စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
ကိုဗစ်ပိုးတွေ့သူတစ်ရက်လျှင်၂၀၀၀ကျော်သွားပါကထိန်းချုပ်ရန်အလွန်ခက်ခဲမည်ဖြစ်ရာလူတိုင်းစည်းကမ်းလိုက်နာရန်လိုအပ်ကိုဗစ်ပိုးတွေ့သူတစ်ရက်လျှင်၂၀၀၀ကျော်သွားပါကထိန်းချုပ်ရန်အလွန်ခက်ခဲမည်ဖြစ်ပြီးကျန်းမာရေးဝန်ကြီးဌာနမှသတ်မှတ်ထားသည့်စည်းကမ်းချက်များကိုလူတိုင်းလိုက်နာရန်လိုအပ်ကြောင်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမြန်မာနိုင်ငံ၌ပိုးတွေ့လူနာဦးရေ ၁၅၀၀ကျော်အထိရှိလာပြီးမည်သို့ထိန်းချုပ်မည်ကိုဆက်သွယ်မေးမြန်းရာတွင်၎င်းကအထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“တက်တာတော့တက်နေတာပေါ့၊တက်တာတစ်ယောက်ချင်းစီရဲ့နောက်ကြောင်းရာဇဝင်နဲ့ထိတွေ့ခဲ့တဲ့ဟာကိုလိုက်ရတာပေါ့၊ လိုက်ပြီးတဲ့အခါကျတော့အမြန်ဆုံးထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာပေါ့၊အဓိကအရေးကြီးတာကတတ်နိုင်သမျှ ပြည်သူတွေအနေနဲ့အိမ်ထဲမှာနေပေးဖို့၊ကျွန်တော်တို့လည်းပန်ကြားထားတယ်ပေါ့။ရာသီဥတုလည်းအေးတယ်၊လူစုလူဝေးဖြစ်နိုင်တဲ့နေရာတွေကိုရှောင်ကျဉ်ပေးဖို့၊ဒါလေးတွေကျွန်တော်တို့ request လုပ်ထားတယ်။ ဘာကြောင့်လဲဆို ဒီဟာကတစ်ဦးတစ်ယောက်ချင်းစီကကာကွယ်တော့မှရတဲ့အနေအထားပေါ့၊သန်လျင်သဘာဝရိပ်သာတို့မှာအစုလိုက်အပြုံလိုက်ဖြစ်တာတွေ့တယ်။ လူငယ်တွေစုပြီးတော့နေတဲ့ သင်တန်းကျောင်းတစ်ခုမှာလည်းဖြစ်တာတွေ့တယ်။လူတိုင်းလူတိုင်းလိုက်နာမှသာလျှင်ရောဂါကွင်းဆက်ကပြတ်တောက်သွားမှာဖြစ်ပါတယ်”ဟုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။
ရွေးကောက်ပွဲအပြီး ကိုးရက်အကြာတွင် မြန်မာနိုင်ငံ၌ ပိုးတွေ့လူနာဦးရေဟာတစ်ရက်လျှင်၁၅၀၀ကျော်အထိရှိလာကြောင်း၊လက်ရှိအချိန်ထိCovid-19အတည်ပြုလူနာပေါင်း ၇၆၄၁၄ ဦးရှိပြီးဆေးရုံမှပြန်လည်ဆင်းခွင့်ရသူဦးရေမှာ ၅၆၆၀၁ ဦးရှိကာသေဆုံးသူ၁၆၉၅ဦးရှိကြောင်းသိရသည်။
“အခုကတော့၁၅၀၀ပတ်ဝန်းကျင်ကတော့တောင့်ခံနိုင်တဲ့ထဲမှာ ပါတာပေါ့၊ ဒီထက်ပိုပြီး ၂၀၀၀၊၃၀၀၀ဖြစ်လာရင်တော့ တစ်ရက်ကို၂၀၀၀၊၃၀၀၀၊၅၀၀၀အဲဒီလိုဖြစ်လာရင်တော့တော်တော်လေးခက်ခဲမှာပေါ့၊လက်ရှိကတော့managementလုပ်နိုင်တဲ့အနေအ
ထားမှာရှိပါတယ်”ဟု၎င်းကဆက်လက်ပြောကြားခဲ့သည်။
ဆုသက်နှင်း
#TheFifthWaveNews
(zawgyi)
ပိုးတွေ့လူနာဦးရေယခုထက်ပိုလာပါကထိန်းချုပ်ရန်ခက်ခဲလာနိုင်ဟု ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူပြောကြား
ကိုဗစ်ပိုးတွေ့သူတစ်ရက်လျှင်၂၀၀၀ကျော်သွားပါကထိန်းချုပ်ရန်အလွန်ခက်ခဲမည်ဖြစ်ရာလူတိုင်းစည်းကမ်းလိုက်နာရန်လိုအပ်ကိုဗစ်ပိုးတွေ့သူတစ်ရက်လျှင်၂၀၀၀ကျော်သွားပါကထိန်းချုပ်ရန်အလွန်ခက်ခဲမည်ဖြစ်ပြီးကျန်းမာရေးဝန်ကြီးဌာနမှသတ်မှတ်ထားသည့်စည်းကမ်းချက်များကိုလူတိုင်းလိုက်နာရန်လိုအပ်ကြောင်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမြန်မာနိုင်ငံ၌ပိုးတွေ့လူနာဦးရေ ၁၅၀၀ကျော်အထိရှိလာပြီးမည်သို့ထိန်းချုပ်မည်ကိုဆက်သွယ်မေးမြန်းရာတွင်၄င်းကအထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“တက်တာတော့တက်နေတာပေါ့၊တက်တာတစ်ယောက်ချင်းစီရဲ့နောက်ကြောင်းရာဇဝင်နဲ့ထိတွေ့ခဲ့တဲ့ဟာကိုလိုက်ရတာပေါ့၊ လိုက်ပြီးတဲ့အခါကျတော့အမြန်ဆုံးထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာပေါ့၊အဓိကအရေးကြီးတာကတတ်နိုင်သမျှ ပြည်သူတွေအနေနဲ့အိမ်ထဲမှာနေပေးဖို့၊ကျွန်တော်တို့လည်းပန်ကြားထားတယ်ပေါ့။ရာသီဥတုလည်းအေးတယ်၊လူစုလူဝေးဖြစ်နိုင်တဲ့နေရာတွေကိုရှောင်ကျဉ်ပေးဖို့၊ဒါလေးတွေကျွန်တော်တို့ request လုပ်ထားတယ်။ ဘာကြောင့်လဲဆို ဒီဟာကတစ်ဦးတစ်ယောက်ချင်းစီကကာကွယ်တော့မှရတဲ့အနေအထားပေါ့၊သန်လျင်သဘာဝရိပ်သာတို့မှာအစုလိုက်အပြုံလိုက်ဖြစ်တာတွေ့တယ်။ လူငယ်တွေစုပြီးတော့နေတဲ့ သင်တန်းကျောင်းတစ်ခုမှာလည်းဖြစ်တာတွေ့တယ်။လူတိုင်းလူတိုင်းလိုက်နာမှသာလျှင်ရောဂါကွင်းဆက်ကပြတ်တောက်သွားမှာဖြစ်ပါတယ်”ဟုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။
ရွေးကောက်ပွဲအပြီး ကိုးရက်အကြာတွင် မြန်မာနိုင်ငံ၌ ပိုးတွေ့လူနာဦးရေဟာတစ်ရက်လျှင်၁၅၀၀ကျော်အထိရှိလာကြောင်း၊လက်ရှိအချိန်ထိCovid-19အတည်ပြုလူနာပေါင်း ၇၆၄၁၄ ဦးရှိပြီးဆေးရုံမှပြန်လည်ဆင်းခွင့်ရသူဦးရေမှာ ၅၆၆၀၁ ဦးရှိကာသေဆုံးသူ၁၆၉၅ဦးရှိကြောင်းသိရသည်။
“အခုကတော့၁၅၀၀ပတ်ဝန်းကျင်ကတော့တောင့်ခံနိုင်တဲ့ထဲမှာ ပါတာပေါ့၊ ဒီထက်ပိုပြီး ၂၀၀၀၊၃၀၀၀ဖြစ်လာရင်တော့ တစ်ရက်ကို၂၀၀၀၊၃၀၀၀၊၅၀၀၀အဲဒီလိုဖြစ်လာရင်တော့တော်တော်လေးခက်ခဲမှာပေါ့၊လက်ရှိကတော့managementလုပ်နိုင်တဲ့အနေအ
ထားမှာရှိပါတယ်”ဟု၄င်းကဆက်လက်ပြောကြားခဲ့သည်။
ဆုသက်နှင်း
#TheFifthWaveNews
Comments
Post a Comment