စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

လာမည့်တစ်ပတ်မှ နှစ်ပတ်အတွင်း ရောဂါပြန့်ပွားမှု မြင့်တက်လာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်သတိပေး


 

လာမည့်တစ်ပတ်မှ နှစ်ပတ်အတွင်း ရောဂါပြန့်ပွားမှု မြင့်တက်လာနိုင်ကြောင်း ဒေါ်အေသတိပေး



ရွေးကောက်ပွဲတွင် ဒီချုပ် အပြတ်အသတ်အနိုင်ရခဲ့သဖြင့် ကပ်ရောဂါအများဆုံးကူးစက်ပြန့်ပွားနေသော ရန်ကုန်မြို့တွင်ပင် လူစုလူဝေးဖြင့်အောင်ပွဲခံသူများပြား၍ ပိုးကူးစက်မှုမဆိုးရွားစေရန် သက်ဆိုင်ရာက တားမြစ်ခဲ့ရသည်။ (ဓာတ်ပုံ − Ye Aung THU / AFP)



လာမည့် တစ်ပတ်မှနှစ် ပတ်အတွင်း ကိုဗစ်ရောဂါပြန့်ပွား မှု အနည်းငယ်မြင့်တက်လာနိုင်ပြီး သတိပြုနေထိုင်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။



Home > Local News


လာမည့်တစ်ပတ်မှ နှစ်ပတ်အတွင်း ရောဂါပြန့်ပွားမှု မြင့်တက်လာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်သတိပေး

By အောင်ရဲကို on Tuesday, November 17, 2020 - 02:31


ရွေးကောက်ပွဲတွင် ဒီချုပ် အပြတ်အသတ်အနိုင်ရခဲ့သဖြင့် ကပ်ရောဂါအများဆုံးကူးစက်ပြန့်ပွားနေသော ရန်ကုန်မြို့တွင်ပင် လူစုလူဝေးဖြင့်အောင်ပွဲခံသူများပြား၍ ပိုးကူးစက်မှုမဆိုးရွားစေရန် သက်ဆိုင်ရာက တားမြစ်ခဲ့ရသည်။ (ဓာတ်ပုံ − Ye Aung THU / AFP)



လာမည့် တစ်ပတ်မှနှစ် ပတ်အတွင်း ကိုဗစ်ရောဂါပြန့်ပွား မှု အနည်းငယ်မြင့်တက်လာနိုင်ပြီး သတိပြုနေထိုင်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 


နိုဝင်ဘာ ၁၆ရက်က ပြည် သူများသို့ အစီရင်ခံတင်ပြသော COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ် လျဉ်းသည့် မိန့်ခွန်းတွင် ၎င်းကအ ထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။


 


‘‘ဒီအချိန်မှာ ကျွန်မတို့အနေ နဲ့သတိထားရမှာကတော့ ရွေး ကောက်ပွဲ နောက်ပိုင်းကာလမှာ လူစုလူဝေးဖြစ်ခဲ့တယ်ဆိုတာ ပြည်သူတွေအသိဆုံးပါပဲ။ အဲဒီ တော့ ဒီလိုလူစုလူဝေးဖြစ်တယ်ဆို ရင် ဒီရောဂါပြန့်ပွားနှုန်းဟာ အ လားအလာ များပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်း ပြသည်။


 


နေ့စဉ်ရောဂါ စစ်ဆေးတွေ့ ရှိမှုတွင် ပျမ်းမျှထောင်ဂဏန်း၌ တန့်နေခြင်းမျိုးရှိပြီး ထိုအခြေအ နေမှကျဆင်းရန် ကြိုးစားရမည် ဟု ၎င်းကတိုက်တွန်းသည်။


 


လက်ရှိ ဧရာဝတီ၊ မန္တလေး နှင့် ပဲခူးတိုင်းတို့၌ ရောဂါပြန့်ပွား မှုအနည်းငယ်တက်လာသည်ဟု အသိပေးသည်။


 


ပြည်သူများအနေဖြင့် ကျန်း မာရေးကိုသာဂရုစိုက်ရန်နှင့် ကပ် ရောဂါ ကူးစက်မှုမရှိအောင်နေ ထိုင်ပြီး အခြားသူများသို့ အဆင့် ဆင့်ကူးစက်မှုမရှိအောင် ဆောင် ရွက်ပါက နိုင်ငံတော်၏ ‘ဝန်’ ကို ထက်ဝက်မက ပေါ့သွားစေသည် ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကဆိုသည်။


 


ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ယခုရက်ပိုင်းအ တွင်း လူစုလူဝေးမဖြစ်စေရေးအ တွက်


 


ကြေညာချက်ကိုလိုက်နာရန်နှင့် စည်းမျဉ်းစည်းကမ်း ဖောက် ဖျက်ပါက အရေးယူမှုများပြုလုပ် မည်ဟု သတိပေးသည်။


 


‘‘ပြည်သူတွေကို အရေးယူ ချင်လို့မဟုတ်ဘူး။ ဒဏ်ပေးချင် လို့လည်းမဟုတ်ဘူး။ ဒီရောဂါ ဘေးမှ ကာကွယ်ချင်လို့ပဲဖြစ်ပါ တယ်။ ကျွန်မတို့ပြည်သူတွေ လုပ်ရဲကိုင်ရဲရှိပါတယ်။ တာဝန် လည်းသိတတ်ပါတယ်။ ထက် မြက်မှုလည်းရှိပါတယ်။ ဒါကြောင့် ကိုယ့်ကျန်းမာရေးအတွက်၊ ကိုယ့် လုံခြုံမှုအတွက်၊ကိုယ့်နိုင်ငံလုံခြုံ ဖို့အတွက် အားလုံးပူးပေါင်း ဆောင်ရွက်မယ်လို့ ကျွန်မမျှော် လင့်ပါတယ်။ ပြည်သူတွေက အ ဓိကဆိုတာတော့ မမေ့ပါနဲ့’’ ဟု ၎င်းကပြောသည်။


 


ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးအခက်အခဲများရင်ဆိုင် မှုကို ကြိုးစားဆောင်ရွက်နေကာ အခြေခံလူတန်းစားများအတွက် စတုတ္ထအကြိမ်မြောက် ထောက်ပံ့ မှု ဆောင်ရွက်နေသော်လည်း အ ချို့နေရာများ၌ လူစုလူဝေးဖြင့်အ နည်းငယ်သော ဆူပူမှုဖြစ်လာ သည်ကို တွေ့ရသည်ဟု မိန့်ခွန်း၌ ပါရှိသည်။


 


‘‘ဒါတွေဟာ မလိုအပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ရဲ့ ရည်ရွယ်ချက်က ဘယ်သူ့ကိုမှ ချန်ခဲ့ဖို့မရှိပါဘူး။ ဘယ်သူ့ကိုမှ လည်း ချန်ခဲ့မှာမဟုတ်ပါဘူး။ အ ကြောင်းကြောင်းကြောင့် ကျန်ခဲ့ တယ်ဆိုရင် တိုင်ကြားနိုင်တဲ့ ဌာန ကို စပြီးတော့ဖွင့်ပါပြီ။အဲဒီတော့ တိုင်ကြားနိုင်ပါတယ်’’ဟု COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသ ရေးအမျိုးသားအဆင့် ဗဟိုကော် မတီဥက္ကဋ္ဌက အကြံပြုသည်။


 


စတုတ္ထအကြိမ်မြောက် ထောက်ပံ့မှုတွင် ကျန်ရှိခဲ့သည့်အ ခြေခံလူတန်းစားများကို ထပ်မံပံ့ ပိုးပေးမည်ဖြစ်သည့်အတွက်ပြည် သူလူထုအနေဖြင့် ချောမွေ့စွာ ဖြေရှင်းနိုင်ရန် ပံ့ပိုးကူညီရမည်ဟု ၎င်းကထပ်လောင်းပြောသည်။


 


ထို့အပြင် အသေးစားချေး ငွေအတွက် ပြဿနာရင်ဆိုင်နေရ သော ပြည်သူအချို့ရှိကြောင်း သိ ရှိရသည့်အတွက် အသေးစား ချေးငွေအဖွဲ့နှင့် အဖွဲ့အစည်းများ ကို အစိုးရအနေဖြင့်ညှိနှိုင်း၍ ပြန် ဆပ်ရမည့်ကြွေးကျန်ဆိုင်းငံ့ရေး အစီအစဉ် စတင်ဆောင်ရွက်နေ ကြောင်း ဒေါ်အောင်ဆန်းစုကြည် က သတင်းစကားပါးသည်။


 


‘‘တစ်နေရာ၊ နှစ်နေရာ၊ သုံး နေရာ၊ လေးနေရာကနေ လိုက် ချေးတဲ့အတွက် ပြန်ဆပ်ရတဲ့အခါ မလွယ်ပါဘူး။ ဒါကြောင့် ကျွန်မ ကလည်း အဲဒီလိုမလုပ်ပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။ သို့ သော်ငြားလည်း ပြည်သူလူထု တော်တော်များများအတွက် လို အပ်ချက်တစ်ခုဖြစ်တယ်ဆိုတာ တော့ သဘောပေါက်ပါတယ်’’ဟု ၎င်းကရှင်းပြသည်။


 


ထို့ကြောင့် ချေးငွေလိုအပ် သည့် ပြည်သူများ မိမိစီးပွားရေး လုပ်ငန်းများပံ့ပိုးပေးရေးနှင့် ချေး ငွေလိုအပ်သော ပြည်သူများရရှိ နိုင်ရန်စီစဉ်နေပြီး လာမည့်နှစ် ပတ်၊ သုံးပတ်အတွင်း ထိုအစီအ စဉ်များကို ပြည်သူများထံတင်ပြ ပေးမည်ဟု ဒေါ်အောင်ဆန်းစု ကြည်က ကတိပြုသည်။

Source - https://7day.news/205683

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု