စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
မှော်ဘီ၊ နိုဝင်ဘာ၂၃ / ၂၀၂၀
နိုင်ငံတော်မှ ဝင်ငွေပုံမှန်မရှိသော အခြေခံပြည်သူများအား ထောက်ပံ့သည့် ထောက်ပံ့ကြေးငွေ ၄၀၀၀၀ကျပ် မရ၍ ဦးဆောင်တိုင်ကြားခဲ့သူကို နိုဝင်ဘာ ၂၂ ရက် နံနက်(၁၁)နာရီခန့်အချိန့်က ဝက်ကလေးအပါအဝင် လူတစ်စုမှ လက်သီးဖြင့်ထိုး လေးခွနှင့်ပစ်၊ သံတုတ်နှင့်ရိုက် ရဲဒင်းဖြင့်ခုတ်မှုဖြစ်ပွားခဲ့ကြောင်း မှော်ဘီမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ တရားလိုသည် နိုဝင်ဘာ ၂၂ရက်နေ့ နံနက် ၁၁နာရီခန့်တွင် ရွှေမြယာကျေးရွာ၊ မြရတနာလမ်းနေ ယောင်းမတော်စပ်သူ မမြင့်မြင့်သောင်း၏ နေအိမ်သို့ ခေတ္တခနရောက်ရှိနေစဉ် သမီးဖြစ်သူ မသင်းရနံ့လှိုင် ရောက်ရှိလာပြီး " အမေရေ အဖေကြီးကို အောင်ရတနာ လမ်ပေါ်မှာ ကိုဝေဖြိုးတို့က ရဲဒင်းနဲ့ ခုတ်သတ်လို့ ဒဏ်ရာရသွားတယ် " ဟုပြောဆိုသဖြင့် တရားလိုသည် အိမ်နီးချင်းဖြစ်သူ မပန်းအိ ၊ မလုံးလေးတို့နှင့်အတူ ၄င်းနေရာသို့သွားရောက်ခဲ့ရာ ခင်ပွန်းဖြစ်သူ မျိုးအောင်မှာ ဦးခေါင်းနောက်စေ့ ဖူးယောင်ပေါက်ပြဲဒဏ်ရာတစ်ချက် ၊ ဦးခေါင်းထိပ် ဖူးယောင်ဒဏ်ရာတစ်ချက် ၊ ဘယ်ဘက်ပါး နာကျင်ဒဏ်ရာ၊ ဘယ်ဘက်လက်ကောက်ဝတ် ပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ဘယ်ဘက်တံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာ ၊
ဘယ်/ ညာခြေသလုံး ဖူသယောင်နာကျင်ဒဏ်ရာ(၂)ချက် တို့နှင့်အတူ မြေကြီးပေါ်လဲကျနေသည်ကိုတွေ့ရကြောင်း ဆိုသည်။
ထိုနောက် ခင်ပွန်းဖြစ်သူအားမေးမြန်းရာ " နိုင်ငံတော်မှ ထောက်ပံ့သည့်ငွေ ၄၀၀၀၀ကျပ် မရသူများအား ဦးဆောင်၍ စာရင်းကောက်သည့်ကိစ္စကို မကျေနပ်ကာ ခင်ပွန်းဖြစ်သူ မျိုးအောင်အား တစ်ရွာတည်းနေ ဝေဖြိုးမှ လက်သီးဖြင့်ထိုး၍ ဘယ်ဘက်ပါးနာကျင်ဒဏ်ရာ
(၁)ချက် လည်းကောင်း၊ ဝက်ကလေးမှ အရှည် (၁)ပေခွဲခန့် သံတုတ်ဖြင့်ရိုက်၍ ဦးခေါင်းနောက်စေ့ ဖူးယောင်ပေါက်ပြဲဒဏ်ရာ(၁)ချက် (အလျား ၁လက်မ ခွဲခန့် ၊အနက် ၁ လက်မခန့်)လည်းကောင်း ၊ ဗိုက်ကြီးနှင့် ဝင်းကိုအောင်တို့မှ လောက်လေးခွဖြင့်ပစ်၍ ဘယ်/ညာခြေသလုံးဖူးယောင်နာကျင်ဒဏ်ရာ(၁)ချက်စီ လည်းကောင်း၊ အမည်မသိ အမျိုးငါးတစ်ဦးမှ အရိုးအသွား (၈)လက်မခွဲခန့် ရဲဒင်းဖြင့်ခုတ်၍ ဘယ်ဘက် လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ (၁)ချက် (အလျား၂ လက်မခန့် ၊ အနက် ၁ လက်မခန့်)လည်းကောင်း ဝိုင်းဝန်းပြုလုပ်ကြောင်းပြောပြသိရှိရကြောင်း ဆိုသည်။
ခင်ပွန်းဖြစ်သူမျိုးအောင်အား မှော်ဘီပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာ မှော်ဘီဆေးရုံတွင် (အတွင်းလူနာ စိုးရိမ်ရ)ဖြင့် ဆေးဝါးတက်ရောက်ကုသမှု ခံယူလျှက် ရှိသဖြင့် ခင်ပွန်းဖြစ်သူ မျိုးအောင်အား ဖူးယောင် နာကျင်ပေါက်ပြဲပြတ်ရှဒဏ်ရာများရရှိအောင် လက်သီးဖြင့်ထိုး သံတုတ်ဖြင့်ရိုက် ၊ လောက်လေးခွဖြင့် ပစ်၊ ရဲဒင်းဖြင့်ခုတ်သူ ဝက်ကလေး၊ ဗိုက်ကြီး ၊ ဝင်းကိုအောင်နှင့်အမည်မသိအမျိုးသား(၂)ဦးတို့အား ဥပဒေအရအရေးယူပေးပါရန်တိုင်တန်းမှုဖြစ်သည်။
ယင်းဖြစ်စဉ်အပေါ် တရားလို ဒေါ်ဝင်းနွယ် (၃၆)နှစ်၏ တိုင်ကြားချက်အရ မှော်ဘီမြို့မရဲစခန်းက (ပ)၁၄၅၃
/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ- ၃၂၆/၃၂၅/၃၃၇/ ၃၂၃/ ၁၁၄ တို့ဖြင့် အမှုဖွင့်လှစ်ထားပြီး ပြစ်မှုကျူးလွန်သူ တရားခံများ အမြန်ဆုံးဖမ်းဆီးရမိရေးနှင့် တရားစွဲ တင်ပို့နိုင်ရေး စုံစမ်းစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#ထောက်ပံ့ကြေးကိစ္စ #ဒဏ်ရာရရှိ #မှော်ဘီ
မင်းထွဏ်း/ အောင်ထက်(မင်္ဂလာဒုံ)
Top Phornix Media Group
Comments
Post a Comment