စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ကားဘရိတ်စနစ်မှာ ဖြစ်တတ်တဲ့ ပြဿ နာ ၁၀ ချက် =========================== ယာဉ်မောင်းသူတွေအနေနဲ့ မိမိကားရဲ့ ဘရိတ်စနစ်မှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို သိရှိထားဖို့ ဖြစ်ပါ တယ်။





 ကားဘရိတ်စနစ်မှာ ဖြစ်တတ်တဲ့ ပြဿ နာ ၁၀ ချက်

===========================

 ယာဉ်မောင်းသူတွေအနေနဲ့ မိမိကားရဲ့ ဘရိတ်စနစ်မှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို သိရှိထားဖို့ ဖြစ်ပါ တယ်။


(၁)ဘရိတ်နင်းတဲ့အခါ တစ်ဖက်ဆွဲသွားတာ

**********************************

ကားကို တစ်နာရီ ၂၀ မိုင်နှုန်း အထက် မောင်းနှင်ရင်း ရပ်တန့်ဖို့ ဘရိတ်နင်းလိုက်တဲ့အခါ ကားဘီးတွေက အခြား ဦးတည်ရာဘက်ကို ဆွဲသွားတာမျိုးပါ။ ဘရိတ်ရဲ့ သက်ရောက်မှုက ကားကို ဆန့်ကျင်ဘက် အရပ်ဆီ ဆွဲသွားစေတာ ဖြစ်တယ်။ အဲဒါ က ဘရိတ်ရဲ့ ဟိုက်ဒရောလစ်စနစ်မှာ ပြဿနာရှိနေပြီဆိုတာ သတိပေးလိုက်တာပါ။


(၂)ဘရိတ်လိုင်းတွေရဲ့ ပြဿနာ

**********************

ရပ်တန့်နိုင်ဖို့အတွက် ဘရိတ်ကို ပြင်း ပြင်းထန်ထန်ဖိနင်းနေရပြီဆိုရင် ဘရိတ် လိုင်း (brake lines)တွေ ပိတ်ဆို့နေတာ ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘရိတ် လိုင်းတွေကို စစ်ဆေးပြီး ပျက်စီးတာ၊ ကျိုး ပဲ့တာတွေကို ချက်ချင်းအသစ်လဲလှယ်ရပါမယ်။


(၃)ပါကင်ဘရိတ်ပြဿနာ

******************

ပါကင်ဘရိတ်ကို လက်နဲ့ ဆွဲပေမဲ့ ယာဉ်က ရပ်တန့်မသွားဘဲ လိမ့်နေမယ်ဆို ရင် ပါကင်ဘရိတ်ချို့ယွင်းနေတာပါ။ ဘ ရိတ်စနစ်ရဲ့ ချိတ်ဆက်ထားတဲ့ကြိုး (cable) ပြတ်တောက်သွားတာ ဒါမှမဟုတ် ဒရမ်(drum)၊ ဒစ် (disk) ဘရိတ်စနစ်တွေက မှန်မှန်ကန်ကန် အလုပ်မလုပ်တာ ဖြစ် တယ်။


နောက်တစ်ချက်က မာစတာဆလင် ဒါ (master cylinder) 

                        ********************************

ဘရိတ်စနစ်နဲ့ ချိတ်ဆက်မှု အပိုင်းတွေမှာ ပြဿနာ ရှိနေ တာပါ။ မာစတာ ဆလင်ဒါက ဘရိတ်စနစ် နဲ့ ဟိုက်ဒရောလစ် အ ရည် ဖိ အား ကို ထောက်ပံ့ပေးပါတယ်။ ဘရိတ်ရှူး၊ ပက်ဒ် (pads)၊ ဒရမ်နဲ့ ရော့တာ (rotors) စတဲ့ အ စိတ်အပိုင်းတွေကို မာစတာဆလင်ဒါနဲ့ စနစ်တစ်ခု အနေနဲ့ ချိတ်ဆက်လှုပ်ရှားစေ ပါတယ်။ ဘရိတ်စနစ်အတွင်းမှာ လည်ပတ် နေတဲ့ ဘရိတ်ဆီအနေအထားကိုလည်း စစ်ဆေးဖို့ လိုပါတယ်။ အထူးသဖြင့် မာစတာ ဆလင်ဒါရဲ့ ပတ်လည်ဧရိယာဝန်းကျင်မှာ ဘရိတ်ဆီယိုစိမ့်မှု ရှိမရှိ စစ်ဆေးရ ပါမယ်။ ယိုစိမ့်မှုတွေက ဘရိတ်ဆီ ထိန်းသိမ်းတဲ့ စနစ်ချွတ်ယွင်းတာ၊ ဆီလ် (seals) တွေ ပျက်စီးတာကြောင့်ပါ။ အဲဒါက မာစတာဆလင်ဒါရဲ့ ပံ့ပိုးပေးတဲ့ ဖိအားကို လျော့ကျစေတာကြောင့် ဘရိတ်စနစ်ကို အကျိုးရှိရှိ အသုံးမပြုနိုင်တာပါ။


(၄)ဘရိတ်ပက်ဒ်ပြဿနာ

******************

ဘရိတ်နင်းလိုက်တဲ့အခါ တကျွီကျွီ မြည်သံကြားရရင်တော့ ကားရဲ့ ဘရိတ်ပက်ဒ် (brake pads) အသစ်လဲဖို့ လိုအပ် နေတာပါ။ ဘရိတ်နင်းတဲ့အခါ တုန်ခါတာ ကလည်း ဘရိတ်ပက်ဒ်ချို့ယွင်းလို့ပါပဲ။


(၅)ဘရိတ်အသုံးပြုတဲ့အခါ အသံမြည်တာ

*******************************

မောင်းနှင်ရင်း ဘရိတ်ကို နင်းလိုက်တဲ့ အခါ ပုံမှန်အတိုင်း ရပ်တန့်တာမျိုး ရှိမရှိ ဂရုပြုစစ်ဆေးတာမျိုး ပြုလုပ်သင့်ပါတယ်။ အဲသည်အချိန်မှာ ဘရိတ်စနစ်တွေဆီက ပြင်းထန်တဲ့ တဂျစ်ဂျစ် မြည်သံ ဒါမှမဟုတ် တကျွီကျွီမြည်သံတွေ ကြားရရင်တော့ ဘရိတ်စနစ်မှာ ပြဿနာ ရှိနေပြီဆိုတာ ညွှန်ပြနေတာပါ။


(၆)ဘရိတ်ဆီ လျော့နည်းတာ

**********************

ဘရိတ်ကို ပုံမှန်ဖိနင်းလိုက်တဲ့ အခါ ပစ္စတင် (piston) ရဲ့ တွန်းအားနဲ့ ရော့ တာ (rotor)ကို တစ်ဖန်ပုံမှန်လှုပ်ရှားနိုင်ဖို့ ဘရိတ်ဆီကို ပိုမိုဆွဲယူရပါတယ်။ ဘရိတ် ဆီ လိုအပ်တာထက် လျော့နည်းနေတာက   ဘရိတ်စနစ်မှာ ပြဿနာ တစ်ခုပါပဲ။ ဘ ရိတ်ဆီက သတ်မှတ်တဲ့ ပမာဏပြည့်မီဖို့ လိုအပ်သလို သတ်မှတ်တဲ့ အရည်အသွေး ပြည့်ဝဖို့လည်း လိုအပ်တယ်။


(၇) Brake power boost unit ပြဿနာ

*********************************

ကားရဲ့ brake power boost unit ချွတ်ယွင်းတာကလည်း ဘရိတ်ကို ပုံမှန် ထက် ပိုပြီး ဖိနင်းရပါတယ်။ ဒါကြောင့် ဘရိတ်ကို ပုံမှန်ထက်ဖိနင်းရတဲ့ ပြဿနာ က brake power boost unit ကို စစ်ဆေး ဖို့လည်း လိုအပ်တယ်။


(၈) ဘရိတ်ဆီတွေ ညစ်ညမ်းလို့

************************

ဘရိတ်ကို ပုံမှန်ထက် ဖိနင်းနေရပြီဆို ရင် ဘရိတ်ဆီ ညစ်ညမ်းတာများလာတာ ကြောင့်လည်း ဖြစ်နိုင်တယ်။


(၉) Vacuum System ပြဿနာ

**************************

Vacuum System မှာ ပြဿနာ ရှိနေ ရင်လည်း ဘရိတ်စနစ်ချွတ်ယွင်းပါတယ်။ အဲဒါကြောင့် ရပ်တန့်တဲ့အခါ ဘရိတ်ကို ပြင်းပြင်းထန်ထန် ဖိနင်းရပါတယ်။


(၁၀) ကားရဲ့ ဘရိတ်ဒစ်ချွတ်ယွင်းတာ

*****************************

ဘရိတ်ကို အသုံးပြုတဲ့အခါ တစ်ဖက် ဆွဲသွားတာ၊ တုန်ခါတာတွေက ဘရိတ်ဒစ် (brake discs) ချွတ်ယွင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒစ်ဘရိတ်တွေကို စစ်ဆေးပြီး တစ်ခုဖြစ်စေ၊ အားလုံးဖြစ်စေ ပျက်စီးမှုအလိုက် အသစ် လဲလှယ်ရပါမယ်။

================================================

(ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်)


crd မူရင်းရေးသားသူ & post

crd photo

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု