စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
နိဒါန်း
ယနေ့ကာလတွင် မော်တော်ယာဉ်များ ထွန်းကားများပြားလာသည့်အတွက် ကောင်းကျိုးများစွာ ဖြစ်ထွန်းရသကဲ့သို့ မတော်တဆမှုများစွာလည်း ပေါ်ပေါက်လာရသည်။ ထို့အတွက်လည်း ထိခိုက်မှုများ ကို သတိထားရှောင်ကြဉ်ကြစေရန်နှင့် ထိခိုက်မှုများဖြစ်ပေါ်လာပါက ကုစားနိုင်ရန် ဥပဒေပြဌာန်းချက် များကို ခေတ်နှင့်လျော်ညီစွာ ပြဌာန်းလာရတော့သည်။ ဥပဒေနှင့်မနီးစပ်သူများကလည်း ဥပဒေအစုအဖွဲ့များတွင် မော်တော်ယာဉ်မတော်တဆမှုအတွက် သိလိုသည်များ တင်၍မေးမြန်းမှု များလာသည်။ ဤစာစုသည် ယာဉ်မတော်တဆမှုများနှင့် စပ်လျဉ်းသော ရာဇဝတ်မှု ဆိုင်ရာ ကုစားမှုများကို ဥပဒေသမားမဟုတ်သူများအတွက် ဗဟုသုတအလို့ငှာ တင်ပြထားခြင်းဖြစ် ပါသည်။
မော်တော်ယာဉ်ဟူသည်_
ယနေ့ကာလ၌ ဥပဒေအရမော်တော်ယာဉ် ဟူသောစကားရပ်ကိုဖွင့်ဆိုရာတွင် _
မော်တော်ယာဉ်ဥပဒေပုဒ်မ ၂(ဂ) တွင် မော်တော်ယာဉ်ဆိုသည်မှာ စက်အားကိုဖြစ်စေ၊ လျှပ်စစ်အားကို ဖြစ်စေ၊ အခြားစွမ်းအင်တစ်မျိုးမျိုးကိုဖြစ်စေ၊ အသုံးပြု၍ မောင်းနှင်သော ဘီးတပ်ယာဉ်ကို ဆိုသည် ဟု လည်းကောင်း၊
အမြန်လမ်းမကြီးများဥပဒေ ပုဒ်မ ၂(စ) တွင် မော်တော်ယာဉ်ဆိုသည်မှာ စက်အားကိုဖြစ်စေ၊ လျှပ်စစ်အားကိုဖြစ်စေ၊ စွမ်းအင်တစ်မျိုးမျိုးကိုဖြစ်စေ၊ အားလုံးသော်လည်းကောင်း၊ အချို့အဝက်သော် လည်းကောင်း၊ အသုံးပြု၍ လမ်းပေါ်တွင် မောင်းနှင်သွားလာသည့် သို့မဟုတ် မောင်းနှင်သွားလာနိုင် သည့်
ယာဉ်ကို ဆိုသည် ဟု ဖွင့်ဆိုထားကြပါသည်။
မော်တော်ယာဉ်မတော်တဆမှုနှင့်စပ်လျဉ်းသော ရာဇဝတ်မှုများ_
မော်တော်ယာဉ်မတော်တဆမှုအတွက် ရာဇဝတ်မှုများကို အဓိကအားဖြင့် ရာဇသတ်ကြီးတွင် ပါဝင်ပါသည်။ ၎င်းတို့မှာ
ပုဒ်မ - ၂၇၉
အများပြည်သူဆိုင်ရာလမ်းတွင် အရမ်းမောင်းခြင်း သို့မဟုတ် အရမ်းစီး လျှင် နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ပါသည်။ ဤအမှုသည် ရဲကဝရမ်းမပါဘဲဖမ်းဆီးခွင့်ရှိပြီး အာမခံပေးရမည့်အမှုဖြစ်ကာ ကျေအေးခွင့်မရှိသော အမှုဖြစ်ပါသည်။
ပုဒ်မ - ၃၃၆
လူ့အသက်ကိုဖြစ်စေ၊ အခြားသူတို့၏ လုံခြုံရေးကို ဖြစ်စေဘေးဖြစ်စေအောင် အရမ်းသော်လည်း ကောင်း၊ ပေါ့လျော့စွာသော်လည်းကောင်းပြုလုပ်လျှင် တစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်ငါးသောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ပါသည်။ ဤအမှုသည် ရဲက ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိပြီး အာမခံပေးရမည့်အမှုဖြစ်ကာ ကျေအေးခွင့်မရှိသော အမှု ဖြစ်ပါသည်။
ပုဒ်မ ၃၃၇
လူ့အသက်ကိုဖြစ်စေ၊ အခြားသူတို့၏လုံခြုံရေးကိုဖြစ်စေ ဘေးဖြစ်အောင် အရမ်းသော်လည်းကောင်း၊ ပေါ့လျော့စွာသော်လည်းကောင်း ပြုလုပ်သည့်အတွက် တစ်ဦးတစ်ယောက်ကို နာကျင်စေလျှင် နှစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ပါသည်။ ဤအမှုသည် ရဲက ဝရမ်းမပါဘဲဖမ်းဆီးခွင့်ရှိပြီး အာမခံပေးရမည့်အမှုဖြစ်ကာ ကျေအေးခွင့်မရှိသောအမှုဖြစ်ပါသည်။
ပုဒ်မ- ၃၃၈
လူ့အသက်ကိုဖြစ်စေ၊ အခြားသူတို့၏လုံခြုံရေးကိုဖြစ်စေ ဘေးဖြစ်အောင် အရမ်းသော်လည်းကောင်း၊ ပေါ့လျော့စွာသော်လည်းကောင်း ပြုလုပ်သည့်အတွက် တစ်ဦးတစ်ယောက်ကို သင်းကွပ်သွားစေလျှင်၊ မျက်လုံးတစ်လုံးလုံးကွယ်သွားစေလျှင်၊ နားတစ်ဘက်ဘက်မကြားစေလျှင်၊ ခန္ဓာကိုယ်ချို့တဲ့သွားစေလျှင်၊ အင်အားကိုချို့တဲ့သွားစေလျှင်၊ ရုပ်ဆင်းပျက်သွားစေလျှင်၊ အရိုးတစ်ခုခု၊ သွားတစ်ချောင်းချောင်း ကျိုးအက်သွားစေလျှင်၊ လုပ်မြဲအလုပ်ရက်နှစ်ဆယ်မလုပ်နိုင်စေလျှင် ငါးနှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ပါသည်။ ဤအမှုသည် ပြစ်မှုထင်ရှားကြောင်း စီရင်ချက် ချမှတ်ခံရလျှင် ဥပဒေသဘောအရ ထောင်ဒဏ်မဖြစ်မနေ ချမှတ်ရသော အမှုဖြစ်ပါသည်။ ဤအမှုသည် ရဲက ဝရမ်းမပါဘဲဖမ်းဆီးခွင့်ရှိပြီး အာမခံပေးရမည့် အမှုဖြစ်ကာ ကျေအေးခွင့် မရှိသောအမှုဖြစ်ပါသည်။
ပုဒ်မ - ၃၀၄-က
အရမ်းသော်လည်းကောင်း၊ ပေါ့လျော့စွာသော်လည်းကောင်း ပြုလုပ်သည့်အတွက် လူတစ်ဦး တစ်ယောက် ကို သေစေလျှင် ခုနှစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါသည်။ ဤအမှုသည်လည်း ပြစ်မှုထင်ရှားကြောင်း စီရင်ချက်ချမှတ်ခံရလျှင် ဥပဒေ သဘောအရ ထောင်ဒဏ်မဖြစ်မနေချမှတ်ရသော အမှု ဖြစ်ပါသည်။ ရဲက ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိပြီး အာမခံပေးရမည့် အမှုဖြစ်ကာ ကျေအေးခွင့် မရှိသောအမှုဖြစ်ပါသည်။
အမြန်လမ်းမကြီးပေါ်က မော်တော်ယာဉ်မတော်တဆမှုများ_
ဤရက်ပိုင်းအတွင်း အမြန်လမ်းမကြီးပေါ်တွင် မော်တော်ယာဉ်မတော်တဆမှုဖြစ်ပွားပါက အရေးယူ၍ ရမရ မေးမြန်းလာမှုများတွေ့လာရသည်။
ဤနေရာတွင် ပထမဦးစွာသိထားသင့်သည်မှာ အမြန်လမ်းမကြီးဟူသည် အဘယ်နည်းဆိုသည့် အချက် ဖြစ်သည်။ အမြန်လမ်းမကြီးများဥပဒေ ပုဒ်မ ၂(ဃ) အရ ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမြန်လမ်းမကြီးအဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားသည့် လမ်းမကြီး၊ ယင်းလမ်းမကြီး၏တစ်ဘက်တစ်ချက်ရှိ လမ်းနယ်နိမိတ် နှင့် ယင်းလမ်းမကြီးပေါ်ရှိ တံတား များကို အမြန်လမ်းမကြီးဟုသတ်မှတ်ပါသည်။
အမြန်လမ်းမကြီးများဥပဒေ ပု်မ ၁၄ အရထိုသို့သတ်မှတ်ထားသော အမြန်လမ်းမကြီးတွင် လမ်းလုပ်ငန်းဆောင်ရွက်သည့် လုပ်သားများ၊ တာဝန်ယူကြီးကြပ်သူများ၊ မောင်းနှင်ခွင့်ပြုထားသော မော်တော်ယာဉ်များ သွားလာခြင်းမှအပ မည်သူမျှ ခြေလျင်သွားခြင်း၊ စက်ဘီး သို့မဟုတ် မော်တော် ဆိုင်ကယ်စီးနင်းသွားလာခြင်း၊ ထော်လာဂျီကဲ့သို့အနှေးယာဉ်ဖြင့်သွားလာခြင်း၊ လှည်းနှင့်တိရိစ္ဆာန်များ အပါအဝင် အခြားတားမြစ်သည် ယာဉ်များ သွားလာခြင်း၊ အခြားတစ်နည်းနည်းဖြင့် အမြန်လမ်းမကြီး ပေါ်တွင် ဖြတ်သန်းခြင်း၊ သွားလာခြင်း၊နားနေခြင်းတို့ မပြုရပါဘူး။ ထိုသို့ပြုသူကို အမြန်လမ်းမကြီး များဥပဒေ ပုဒ်မ ၂၄ အရ ရဲကဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိပြီး ပုဒ်မ ၁၈ အရ တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်ငါးသောင်းမှ အများဆုံးကျပ်သုံးသိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါသည်။
ထိုသို့ အမြန်လမ်းမကြီးများဥပဒေ ပုဒ်မ ၁၄ အရ ကန့်သတ်ချက်များကို မလိုက်နာ ဖောက်ဖျက်သဖြင့် လူနှင့် ပစ္စည်းထိခိုက်မှု သို့မဟုတ် သေဆုံးမှုဖြစ်ပေါ်ပါက ဥပဒေနှင့်အညီ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာ၍ မောင်နှင်သည့် မော်တော်ယာဉ်၏ ယာဉ်မောင်းတွင် တာဝန်မရှိစေရဟု ပုဒ်မ ၁၃ တွင် ပြဌာန်းထားပါသည်။
မော်တော်ယာဉ်မတော်တဆမှုအတွက်ရာဇဝတ်မှုအတွင်းမှလျော်ကြေး_
မော်တော်ယာဉ်မတော်တဆမှုတွင် လူကိုသော်လည်းကောင်း၊ ပစ္စည်းကိုသော်လည်းကောင်း ထိခိုက်မိ သည်များရှိသည့်အပေါ် လျော်ကြေးလည်းတောင်းခံနိုင်ပါသည်။ မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၆၇ အရ အထက်တင်ပြပါ မော်တော်ယာဉ် မတော်တဆမှုများမှ ပစ္စည်းတစ်ခုခုကို ထိခိုက်မှုဖြစ်စေသည့် ရာဇသတ်ကြီး ပုဒ်မ ၂၇၉၊ ၃၃၇၊ ၃၃၈၊ သို့မဟုတ် ၃၀၄-က တို့တွင် ပြစ်ဒဏ်စီရင်ခြင်းခံရသူကို ပြစ်ဒဏ်အပြင် ပျက်စီးသွားသော ပစ္စည်းအတွက် ပစ္စည်းပိုင်ရှင်နှင့် ပြစ်မှုကျူးလွန်သူတို့ သဘောတူညီမှုမရရှိပါက ပျက်ဆီးသွားသည့်ပစ္စည်းကို ပြုပြင်ရန် သို့မဟုတ် အစားထိုးရန် လုံလောက်သည့် လျော်ကြေးကိုလည်း ပေးဆောင်ရမည်မည်ဖြစ်ပါသည်။ အဆိုပါ လျော်ကြေးကို မပေးဆောင်ပါက ထောင်ဒဏ်ချမှတ်နိုင်ခြင်းမရှိဘဲ အခွန်ငွေမပြေကျန်ငွေကဲ့သို့သာကောက်ခံနိုင်ပါ သည်။
နိဂုံး_
လူသားသည်အမှားမကင်းရှိတတ်သည်။ ထို့အတူလူသားသုံးသော မော်တော်ယာဉ်တွင်လည်း အမှားကင်းမည်မဟုတ်ပေ။ လူကြောင့်သော်လည်းကောင်း၊ စက်ကြောင့်သော်လည်းကောင်း မတော်တဆဖြစ်ခဲ့လျှင် ဥပဒေအရ ဖြစ်နိုင်ဖွယ်များကို ကြိုတင်သိရှိထားခြင်းဖြင့် မဖြစ်အောင်သတိထား နိုင်ခြင်း၊ ဖြစ်လျှင်ဥပဒေနှင့်အညီ ဖြေရှင်းနိုင်ခြင်းဟူသည့် အကျိုးရလိမ့်မည်ဟု မျှော်မှန်းတင်ပြလိုက် ရပါသည်။
သော်နေဇော်(ဥပဒေ)
၂၅. ၁၁. ၂၀၂၀
Comments
Post a Comment