စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
ဒါဟာ လေထုညစ်ညမ်းမှုတွေမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘေဂျင်းမြို့နဲ့ မွန်ဘိုင်းမြို့တို့ကို ကျော်လွန်သွားတဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ်။
လေထုအရည်အသွေးတိုင်းတာရာမှာ အရောင်ခြောက်မျိုး သတ်မှတ်ထားပါတယ်။ အစိမ်းရောင်အဆင့်ကို သုညမှ ၅၀၊ အဝါရောင်အဆင့်ကို ၅၀ မှ ၁၀၀၊ လိမ္မော်ရောင်အဆင့်ကို ၁၀၀ မှ ၁၅၀၊ အနီရောင်အဆင့်ကို ၁၅၀ မှ ၂၀၀၊ ခရမ်းရောင်အဆင့်ကို ၂၀၀ မှ ၃၀၀ နဲ့ နီညိုရောင်အဆင့် ၃၀၁ မှ ၅၀၀ တို့ဖြစ်ပါတယ်။
အစိမ်းရောင်အဆင့်နဲ့ အဝါရောင်အဆင့်က အကောင်းဆုံးဖြစ်ပြီးတော့ ကျန်တဲ့အဆင့်များက အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
အောက်တိုဘာလမှာ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစိမ်းရောင်၊ အဝါရောင်အဆင့်များမှာသာ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်၊ မိုးနည်းပြီး ဆောင်းလေအေးတွေဝင်လာတဲ့အချိန် တိုင်းတာခဲ့တဲ့ ရလဒ်ကတော့ အနီရောင်အဆင့်ကနေ ခရမ်းရောင်အဆင့်နီးပါးအထိ ရောက်လာခဲ့ပါတယ်။
လေထုအရည်အသွေးဟာ အောက်တိုဘာ ၂၂ ရက်မှာ ၂၁ (အစိမ်းရောင်အဆင့်) မှာရှိခဲ့ပြီးတော့ တစ်လနီးပါးအကြာ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ၁၉၁ အထိ ထိုးတက်သွားခဲ့တာပါ။
တကယ်လို့ လေထုအညွှန်းကိန်း၂၀၀ ကျော်သွားမယ်ဆိုရင် ခရမ်းရောင်အဆင့်လို့ သတ်မှတ်ပြီးတော့ တိုးတက်ပြီးနိုင်ငံတွေမှာ ကျောင်းတွေပိတ်သိမ်းရတဲ့အထိ ကျန်းမာရေးအရစိုးရိမ်ရတဲ့ အရေးပေါ်အခြေအနေဖြစ်သွားမှာပါ။
ဒီလိုမျိုးဆိုးရွားတဲ့ လေထုအခြေအနေကို ရောက်ရတာဟာ ခြောက်သွေ့ကာလမှာ အမှိုက်နဲ့ သစ်ရွက်ခြောက်တွေကို မဆင်မခြင် မီးပုံရှို့ကြလို့ဖြစ်ပြီး စက်မှုဇုန်နဲ့ မော်တော်ကားကထွက်တဲ့ ညစ်ညမ်းလေတွေကြောင့် ဖြစ်တယ်လို့ Nature Advocacy အဖွဲ့အစည်းက ကိုထက်ဝဏ္ဏက ဆိုပါတယ်။
“အဓိကက အချက်သုံးချက်ကြောင့်လို့ အကြမ်းဖျဉ်းသုံးသပ်ကြတယ်၊ အမှိုက်မီးရှို့တာရယ်၊ စက်မှုဇုန်ကထွက်တဲ့ မီးခိုးတွေရယ်၊ မော်တော်ကားကထွက်တဲ့ မီးခိုးတွေရယ်ကြောင့်ပါ” လို့ သူက ပြောပါတယ်။
လေထုအရည်အသွေးကို တိုင်းတာတဲ့အခါမှာ လေထုထဲပါဝင်တဲ့ အမှုန်သိပ်သည်းဆ (Particulate Matter PM 2.5) တွေကို အခြေခံတိုင်းတာရတာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပုံမှန်သိပ်သည်းဆကို PM 2.5=10ug ပမာဏ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ PM 2.5 = 110ug) ရှိနေတာကြောင့် ခြောက်ဆကနေပြီး ၁၁ ဆအထိ မြင့်တက်သွားတာဖြစ်ပြီးတော့ လက်ရှိ ရန်ကုန်မြို့ရဲ့ လေထုအတွင်းမှာရှိနေတဲ့ အမှုန်သိပ်သည်းဆဟာ ရှူမိသူတိုင်းကို တစ်ရက် ဆေးလိပ် ၄-၅ လိပ် သောက်တဲ့ ပမာဏနဲ့ ညီမျှတဲ့ ဆိုးကျိုးကိုခံစားရစေမှာဖြစ်တယ်လို့ Nature Advocacy အဖွဲ့အစည်းရဲ့ အင်တာနက်စာမျက်နှာမှာ ရှင်းပြထားပါတယ်။
Nature Advocacy က ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဆိုင်ရာ အချက်အလက်တွေကို ကမ္ဘာ့မြို့တစ်မြို့ချင်းစီမှာတိုင်းတာနေတဲ့ EPI index, IP Air ဝဘ်ဆိုဒ်တွေကနေ ရယူနေတာပါ။
အမေရိကန်သံရုံးက ဦးစီးဦးဆောင်ပြုပြီးဆောင်ရွက်နေတဲ့ AQI အဖွဲ့ရဲ့ တိုင်းတာချက်တွေမှာတော့ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုဟာ အသွားအလာအများဆုံး မွန်းတည့်ချိန်မှာ အနည်းဆုံးဖြစ်ပြီး ညသန်းခေါင်နဲ့ မနက်အာရုံတက်ချိန်မှာ အဆိုးဆုံးဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။
လေထုညစ်ညမ်းတဲ့ ကမ္ဘာ့မြို့ကြီးများမှာ ပြုလုပ်ခဲ့တဲ့ သုတေသနလေ့လာချက်များအရ ညစ်ညမ်းတဲ့လေကို ရှူရှိုက်မိတဲ့ ရောဂါရှိသူတွေဟာ ခါတိုင်းထက် ရောဂါပိုပြင်းနိုင်ပြီး သေဆုံးမှုနှုန်းကလည်း ၁၅ ရာခိုင်နှုန်းအထိတိုးနိုင်တယ်လို့ ဆိုကြပါတယ်။
နယ်သာလန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ သုတေသနအရ လေထုညစ်ညမ်းမှု ၂၀ ရာခိုင်နှုန်းတိုးတိုင်း ကိုဗစ်ကူးစက်ခံရနိုင်ချေ နှစ်ဆတိုးပါတယ်။ စံချိန်တင် ညစ်ညမ်းတဲ့လေကို မလွှဲမရှောင်သာ ရှူရှိုက်နေရတဲ့အတွက် အသက်ရှူလမ်းကြောင်းထိခိုက်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ ကိုဗစ်ကူးစက်မှုနှုန်း ထိုးတက်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
“အာဆီယံထဲမှာ မြန်မာနိုင်ငံက တော်တော်လေးဆိုးတဲ့ နိုင်ငံထဲမှာပါလာပြီ။ ဒါက တော်တော်လေးထင်သာမြင်သာဖြစ်နေတဲ့ကိစ္စပဲ၊ လျစ်လျူရှုထားလို့မရဘူး” လို့ ကိုထက်ဝဏ္ဏက ပြောပါတယ်။
လက်ရှိအချိန်မှာ အမှိုက်မီးရှို့မှုများကို အရေးယူနိုင်သည့် ဥပဒေရှိသော်လည်း ရပ်ကွက်တိုင်းတွင် လူများစွာမှ စွဲစွဲမြဲမြဲဆောင်ရွက်နေသည့် ကိစ္စဖြစ်သည်ကတစ်ကြောင်း၊ အမှိုက်မီးရှို့လျှင် လေထုညစ်ညမ်းစေသည်ကို သိရှိနားလည်မှုမရှိကြခြင်း၊ သိသော်လည်း ကိုဗစ်အန္တရာယ် တိုးပွားစေကြောင်း မသိခြင်း စတဲ့အသိပညာနည်းပါးမှုကြောင့် အရေးယူမှုများလည်း မရှိသလောက် အားနည်းလျက်ရှိပါတယ်။
“အသက်ကိုဉာဏ်စောင့်” ဆိုသည့် စကားအတိုင်း ကိုယ့်ပတ်ဝန်းကျင်မှာ အမှိုက်မီးရှို့သူရှိပါက အသိပညာဖြန့်ဝေပေးပြီး မလုပ်ဖို့ ကိုယ်ထူကိုယ်ထတားမြစ်မှသာ ထိုအန္တရာယ်မှ သက်သာခွင့်ရမှာ ဖြစ်ပါတယ်။
လူနေရပ်ကွက်အတွင်း အမှိုက်မီးရှို့တာကို အုပ်ချုပ်သူများအနေနဲ့ အရေးယူမှုတစ်စုံတစ်ရာ ပြုလုပ်စေလိုပြီး မြို့နဲ့ကပ်နေတဲ့ စက်မှုဇုန်တွေ၊ တစ်နေ့ထက်တစ်နေ့များလာတဲ့ မော်တော်ကားတင်သွင်းမှု အပေါ်မှာလည်းအစိုးရက ကြပ်ကြပ်မတ်မတ်ကိုင်တွယ်ဖို့ ကိုထက်ဝဏ္ဏက လိုလားနေပါတယ်။
“အစိုးရက သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ ဥပဒေတွေမှာ ကိုင်တွယ်မှုအားနည်းတယ်။ ဒီဟာက ချက်ခြင်းဆိုးကျိုးပြမှာမဟုတ်ပေမယ့် တစ်ဖြည်းဖြည်းနဲ့ ပျက်စီးတဲ့အနေအထားရောက်လာမှာ၊ ပေါ့လို့မရဘူး” လို့ ကိုထက်ဝဏ္ဏက ဆိုပါတယ်။
Source - https://myanmar.mmtimes.com/news/147178.html
Comments
Post a Comment