ 




နောက်ပိုင်းပြိုင်ပွဲအပြီးမှာ စပိန်အပြေးသမားကို သတင်းသမားတွေက ဘာကြောင့် အခုလိုလုပ်လိုက်တာလဲဆိုပြီးမေးကြတော့ စပိန်အပြေးသမားက " ကျွန်တော့စိတ်ကူးထားတဲ့ လူအဖွဲ့အစည်းဆိုတာ ကိုယ့်ကိုကိုယ်တွန်းအားပေးကြရင်း တယောက်ကိုတယောက်ကူညီဖေးမခြင်းဖြင့် အောင်မြင်မှု ရစေဖို့ပါ" ဆိုပြီးဖြေကြားလိုက်ပါတယ်။ 




နောက်သတင်းထောက်တယောက်က " ဘာကြောင့် ခင်ဗျားက အနိုင်ယူလိုက်ရင်ရသားနဲ့ ကင်ညာကစားသမားကို နိုင်အောင်လုပ်ပေးလိုက်တာလဲ" ဆိုပြီးမေးလိုက်ပြန်တယ်။ စပိန်ကစားသမားက " ကျွန်တော်က သူ့ကို နိုင်အောင်လုပ်ပေးလိုက်တာမဟုတ်ပါဘူး။ တကယ်တော့ သူက အစကတည်းကနိုင်ပြီးသားလေ။ ဒါကို ကျွန်တောက သူ့ကိုကျော်ပြီးအနိုင်ရသွားလို့ ဘာအဓိပ္ပယ်ရှိပါတော့မလဲ။ ပြီးတော့ ကျွန်တော့ ဂုဏ်သိက္ခာကရော အလကားဖြစ်သွားမှာပေါ့ဗျာ။ ပိုဆိုးတာက ကျွန်တော့အမေ၊ ကျွန်တော့သားသမီးတွေကရော သူတို့သား၊ သူတို့အဖေဟာ သူတပါးရဲ့အားနည်းချက်ကို အသုံးချပြီး ဆုလာဒ်ရယူနိုင်ခဲ့ပါတယ် ဆိုတဲ့ သမိုင်းမျိူးကို ကျွန်တော်မလိုလားဆုံး အကြောက်ဆုံးပါ။" ဆိုပြီးဖြေကြားလိုက်ပါတယ်။ 




သင်ခန်းစာ။ ။ သူတပါးရဲ့အားနည်းချက်ကို အသုံးချမည့်အစား ထိုသူကို ကူညီဖေးမပေးလိုက်နိုင်တာက အကောင်းဆုံးသော အားသာချက်ပါ။ ကျွန်တော်တို့ကိုယ်စီရဲ့ တန်ဖိုးဟာ အောင်မြင်မှုထက် အဆများစွာ ပိုအရေးကြိးပါတယ်။ 




မှတ်ချက်။ @Narz Vhel Oyamat ၏ 9/ Aug/ 2020 တွင်တင်ထားသော ပိုစ်အား ဆီလျ​ော်အောင် ဘာသာပြန်ယူထားကာ ပုံကိုပါ ယူသုံးထားပါသည်။ 




(paul Mung Ja၏postမှကူးယူဖော်ပြထားပါသည်)

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု