စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

သူတော်ကောင်းတို့ စိတ်ထား


 သူတော်ကောင်းတို့ စိတ်ထား

━━━━━━━━━━━━━


 "ဆရာတော်.. နာရီကြီး

 ဘယ်ရောက်သွားသလဲ ဘုရား"


 "ညက ဒကာ ( ၂ ) ယောက်

 လာယူသွားကြတယ်ကွ"


 "ဆရာတော် သူခိုးလာခိုးသွားတာ

 ဖြစ်မှာပါ၊ ဆရာတော် မသိလိုက်ဘူးလား

 ဘုရား"


 "သိပါတယ်ကွ.. သူတို့က 

 မမှီမကမ်းနဲ့ ဖြုတ်နေသံကြားလို့ 

 မတော်လွတ်လို့ မင်းတို့နိုးကုန်ရင် 

 နာရီလဲအကောင်းမရ၊

 ဒုက္ခလည်းရောက်ကြမှာစိုးလို့

 ပလ္လင်နောက်မှာ

 ခွေးခြေရှိတယ်လို့တောင်

 ပြောလိုက်သေးတယ်"


 "ဆရာတော့်နှယ်.. သူခိုးပဲ 

 ဘာလို့ပြောလိုက်ရတာလဲ၊

 လှူပစ်လိုက်တယ်ဆိုတာကမှ 

 ဟုတ်သေးတယ်"


 "ထူးပါဘူးကွ သူတို့လာယူတော့လဲ 

 ကိုယ်ကသွားလှူရ သက်သာသွားတာပေါ့ 

 ညကြီးမင်းကြီး သူများမသိအောင် 

 လာယူတော့ ပုဂ္ဂိုလ် အယုတ်အမြတ်

 မရွေးရတော့ ဘူးပေါ့"


အောင်ခြင်းရှစ်ပါးဆရာတော်

အမရပူရမြို့။


 "ဆရာတော်…

 တပည့်တော်တို့ လှူထားတဲ့

 ရေဒီယိုကြီးလဲ မမြင်ပါလား 

 ဘယ်နေရာ သွားထားပါသလဲ ဘုရား"


 "ဘယ်မှ သွားမထားပါဘူး 

 သူ့ပိုင်ရှင်က လာယူသွားတယ်"


 "အို… ဆရာတော်ကလည်း 

 ဘယ်ကလာ ပိုင်ရှင်ရှိအုန်းမှာလဲ 

 တပည့်တော်တို့က 

 ဆရာတော်ကို လှူထားတာပဲ၊

 ဆရာတော်ပိုင်တဲ့ ပစ္စည်းပေါ့"


 "ငါမပိုင်လို့ပေါ့ကွာ၊ ငါပိုင်ရင် ပစ္စည်းက 

 ငါ့အနားမှာ ရှိနေမှာပေါ့၊

 ခုတော့ သူ့ပိုင်ရှင်အနား ရောက်သွားပြီ"


 "ဆရာတော်ကလည်း

 ဝေ့လည်လည်ပြောနေပြန်ပါပြီ၊

 သူခိုး ခိုးသွားတာ မဟုတ်လားဘုရား 

 ဒါဆို ဆရာတော် ရေဒီယို ဆုံးပြီပေါ့"


 "မဆုံးပါဘူးကွာ၊ ဆုံးတယ်ဆိုတာ

 မီးလောင်သွားတာတို့၊

 မြစ်ထဲပင်လယ်ထဲ ကျသွားတာတို့လို 

 ဘယ်သူမှ သုံးခွင့်မရတာမှ ဆုံးတာ၊

 ခုဟာက တစ်နေရာမှာ သုံးလို့

 ရနေအုန်းမှာပါ"


တောင်တွင်းကြီးမြို့၊

နတ်မှီတောရ ဆရာတော်ဘုရားကြီး။


 "ဆရာတော် လုပ်ပါအုန်းဘုရား..

 ဒုက္ခတော့ရောက်ကုန်ပြီ၊

 ရဲတိုင်မှ ဖြစ်တော့မယ်"


 "ဘာတုန်းဟ ကပ္ပိယရဲ့…

 မင်းဟာက အရင်းမပါ အဖျားမပါ 

 ပြူးတူးပြဲတဲနဲ့၊ တိုးတိုးသက်သာ

 ပြောစမ်းပါ"


 "ဆရာတော့် ပစ္စည်းတွေ 

 ညက သူခိုး ခိုးသွားပြီဘုရား..

 ဒါကြောင့် ပုလိပ် ( ရဲ )ကို တိုင်မှ

 ဖြစ်မယ်လို့ ပြောတာပါဘုရား"


 "ကပ္ပိယ ကိုယ့်ပစ္စည်း 

 သူများအခိုးခံရတယ်ဆိုတာ 

 ကိုယ်ကလည်း သူများပစ္စည်း

 ခိုးခဲ့ဖူးလို့ ဖြစ်မှာပေါ့ဟဲ့၊ သံသရာမှာ 

 ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဟာ 

 တစ်ချိန်ချိန်မှာ တူသောအကျိုး 

 ပြန်ပေးတတ်တာ ဓမ္မတာပဲ၊

 အသာနေပါ ကပ္ပိယရယ်..

 မင်းလုပ်လိုက်မှ ငါ သံသရာမှာ 

 သူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ်"


ကျေးဇူးတော်ရှင် 

မဟာစည်ဆရာတော်ဘုရား။


တရားမသိသူများအတွက် 

ဥစ္စာပျောက်လျှင် ငရဲရောက်ရ၏၊

တရားသိသူများအတွက်ကား 

ဥစ္စာပျောက်တိုင်း ကုသိုလ်ရရ၏ ဟူသော

အတွေးတစ်ချက်လေး ရနိုင်ကြပါစေ …


(မထေရ်မြတ်တို့၏ စကားဝုိင်းမှ)


ပြန်လည်မျှဝေခြင်း၊ share ခြင်းဖြင့်

ကုသိုလ်ယူနိုင်ပါသညါ။

* ဓမ်မဒါန *

Credit...အရှင်ကောသိယ ငါန်းဇွန်


ပြန်လည်ကူးယူ  ဒါနပြုပါသည်။ 🙏🙏🙏

#SanThuya

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု