စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

မောင်တောမြို့နယ်အတွင်း မော်တော်ယာဉ်တစ်စီး မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၃ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရရှိ


 

မောင်တောမြို့နယ်အတွင်း မော်တော်ယာဉ်တစ်စီး မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၃ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရရှိ

===================

နေပြည်တော်၊ နိုဝင်ဘာ - ၁၇


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သာယာကုန်းကျေးရွာမှ မောင်းနှင်လာသော NOAH အမျိုးအစား အနက်ရောင်မော်တော်ယာဉ် ၁ စီးသည် ယနေ့ နေ့လယ် ၁ နာရီကျော်ခန့်တွင် လိပ်ရလမ်းဆုံအနီးအရောက်၌ ဒေသန္တရလက်လုပ်နင်းမိုင်း နင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသူ ၉ ဦးအနက် ခရေမြိုင်ကျေးရွာနေ ကိုကျော်ရဲအောင် ၂၅ နှစ်၊ မအေးဆန်းနု ၂၀ နှစ်နှင့် မောင်ကျော်ဆန်းဦး ၃ နှစ်တို့ ၃ ဦးမှာ မိုင်းပေါက်ကွဲမှုကြောင့် နေရာ၌ပင် သေဆုံးခဲ့ပြီး တစ်ရွာတည်းနေ ကျန် ၆ ဦးမှာ မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။       


အဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာအနီးတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲဝင်များက သွားရောက်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒဏ်ရာရရှိသူများအား လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး မောင်တောမြို့နယ်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။http://dsinfo.org/node/682

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု