စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
ကျွန်တော်တို့မိတ်ဆွေတစ်ယောက်က လူသူရှင်းသော မက္ကစီကို ကမ်းခြေတစ်နေရာမှာ သူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်တစ်ခုကို ပြောပြသည် ။
"ကြယ်ငါးကောက်သူများ"
နေဝင်ဆည်းဆာအချိန် သောင်ပြင်တွင် ဒေသခံတစ်ဦး ကုန်းကုန်း ကုန်းကုန်းဖြင့် သွားနေရာက တစ်စုံတစ်ခုကို ကုန်းကောက်ကာ ပင်လယ်ထဲသို့ လွှင့်ပစ်သည် ။ သည့်နောက် နည်းနည်းလျောက်သွားလိုက် တစ်ခုခုတွေ့လျင် ကုန်းကောက်လိုက် လွှင့်ပစ်လိုက် လုပ်နေသည် ။
သေသေချာချာကြည့်တော့ လှိုင်းနှင့်ပါလာပြီး သောင်ပြင်ပေါ်တွင်တင်ကျန်နေသည့် ကြယ်ငါးတွေကို ကောက်ယူပြီး ရေထဲပြန်ပစ်ထည့်ပေးနေခြင်းဖြစ်ကြောင်းတွေ့ရသည် ။
ဘာရည်ရွယ်ချက်ဖြင့်လုပ်နေလဲသိလို၍ မိတ်ဆက်ပြီးမေးကြည့်သောအခါ
" ဒီရေကျချိန် သောင်ပြင်ပေါ်တင်ကျန်နေတဲ့ကောင်တွေဟာ ရေတက်တဲ့အချိန်ရောက်အောင် သောင်ပြင်မှာ အကြာကြီးစောင့်နေရမှာ ၊ အဲ့လောက်ကြာရင် အောက်စီဂျင်ပြတ်ပြီး သေမှာပဲ ၊ ဒါကြောင့် သမုဒ္ဒရာ ထဲပြန်ပို့ပေးနေတာ "
ကျွန်တော့်မိတ်ဆွေက
" ဒါပေမယ့် ဒီကမ်းခြေတစ်လျောက်မှာ ကြယ်ငါးတွေ ထောင်ချီပြီးရှိနေတာ ၊ အဲ့ဒီကောင်တွေအားလုံး ခင်ဗျား ဘယ်လိုလိုက်ကောက်မလဲ ။ တစ်ယောက်တည်း မနိုင် နိုင်ဘူးလေဗျာ "
ဒေသခံပုဂ္ဂိုလ်က ပြုံးပြီး ကြယ်ငါးတစ်ကောင်ကို ကောက်ယူလိုက်သည် ။ ပြီးတော့
" တစ်ခြားကောင်တွေအတွက် မထူးခြားပေမယ့် ဟောဒီကြယ်ငါးတစ်ကောင်အတွက်ကတော့ ထူးခြားသွားတာပေါ့ဗျာ "
ဟုဆိုကာ ပင်လယ်ထဲသို့ လှမ်းပစ်ထည့်လိုက်လေသည် ။
#ဖေမြင့် #နှလုံးသားအာဟာရ
ဖတ်ခဲ့ဖူးတာတော့ ကြာခဲ့ပါပြီ ဖုန်ထချင်တဲ့သူတွေနဲ့ အမြင်မတော်စရာတွေတွေ့လာရတာများလာလို့ sharing လုပ်ပေးမိတာပါ။ non-sense တွေလုပ်နေမယ့်အစား ကျွန်တော်တို့ ကြယ်ငါးလေးတွေပဲ ကောက်ကြစို့လေနော့...။
Comments
Post a Comment