စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ဖားကန့်မြို့အဝင် လမ်းချဲ့ရာတွင် ကျောက်စိမ်းကြောပေါ်သဖြင့် ရေမဆေးကျောက်ရှာသူ များပြား


 ကချင်ပြည်နယ် ဖားကန့်မြို့အဝင် မော်ဝမ်းရပ်ကွက် အပေါ်လမ်းနှင့် ဆေးရုံသွားလမ်းထောင့် ဒေသအခေါ် ကြက်တစ်ကောက်ကုန်း၌ မြို့နယ်စည်ပင်သာယာရေးကော်ကမတီက လမ်းကျဉ်းမြောင်းဟုဆိုကာ ဘက်ဖိုးများဖြင့် လမ်းကမ်းပါးယံများ ဖြိုချပြီး လမ်းချဲ့ရာတွင် မြေမှန်ကျောက်စိမ်းကြော ပေါ်လာသဖြင့် ရေမဆေးကျောက်ရှာဖွေသူ အများအပြား လာရောက်၍ ကျောက်လာရှာကြကြောင်း သတင်းရရှိသည်။



ရေမဆေးကျောက်စိမ်း လာရောက်ရှာဖွေသူများအား မေးမြန်းရာ မြေမှန်ကျောက်စိမ်းကြော ပေါ်နေသည်မှာ နိုဝင်ဘာ ၂၃ ရက် နေ့လယ်က စတင်ပေါ်ခဲ့ပြီးနောက် ဘက်ဖိုးဖြင့် ကမ်းပါးယံများ ဖြိုချရာတွင် ကျောက်စိမ်းအရိုင်းတုံးများ ပေါ်လာခဲ့ကြောင်း ၊ အဆိုပါသတင်းရရှိသဖြင့် ရေမဆေးကျောက်ရှာသူ အများအပြား လာရောက်ရှာဖွေကြကြောင်း၊ စျေးကောင်းရ မရ မသိရသော်လည်း ကျောက်လာဝယ်သူ၊ ရေမဆေးကျောက်ရှာသူများ လာရောက် ရောင်းဝယ်ကြကြောင်း ပြောကြားသည်။




“ဘက်ဖိုး နှစ်စီး၊ ကားက ရှစ်စီးနဲ့ ဆေးရုံသွားလမ်း ချဲ့တာပါ။ ကျောက်ကြောကတော့ ပေါ်လာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျောက်လာရှာသူတွေ အန္တရာယ်ဖြစ်မှာစိုးလို့ ကန့်သတ် ရှာခိုင်းပါတယ်။ ကုမ္ပဏီတွေက ကျောက်မတူးရတော့ သူတို့လည်း အလုပ်မရှိတော့ လာရှာကြတာထင်ပါတယ်။ ကျောက်တော့ ရတော့ ရကြတယ်နဲ့ တူပါတယ်”ဟု ဖားကန့်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အေးက ပြောကြားသည်။




ဖားကန့်ဒေသည် ကျောက်စိမ်းထွက်ရှိရာ ရတနာမှော်ဒေသ ဖြစ်သော်လည်း ကိုဗစ်- ၁၉ ကမ္ဘာ့ကူးစက်ရောဂါကြောင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ နားထားလျက်ရှိပြီး နှစ်စဉ် အောက်တိုဘာလမှ စတင်ကာ ဇွန်လအထိ ရှစ်လအချိန်သည် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများ လုပ်ဆောင်သော ကာလဖြစ်ပြီး ထိုအချိန်များ၌ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ဖားကန့်ဒေသသို့ ရေမဆေးကျောက် လာရောက်ရှာဖွေသူ သုံးသိန်းခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု