စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

လူကြီးလူကောင်းဟူသည်မှာ


 လင်မယားနှစ်ယောက်ရှိတယ်။

ယောက်ျားက ကြက်ဟင်းခါးသီး သိပ်ကြိုက်တယ်။

မိန်းမက သိပ်မကြိုက်ဘူး။


မကြိုက်တော့ သူဟင်းချက်တဲ့အခါ ကြက်ဟင်းခါးသီး ချက်လေ့မရှိဘူး။ ယောက်ျားကကြိုက်တော့ သူကိုယ်တိုင်မီးဖိုချောင်ဝင်ရင် ကြက်ဟင်းခါးသီးဟင်းက ပါကိုပါတယ်။ 


ကြက်ဟင်းခါးသီးစားရင် ကောင်းတယ်လို့ ယောက်ျားက အမြဲပြောတယ်။ 

မိန်းမမီးဖိုချောင်ဝင်လို့ ကြက်ဟင်းခါးသီးဟင်းမပါရင် ယောက်ျားက အပြစ်မပြောဘူး... မချက်ရကောင်းလားလို့လည်း မဆူဘူး.. ကြက်ဟင်းခါးသီးစားရင် ကောင်းတယ်လို့ပဲပြောတယ်။


ကလေးရလာတော့ ကလေးကလည်း ကြက်ဟင်းခါးသီး မကြိုက်ဘူး။ 

ဒါပေမဲ့ အမေနဲ့ စျေးသွားတဲ့အခါ.. မေမေ  ကြက်ဟင်းခါးသီးဝယ်ပါ.. ဖေဖေကြိုက်တယ်လို့ ပြောတတ်တယ်။


တစ်နေ့မှာ မိန်းမမီးဖိုချောင်ဝင်တယ်။

အသားနဲ့ ငရုတ်ပွကို သူကြော်ပြီး သားနဲ့သူ့အတွက် ဟင်းတစ်ဝက်ကို အရင်ဖယ်ထားလိုက်တယ်။ 

ကျန်တဲ့ တစ်ဝက်ထဲ ကြက်ဟင်းခါးသီးရောထည့်ကြော်တယ်။ 

ယောက်ျားအတွက်ပေါ့။

 ဒါကို ယောက်ျားကတွေ့တော့ ဘာလို့ ခွဲကြော်သလဲမေးတယ်။ 

သားက ကြက်ဟင်းခါးသီးမကြိုက်တော့ အတူရောကြော်ရင် အသားတွေပါခါးသွားမှာစိုးလို့လို့ မိန်းမကပြောတယ်။


မိန်းမပြောတာကို နားထောင်ပြီးယောက်ျားက ရယ်တယ်။ 

 အဲဒီနောက် ယောက်ျားကပြောတယ်... ကြက်ဟင်းခါးသီးဟာ ဘာနဲ့ရောကြော်ကြော် သူ့အခါးဓာတ်ကို သူနဲ့ရောကြော်တဲ့အရာထဲ ထည့်မပေးဘူး၊ အခါးဓာတ် ကူးမပေးဘူး.. သူက လူကြီးလူကောင်းလိုမျိုး အသီးပါ တဲ့။


ကြက်ဟင်းခါးသီးက သူ့အခါးဓာတ်ကို သူနဲ့ရောကြော်တဲ့အရာထဲ ကူးမပေးဘူးဆိုတာကို မိန်းမက ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်ပြီး အတူရောကြော်ထားတဲ့ အသားကိုစားကြည့်လိုက်တာ အဲဒီအသားက ခါးမနေတာကို 

တွေ့ရတယ်။


ဒါကို သားကသိတော့ ဖေဖေဟာလည်း လူကြီးလူကောင်းပါ.. သူကြိုက်တာကို 

မလုပ်ပေးလည်း မေမေ့ကိုတစ်ခါမှ 

အပြစ်မဆိုခဲ့ဘူး တဲ့။


(ကိုယ့်ဒေါသ၊ ကိုယ့်စိတ်ခံစားချက်၊အပျက်ဓာတ်၊ ကိုယ့်ရဲ့မကောင်းတာကို ကိုယ့်ဆီမှာပဲချုပ်ငြိမ်းသွားစေပြီး တခြားသူကို ကူးစက်မပေးတာဟာ လူကြီးလူကောင်းပါပဲ )


လူကြီးလူကောင်းများနှင့်သာ အမြဲတွေ့ဆုံနိုင်ကြပါစေ၊

ကိုယ်တိုင်ကလည်း လူကြီးလူကောင်းကဲ့သို့ ကျင့်ကြံနေထိုင်နိုင်ကြပါစေဟုဆန္ဒပြုပါသည်။


မူရင်းရေးသားသူကို #Creditပေးပါသည်

Credit to- on line စာကြည့်တိုက်

#kcg

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု