စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

မန္တလေးသားတွေအတွက် ထိုးလိုက်တဲ့ခေါင်းလောင်းသံ



 မန္တလေးသားတွေအတွက် ထိုးလိုက်တဲ့ခေါင်းလောင်းသံ

•••••••••••••••••••••••••••••••••••••••••••••••••

မန္တလေးမြို့ပေါ်မှာ ကိုဗစ်ကင်းစင်တဲ့ ရပ်ကွက်မရှိသလောက်ဖြစ်နေပါပြီ။ 


နိုဝင်ဘာလ ၂ ရက်နေ့ နဲ့ နိုဝင်ဘာ ၂၆ ရက်နေ့အခြေအနေတွေကို နှိုင်းယှဥ်ကြည့်ရင် ၆မြို့နယ်ရဲ့ Covid-19 Active Case က နိုဝင်ဘာ ၂ ရက်နေ့က ၄၈၈ ယောက်ကနေ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ၁,၅၆၄ ဆိုတော့ ဖြစ်ပွားမှုနှုန်း ၃.၂ ဆ တိုးပွားလာတာပါ။ 


အောင်မြေသာစံ ၈၆/၂၈၈

ချမ်းအေးသာစံ ၁၃၁/၄၆၈

မဟာအောင်မြေ ၁၈၁/၂၉၆

ချမ်းမြသာစည် ၁၆/၂၀၁

ပြည်ကြီးတံခွန် ၃၈/၁၀၇

အမရပူရ ၃၆/၂၀၄ 


အခုလို ၂၄ ရက်အတွင်း ၃ ဆကျော်များလာတာနဲ့ ဖြစ်ပွားမှုနှုန်းတန့်မသွားသေးတာ မန္တလေးသားတွေအတွက် အထူးသတိထားကြဖို့ ထိုးလိုက်တဲ့ ခေါင်းလောင်းသံပါ။ 


ရောဂါဖြစ်ပွားမှုနှုန်းတိုးလာသလို သေဆုံးသူဦးရေလည်း ၇ ယောက်ကနေ ၂၄ ယောက်အထိများလာပါတယ်။ ICU အထူးကြပ်မတ်ကုသပေးနေရတဲ့ လူနာတွေ များလာသလို အသက်အရွယ်မရွေး အခြားရောဂါမရှိသူတွေပါ အဆုပ်ပျက်စီးမှုတွေ တွေ့လာရပါတယ်။ 


ကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ကျွန်တော် ပိုစ့်တွေ အကြိမ်ကြိမ်တင်ခဲ့ပြီးပါပြီ။ 


ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် အရေးကြီးဆုံးက mask တပ်ဆင်ခြင်းပါ။ 


ဆိုင်ကယ်၊ ကားစီးသူတွေ mask တပ်တာ စိတ်ကျေနပ်ဖွယ်တွေ့လာရပေမယ့် ထပ်မံသတိထားရမယ့် အချက်တွေရှိပါသေးတယ်။ 


မိမိအိမ်ထဲမှာ mask မတပ်ပဲနေလို့ရပေမယ့် အိမ်သားတစ်ယောက် ပိုးတွေ့ရင် တစ်အိမ်လုံးကူးကုန်ကြတဲ့ ဖြစ်ရပ်တွေအများကြီးပါ။ 


အိမ်ထဲမှာ ကျွန်တော်လည်း mask မတပ်ပါ။ အိမ်သားတွေကို ဖြစ်နိုင်သရွေ့ stay at home လုပ်ခိုင်းထားပါတယ်။ စျေးဝယ်တာကလွဲရင် အပြင်မထွက်ရပါ။ ဘယ်ဧည့်သည်မှ လာခွင့်မပြုပါ။ 


သတိမမူမိတဲ့ လုပ်ရပ်တွေထဲကတစ်ခုက ရုံး၊ လုပ်ငန်းခွင်၊ အလုပ်ရုံ၊ အဆောင် တွေမှာ ထမင်းအတူတူစားကြရာကနေ ကူးဆက်ကုန်တာပါ။ ထမင်းအတူစားတဲ့အချိန် mask ချွတ်ထားလို့ ကူးဆက်ဖို့ အခွင့်အလမ်း chance အရမ်းများသွားပါတယ်။ 


ကျွန်တော် ကော်မတီဝင်တွေနဲ့ ထမင်းအတူလက်စုံမစားတာ ၃လ ကျော်သွားပါပြီ။ 


အလားတူပါပဲ လမ်းသွယ်တွေ၊ ဝင်းတွေထဲနေသူများလည်း ဝင်းအတွင်း လမ်းသွယ်အတွင်းသွားရင် mask မတပ်ကြတာများပါတယ်။ ကိုဗစ်ဖြစ်လိုက်ရင် တစ်ဝင်းလုံး တစ်လမ်းလုံး ကူးဆက်ဖို့များပါတယ်။ 


ဒါကြော င့်မိမိအိမ်အပြင်ထွက်တာနဲ့ mask တပ်ပါ။ 


စျေးတွေမှာ စည်းကမ်းတွေ ခဏခဏတင်းကြပ်လွန်းလို့ mask တက်သူများလာတဲ့အတွက် 

ဆရာစံစျေး၊ ယောမင်းကြီးစျေး၊ ဘုရားကြီးစျေး၊ ၄၁လမ်းစျေး၊ ၈၆လမ်း ပလက်ဖောင်းစျေး၊ တံခွန်တိုင်စျေး၊ မန်းရတနာစျေးတွေမှာ ပိုးတွေ့လူနာတွေ့ရှိခဲ့ပေမယ့် မပြန့်ပွားအောင် အချိန်မှီထိန်းနိုင်ခဲ့ပါတယ်။ 


အခုလို ၄ ရက်ဆက်တိုက် တန်ဆောင်တိုင် ရုံးပိတ်ရက်မှာ ဘယ်ကိုမှ ထွက်မလည်စေချင်ဘူး။ အခြားမြို့တွေကို ရောဂါဖြန့်နိုင်သလို ထမင်းအတူစားရင်း မိတ်ဆွေတွေဆီက ကူးဆက်နိုင်လို့ပါ။ 


မန္တလေးသားတွေ fighting ပါ။

ဦးရဲလွင်

(မန္တလေးမြို့တော်ဝန်)

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု