စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

နိုင်ငံ့ဝန်ထမ်းများ တာဝန်ဖြင့်ခရီးသွားလာရာတွင် ခံစားခွင့်ရမည့် တည်းခိုစရိတ်


 နိုင်ငံ့ဝန်ထမ်းများတာဝန်အရ ခရီးသွားလာရာမှာ နေ့တွက်စရိတ်နှင့် ခရီးစရိတ်သာ ခံစားခွင့်ရှိပါသည်။ တည်းခိုစရိတ်ဟု သီးခြားခံစားခွင့်မရှိပါ။ ခံစားခွင့်ရှိသည့် နေ့တွက်စရိတ်နှင့် ခရီးစရိတ်က အမှန်ကုန်ကျစရိတ်ကို ကာမိခြင်းမရှိပါ။ အထူးသဖြင့် ညအိပ်ညနေခရီးသွားလာသူ နိုင်ငံ့ဝန်ထမ်းများအတွက် အမှန်ကုန်ကျစရိတ်ကို ကာမိခြင်းမရှိပါ။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးက ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက် ရက်စွဲပါ စာအမှတ်၊ စဘစ/ဘဏ္ဍာ-၂/၂/၃၁ဝ(၅၂ဝ၃/၂ဝ၂ဝ)ဖြင့် နိုင်ငံ့ဝန်ထမ်းများ တာဝန်အရ ပြည်တွင်းခရီးသွားရာတွင် တည်းခိုစရိတ်ခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့ပါသည်။ မြန်မာနိုင်ငံခရီးစရိတ် နည်းဥပဒေ ၆၊ နည်းဥပဒေခွဲ(၁) အရ နိုင်ငံ့ဝန်ထမ်းများ တာဝန်အရ ပြည်တွင်းခရီးသွားရာမှာ ဌာန၊ အဖွဲ့အစည်းများက အခမဲ့တည်းခိုနေထိုင်ရန် စီစဉ်ပေးနိုင်ခြင်းမရှိပါက ပြင်ပ၌ မိမိအစီအစဉ်ဖြင့်တည်းခိုရသည့် တည်းခိုစရိတ်ကို နိုင်ငံတော်က ကျခံခြင်းဖြစ်ပါသည်။

ယင်းထုတ်ပြန်ချက်အရ ညွှန်ကြားရေးမှူးချုပ်နှင့်အဆင့်တူ အထက်အရာရှိများဖြစ်သော နိုင်ငံ့ဝန်ထမ်းများတာဝန်အရ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များသို့ ခရီးသွားလာခြင်းအတွက် တစ်ဦးလျှင် တစ်ရက် ကျပ်ငါးသောင်းအထိ၊ အခြားမြို့များသို့ ခရီးသွားလာခြင်းအတွက် တစ်ဦးလျှင် တစ်ရက် ကျပ်သုံးသောင်းအထိ တည်းခိုစရိတ်ခွင့်ပြုပါသည်။

ညွှန်ကြားရေးမှူးနှင့်အဆင့်တူမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဆင့်တူအထိဖြစ်သော နိုင်ငံ့ဝန်ထမ်းများ တာဝန်အရ နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ ခရီးသွားလာခြင်းအတွက် တစ်ဦးလျှင် တစ်ရက် ကျပ်သုံးသောင်းအထိ၊ အခြားမြို့နယ်များသို့ ခရီးသွားလာခြင်းအတွက် တစ်ဦးလျှင် တစ်ရက် ကျပ်နှစ်သောင်းအထိ တည်းခိုစရိတ်ခွင့်ပြုပါသည်။

ဦးစီးအရာရှိနှင့်အဆင့်တူမှ ဒုတိယညွှန်ကြားရေးမှူးနှင့် အဆင့်တူအထိဖြစ်သော နိုင်ငံ့ဝန်ထမ်းများ တာဝန်အရ နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ ခရီးသွားလာခြင်းအတွက် တစ်ဦးလျှင် တစ်ရက် ကျပ်နှစ်သောင်းငါးထောင်အထိ၊ အခြားမြို့နယ်များသို့ ခရီးသွားလာခြင်းအတွက် တစ်ဦးလျှင် တစ်ရက် ကျပ်နှစ်သောင်းအထိ တည်းခိုစရိတ် ခွင့်ပြုပါသည်။

နိုင်ငံ့ဝန်ထမ်း(အမှုထမ်း)များ တာဝန်အရ နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ ခရီးသွားလာခြင်းအတွက် တစ်ဦးလျှင် တစ်ရက် ကျပ်နှစ်သောင်းအထိ၊ အခြားမြို့နယ်များသို့ ခရီးသွားလာခြင်းအတွက် တစ်ဦးလျှင် တစ်ရက် ကျပ်တစ်သောင်းငါးထောင်အထိ တည်းခိုစရိတ်ခွင့်ပြုပါသည်။ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေတို့တွင် 'အမှုထမ်း'ဟူသော စကားရပ်ကို သီးခြားအဓိပ္ပာယ်ဖွင့်ဆို ပြဋ္ဌာန်းထားသည်ကို မတွေ့ရှိရပါ။ ယေဘူယျအားဖြင့် 'အမှုထမ်း'ဆိုသည်မှာ ပြန်တမ်းဝင်အရာရှိအဆင့်မဟုတ်သော နိုင်ငံ့ဝန်ထမ်းများကို ဆိုလိုခြင်းဖြစ်ပါသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးက နိုင်ငံဝန်ထမ်းများ တာဝန်အရ ခရီးသွားလာမှုအတွက် တည်းခိုစရိတ်ခွင့်ပြုရာတွင် 'တာဝန်အရ နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ ခရီးသွားလာခြင်း' နှင့် 'အခြားမြို့များသို့ခရီးသွားလာခြင်း' ကိုသာ တည်းခိုစရိတ် ခံစားခွင့်ပြုပါသည်။ အချို့သောမြို့နယ်များတွင် သွားလာရန်ခက်ခဲခြင်း၊ တစ်ရက်တည်းနှင့်ပြီးပြတ်အောင် ဆောင်ရွက်နိုင်သည့်အလုပ်တာဝန်မဟုတ်ခြင်း စသည့်အကြောင်းများကြောင့် မိမိတာဝန်ကျရာ မြို့နယ်တွင်းဖြစ်စေကာမူ ညအိပ်ညနေ ခရီးသွားလာရခြင်းများ ရှိနိုင်ပါသည်။ အဆိုပါ မိမိတာဝန်ကျသည့် မြို့နယ်အတွင်း ညအိပ်ညနေ ခရီးသွားလာခြင်းအတွက် တည်းခိုစရိတ်ခံစား ခွင့်ပြုထားခြင်းမရှိပါ။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ထုတ်ပြန်ချက်အရ နိုင်ငံ့ဝန်ထမ်းများ တည်းခိုစရိတ်ခံစားကြရာမှာ အောက်ပါသတ်မှတ်ချက်များကို လိုက်နာကြရပါမည်။

(က) နိုင်ငံတော်ပိုင်ဧည့်ရိပ်သာမှာ တည်းခိုခွင့်မရမှဖြစ်စေ၊ နိုင်ငံပိုင် တည်းခိုရိပ်သာမရှိမှဖြစ်စေ ပုဂ္ဂလိကပိုင်တည်းခိုရိပ်သာမှာ တည်းခိုရပါမည်။ နိုင်ငံတော်ပိုင်ဧည့်ရိပ်သာ သို့မဟုတ် တည်းခိုရိပ်သာနှင့် ဌာန/အဖွဲ့အစည်းပိုင် ဧည့်ရိပ်သာ သို့မဟုတ် တည်းခိုရိပ်သာတွင်တည်းခိုသူ နိုင်ငံ့ဝန်ထမ်းက အခမဲ့တည်းခိုခြင်းဖြစ်လျှင် တည်းခိုစရိတ်ကို တောင်းခံခွင့်မရှိပါ။

(ခ) တာဝန်အရခရီးသွားလာသည့် နိုင်ငံဝန်ထမ်းသာ တည်းခိုစရိတ်ကိုတောင်းခံခွင့်ရှိပါသည်။ ၎င်းနှင့်အတူပါလာသည့် တာဝန်အရခရီးသွားလာခြင်းမဟုတ်သည့် နိုင်ငံဝန်ထမ်း၊ တာဝန်အရ ခရီးသွားလာသည့် နိုင်ငံ့ဝန်ထမ်း၏ မိသားစုဝင်များနှင့် အခြားပုဂ္ဂိုလ်များအတွက် တည်းခိုစရိတ် တောင်းခံခွင့်မရှိပါ။

(ဂ) ပြည်ပအကူအညီ၊ ပြည်ပချေးငွေတို့ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းစီမံကိန်းများ၏ လုပ်ငန်းတည်ရှိရာနေရာသို့ သွားရောက်မှုအတွက် ပြည်ပအကူအညီ ပြည်ပချေးယူရငွေတို့မှ ကျခံသုံးစွဲသည့် ခရီးစဉ်အတွက် တည်းခိုစရိတ် တောင်းခံခွင့်မရှိပါ။

(ဃ) ရာထူးအဆင့်အလိုက် တစ်ဦးလျှင် တစ်ရက်အတွက် သတ်မှတ်ထားသည့် တည်းခိုစရိတ်နှုန်းထားဖြင့်ခံစားခွင့်ရှိစေကာမူ တောင်းခံငွေမှာ လက်ခံရရှိသူ နိုင်ငံဝန်ထမ်းအတွက် အမြတ်အစွန်းမဖြစ်စေရပါ။ တည်းခိုစရိတ်နှုန်းထားတွင် 'ကျပ်အထိ'ဟု သတ်မှတ်ထားသည့်အတွက် သတ်မှတ်နှုန်းထားထက် ပိုမိုပေးချေရသည့် တည်းခိုစရိတ်ကို သတ်မှတ်နှုန်းအထိသာ ခံစားခွင့်ရှိပါသည်။ သတ်မှတ်နှုန်းအောက်ပေးချေခြင်းဖြစ်လျှင် တည်းခိုစရိတ်ကို အမှန်ပေးချေရသည့်ပမာဏကိုသာ တောင်းခံခွင့် ရှိပါသည်။

(င) တည်းခိုစရိတ်ကို ၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ခံစားခွင့်ရှိပါသည်။ ဆိုလိုသည်မှာ ၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မတိုင်မီက သွားလာခဲ့သည့်ခရီးစဉ် ဖြစ်စေကာမူ ၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မတိုင်မီ ရက်များအတွက် တည်းခိုစရိတ် တောင်းခံခွင့်မရှိပါ။

'နိုင်ငံ့ဝန်ထမ်း'ဟူသော စကားရပ်နှင့်စပ်လျဉ်း၍ ၂ဝ၁၆ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၂ ဖြင့် ပြဋ္ဌာန်းသည့် နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ၂(ခ) တွင် 'ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်း တစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကိုဆိုသည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သော်လည်း ယင်းတို့၏လုပ်ငန်းသဘာဝနှင့် တာဝန်အရ ဤဥပဒေပါကိစ္စရပ်များနှင့် အကျုံးဝင်ခြင်းမရှိစေရ'ဟု ဖွင့်ဆိုပြဋ္ဌာန်းထားပါသည်။

'ပြည်သူ့ဝန်ထမ်း'ဟူသော စကားရပ်နှင့်စပ်လျဉ်း၍ ၂ဝ၁၈ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၁၆ ဖြင့် ပြဋ္ဌာန်းသည့် နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂(ဂ) တွင် အောက်ပါအတိုင်း ဖွင့်ဆိုပြဋ္ဌာန်းထားပါသည်။ ယင်းဖွင့်ဆိုပြဋ္ဌာန်းချက်အရ နိုင်ငံ့ဝန်ထမ်းများသည်လည်း ပြည်သူ့ဝန်ထမ်းများ ဖြစ်ကြပါသည်။

'ပြည်သူ့ဝန်ထမ်းဆိုသည်မှာ အစိုးရကခန့်အပ်ထားသည်ဖြစ်စေ၊ မခန့်အပ်ထားသည်ဖြစ်စေ အောက်ပါပုဂ္ဂိုလ်များပါဝင်သည်-

(၁) နိုင်ငံ့ဝန်ထမ်း၊

(၂) နိုင်ငံရေးရာထူးတွင် ခန့်အပ်ခံရသူများ၊

(၃) နိုင်ငံရေးရာထူးတွင် ခန့်အပ်ခြင်းခံရသော ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်များနှင့် စပ်လျဉ်း၍ ပြဋ္ဌာန်းထားသောဥပဒေများအရ ခန့်အပ်ထားခြင်းခံရသူများ၊

(၄) အစိုးရဌာနနှင့်အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်များနှင့် တရားရုံးများတွင် တာဝန်ထမ်းဆောင်နေသော်လည်း နိုင်ငံ့ဝန်ထမ်းအဖြစ်သို့ ခန့်အပ်ထားခြင်းမဟုတ်သော သူများ၊

(၅) ရွေးကောက်တင်မြှောက်ခြင်းဖြင့်ဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ရွေးချယ်တာဝန်ပေးခံရသူ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော လုပ်ပိုင်ခွင့်ရှိသည့် ပြည်သူ့ဝန်ထမ်းတစ်ဦးဦး သို့မဟုတ် ၎င်းကဖွဲ့စည်းပေးသောအဖွဲ့အစည်းတွင် ပါဝင်သူများ၊ ၎င်းတို့၏ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူများ သို့မဟုတ် ထပ်ဆင့်တာဝန်ပေးအပ်ခြင်းခံရသူများ၊

(၆) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြည်သူ့ဝန်ထမ်းအဖြစ် မှတ်ယူရမည်ဟု သတ်မှတ်ခြင်းခံရသူများ၊

(၇) တစ်ဦးတစ်ယောက်သောသူကို ဖမ်းဆီးချုပ်နှောင်ရန် အခွင့်အာဏာရှိသူများ၊

(၈) လွှတ်တော် သို့မဟုတ် စည်ပင်သာယာရေးကော်မတီ သို့မဟုတ် အများပြည်သူဆိုင်ရာ လုပ်ပိုင်ခွင့်ရှိသောအဖွဲ့အစည်း၏ အဖွဲ့ဝင်လူကြီးကိုရွေးချယ်ရန်အလို့ငှာ ရွေးကောက်ပွဲစာရင်းကို ရေးသားပြုစုရန်ဖြစ်စေ၊ ထုတ်ပြန်ကြေညာရန်ဖြစ်စေ၊ ပြင်ဆင်ရန်ဖြစ်စေ၊ အခွင့်အာဏာအရ ရာထူးလက်ရှိဖြစ်သူများ၊

(၉)အစိုးရဌာနနှင့် အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်များနှင့် တရားရုံးများတွင် လုပ်ငန်းသဘာဝအရ သီးခြားခန့်အပ် တာဝန်ပေးထားသူများ၊'

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊  ထုတ်ပြန်သည့် နိုင်ငံ့ဝန်ထမ်းများ တာဝန်အရ ပြည်တွင်းခရီးသွားရာတွင် ခံစားခွင့်ပြုသည့် တည်းခိုစရိတ်သည် နိုင်ငံဝန်ထမ်းဥပဒေကိုပြင်ဆင်သည့် ဥပဒေပုဒ်မ ၂(ခ) နှင့် နိုင်ငံဝန်ထမ်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂(ဂ)(၁) ပါ နိုင်ငံ့ဝန်ထမ်းများသာ ခံစားခွင့်ရှိပါသည်။

နိုင်ငံတော်ကောင်စီရုံးက ထုတ်ပြန်သည့် ဝန်ထမ်းစည်းမျဉ်းများဆိုင်ရာ ကောက်နှုတ်ချက် စာစောင်အခန်း(၁) ယေဘုယျသတ်မှတ်ချက်များ၊ နိုင်ငံတော်နှင့်ပတ်သက်သည့် တာဝန်တွင် 'နိုင်ငံတော်၏ အကျိုးအတွက် ဝန်ထမ်းသည် အချိန်ပြည့်အလုပ်လုပ်ရန် တာဝန်ရှိသည်။ ဝန်ထမ်းတစ်ဦးကို မူလတာဝန်သာမက အခြား လိုအပ်သောတာဝန်များကိုလည်း ပေးအပ်နိုင်သည်'ဟု ဖော်ပြထားပါသည်။ အဆိုပါဖော်ပြချက်အရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ထုတ်ပြန်ချက်ပါ 'နိုင်ငံ့ဝန်ထမ်းများ တာဝန်အရ ပြည်တွင်းခရီးသွားလာခြင်း' ဆိုရာတွင် နိုင်ငံဝန်ထမ်းတစ်ဦးက မူလတာဝန်အရသာမက နိုင်ငံတော်နှင့် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတစ်ခုခုက ပေးအပ်သည့်တာဝန်တစ်ရပ်ရပ်အရ ပြည်တွင်းခရီးသွားလာခြင်းလည်း အကျုံးဝင်သည်ဟု မှတ်ယူနိုင်ပါသည်။

မိမိအထက်အဆင့်အကြီးအကဲများ ခေတ္တဖြစ်စေ၊ ညအိပ်ညနေဖြစ်စေ၊ တာဝန်အရမဟုတ်ဘဲ ဖြတ်သွားဖြတ်လာစဉ်ဖြစ်စေ ရောက်ရှိလာပါက ရောက်ရှိလာသူ၏ ရာထူးအဆင့်နှင့် လျော်ညီစွာ ကြိုဆိုဧည့်ခံကြရပါသည်။ မြန်မာ့ဓလေ့ထုံးတမ်းအရ မိမိထက်ရာထူးဂုဏ်ကြီးမြင့်သူကို ရိုသေကိုင်းရှိုင်းစွာ ကြိုဆိုဧည့်ခံကြခြင်းက မြန်မာတို့၏အစဉ်အလာကောင်းတစ်ရပ်ပါ။ အောက်ခြေအဆင့်နိုင်ငံ့ဝန်ထမ်းများ တာဝန်အရ ခရီးသွားလာရလျှင် တည်းခိုနေထိုင်ရေးကိစ္စအတွက် ကိုယ်တိုင်စီစဉ်ကြရပါသည်။ ရရှိသည့် နေ့တွက်စရိတ်နှင့် ခရီးစရိတ်တို့က အမှန်ကုန်ကျစရိတ်ကိုမကာမိခြင်းနှင့် ညအိပ်ညနေခရီးသွားလာသည့် အထက်အကြီးအကဲများ တည်းခိုနေထိုင်ရေးစီစဉ်ပေးရခြင်းက လာဘ်ပေးလာဘ်ယူဖြစ်စေမှုအတွက် အခြေခံအကြောင်းတစ်ရပ်ပါ။

လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ချိန်နှုန်းလစာနှုန်းထားကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၉.၄.၂ဝ၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃ဝ/၂ဝ၁၈ ဖြင့် ၁.၄.၂ဝ၁၈ နေ့မှ စတင်တိုးမြှင့်ခံစားခွင့်ပြုခဲ့ပါသည်။ အမှုထမ်းများ၏ လစာနှုန်းကို ၂ဝ ရာခိုင်နှုန်း၊ အရာထမ်းများ၏ လစာနှုန်းကို ၁ဝ ရာခိုင်နှုန်း တိုးမြှင့်ခံစားခွင့်ပြုခြင်းပါ။ အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာကိုလည်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၁၉.၁၂.၂ဝ၁၈ ရက်စွဲပါစာအမှတ် ၁ဝ၁/၂ဝ၁၈ ဖြင့် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလစာမှ စတင်ပြီး လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများ အငြိမ်းစားယူပါက ရရှိမည့်ပင်စင်ခံစားခွင့်အတိုင်း တိုးမြှင့်ခံစားခွင့်ပြုခဲ့ပါသည်။ အလားတူ COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းကို နှစ်လစာကြိုတင်ထုတ်ပေးခဲ့ပါသည်။ အတိုးမဲ့ချေးငွေအဖြစ် ဆိုင်းငံ့ကာလ ခြောက်လ၊ ပြန်ဆပ်ကာလ တစ်နှစ်သတ်မှတ်ချက်ဖြင့် ၁.၁ဝ.၂ဝ၂ဝ နေ့က စတင်ထုတ်ပေးခဲ့ပါသည်။

ယခုတစ်ခါ နိုင်ငံတော်အစိုးရက နိုင်ငံ့ဝန်ထမ်းများကို ခေတ်ကာလနှင့် လျော်ညီသည့် တည်းခိုစရိတ်ခံစားခွင့်ပြုခြင်းက နိုင်ငံ့ဝန်ထမ်းများအတွက် ထိရောက်သောအထောက်အပံ့မှုဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းများ စိတ်အေးချမ်းသာစွာ တာဝန်ထမ်းဆောင်စေမှုကို များစွာအထောက်အကူပြုစေမှာဖြစ်ပါသည်။ လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းစေခြင်းကို များစွာအထောက်အကူပြုစေမှာ ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရက နိုင်ငံဝန်ထမ်းများအတွက် ခံစားခွင့်ပြုသည့် တည်းခိုစရိတ်သည် နိုင်ငံ့ဝန်ထမ်းများ တစ်ကြိမ်တစ်ခါမှ ခံစားခွင့်မရခဲ့သည့် ခံစားခွင့်ဖြစ်ပါသည်။ ပြည်သူပြည်သားများကိုယ်စား နိုင်ငံတော်အစိုးရက နိုင်ငံ့ဝန်ထမ်းများအား ချီးမြှင့်သည့် ခံစားခွင့်ဖြစ်ပါသည်။ ပြည်သူပြည်သားများ ပေးဆောင်ထားသည့် အခွန်ငွေမှ ထုတ်နှုတ်ကျခံရသည့် ခံစားခွင့်ဖြစ်ပါသည်။ သို့ပါ၍ နိုင်ငံ့ဝန်ထမ်းများသည် တည်းခိုစရိတ်ကို မသမာသောနည်းလမ်းဖြင့် တင်ပြတောင်းခံခြင်း မပြုသင့်ပါ။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း အခြားမြို့နယ်များသို့ ခရီးသွားလာသည့် နိုင်ငံ့ဝန်ထမ်းများကိုသာမက မိမိတာဝန်ကျရာမြို့နယ်အတွင်း အကြောင်းတစ်စုံတစ်ရာကြောင့် ညအိပ်ညနေ သွားရောက်တာဝန်ထမ်းဆောင်ရသော နိုင်ငံ့ဝန်ထမ်းများကိုပါ တည်းခိုစရိတ်ခံစားခွင့် ပေးသင့်ပါကြောင်း။
Source - https://myanmar.mmtimes.com/news/147030.html

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု