စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
Yangon Life ပရိသတ်ကြီးအတွက် အားလုံးသိချင်နေမယ်လို့ထင်တဲ့ "အနံ့ပျောက်ရင် ဘာလုပ်ရမလဲ"၊ "အနံ့ပြန်ရရင်ရော အေးအေးဆေးဆေး နေလို့ရပြီလား" အစရှိတဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ခံစားနေရသူတွေကို မေးမြန်းပြီး ဖော်ပြပေးလိုက်ပါတယ်။ အရေးကြီးတာမို့ ဆက်ဆက်ဖတ်ကြည့်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်နော်။
အနံ့ပျောက်နေပြီလား
===============
ကိုဗစ်ပိုးက တစ်ဦးနဲ့တစ်ဦး လက္ခဏာမတူကြပါဘူး။ ဒါပေမဲ့ များသောအားဖြင့်တော့ အနံ့ပျောက်သွားပြီဆိုရင် ဒါဟာ သိသာတဲ့ ရောဂါလက္ခဏာတစ်ခုလို့ ဆိုရပါမယ်။ ဒါဆိုရင် အနံ့ပျောက်တာနဲ့ပဲ ပိုးရှိနေပြီလားလို့မေးရင်တော့ အတော်များများမှာတော့ အနံ့ပျောက်တဲ့သူတွေမှာ Positive ဖြစ်နေတာကို အတွေ့များနေရပါတယ်။ ကိုယ်ခံအားပေါ်မူတည်ပြီး ရောဂါလက္ခဏာပြတာ ကွဲပြားနိုင်တာကြောင့် အနံ့ပျောက်ပြီဆိုရင် သတိ ထားဖို့ သေချာပေါက် နှိုးဆော်ပါရစေနော်။
အနံ့ပျောက်ပြီးမှ ပြန်ရလာရင်ကော
=======================
အဲဒီအချက် အလွန်အရေးကြီးပါတယ်နော်။ လူအများက အနံ့ပျောက်တာလောက်လေးပဲဆိုပြီး အိမ်မှာပဲနေ၊ ဆေးတွေသောက် ပြောရရင် ကြိတ်ကုတယ်ပေါ့။ အဲဒီလိုနဲ့ မိသားစုကိုပါ ကူးစက်နိုင်တာမို့ သတိပြုပါနော်။
အတော်များများက အဲဒီလိုအိမ်မှာကုရင်းနဲ့ အနံ့ပြန်ရသွားတယ်ပေါ့။ အဲဒါနဲ့စိတ်အေးပြီး စိတ်ချလက်ချနေမိတယ်ပေါ့။ အဲဒီလိုနဲ့ အသိတစ်ယောက်မှာ ဖြစ်သွားတဲ့အဖြစ်လေးကိုပြောပြပါမယ်။ သူက အနံ့ပြန်ရသွားလို့ ကျန်းမာရေးဌာန မသွားတော့ဘူး။
အဲဒီလိုနဲ့အမျိုးအိမ်သွားလည်မိရာက အဲဒီအိမ်က အသက်ကြီးပိုင်းကိုကူးပြီး ချက်ချင်းပဲအသက်ရှုကြပ်ပြီး အဲဒီအဘိုးကြီး ဆုံးသွားပါတယ်။ အဲဒါကြောင့် အနံ့ပျောက်တာဖြစ်ဖြစ်၊ အနံ့ပြန်ရတာဖြစ်ဖြစ် ဆေးကုသမှုမခံယူဘဲ အေးဆေးနေလို့မရဘူးဆိုတာ သတိပြုပါနော်။
စစ်ဆေးဖို့ဘယ်လိုလုပ်ရမလဲ
===================
အရင်ကတော့ အနံ့ပျောက်သူတွေများလွန်းပြီး စစ်ဖို့ကလည်းကြာတော့ ကျန်းမာရေးဌာနတွေက အိမ်မှာပဲ Home Q နေခိုင်းပါတယ်။ အခုနောက်ပိုင်းတော့ စစ်တာလည်းမြန်လာပြီ၊ စစ်ပေးတဲ့နေရာတွေလည်း တိုးလာပြီဆိုတော့ အနံ့ပျောက်တာ၊ အခြားလက္ခဏာတွေပြတာမျိုးဆို သွားပြီးစစ်ကြည့်လိုက်တာ ကောင်းပါတယ်နော်။ ဥပမာတစ်ခုပြောရရင် အခုဆို ဧရာဝတီကိုဗစ်စင်တာမှာလည်း စစ်လို့ရနေပြီဆိုတော့ အွန်လိုင်းကနေပြီး စစ်ဆေးဖို့ဖောင်တင်လိုက်တာနဲ့ နောက်ရက်ဆိုစစ်နိုင်ပါတယ်နော်။
ခုတော့ ဒီလောက်ပါပဲ။ နောက်ရက်မှ စစ်ဆေးလို့ P ဖြစ်တယ်ဆိုရင် ဘာဆက်လုပ်လို့ရလဲဆိုတာနဲ့ပတ်သက်ပြီး ပြောပြပေးပါဦးမယ်။
https://yangonlife.com.mm/mm/article/64811
************************************************************************************
Yangon Life ပရိသတ်ကြီး နေကောင်းအောင်နေပါ. ကိုယ်ခံအားကောင်းမယ့် အစားအစာတွေရွေးစားပါ. ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ အနံ့ပျောက်ရင်တော့ သွားပြီး အစစ်ဆေးခံကြပါနော်
Comments
Post a Comment