စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

အန္တရာယ်များကြားမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း သုံးဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဒီချုပ်ထပ်မံတောင်းဆို


အန္တရာယ်များကြားမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း သုံးဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဒီချုပ်ထပ်မံတောင်းဆို

ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်၍ ပြည်သူများ၊ စေတနာ့ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြု

AA အဖွဲ့က ဖမ်းဆီးထားသော ဒီချုပ်အမတ်သုံးဦး၏ဓာတ်ပုံကို AA အဖွဲ့က ငါးရက်အတွင်းပထမဆုံးအကြိမ်ထုတ်ပြန်ထားစဉ်(ဓာတ်ပုံ − AA Info Desk)


အန္တရာယ်များကြားမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး AA အဖွဲ့၏ ဖမ်းဆီးခေါ် ဆောင်သွားခြင်းခံရသည့် တောင် ကုတ်မြို့နယ် ကိုယ်စားလှယ် လောင်းသုံးဦးကို အထူးချီမွမ်း ဂုဏ်ပြုကြောင်းနှင့် ၎င်းတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထပ်မံတောင်းဆိုသည်။



Home > Local News


အန္တရာယ်များကြားမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း သုံးဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဒီချုပ်ထပ်မံတောင်းဆို

ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်၍ ပြည်သူများ၊ စေတနာ့ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြု

By အောင်ခိုင်, လင်းဟိန်း on Thursday, November 19, 2020 - 01:30


AA အဖွဲ့က ဖမ်းဆီးထားသော ဒီချုပ်အမတ်သုံးဦး၏ဓာတ်ပုံကို AA အဖွဲ့က ငါးရက်အတွင်းပထမဆုံးအကြိမ်ထုတ်ပြန်ထားစဉ်(ဓာတ်ပုံ − AA Info Desk)


အန္တရာယ်များကြားမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး AA အဖွဲ့၏ ဖမ်းဆီးခေါ် ဆောင်သွားခြင်းခံရသည့် တောင် ကုတ်မြို့နယ် ကိုယ်စားလှယ် လောင်းသုံးဦးကို အထူးချီမွမ်း ဂုဏ်ပြုကြောင်းနှင့် ၎င်းတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထပ်မံတောင်းဆိုသည်။

ပါတီစည်းရုံးရေးလုပ်ငန်း များတွင် အခက်အခဲများကို ကြုံ တွေ့ခဲ့ရသည့် ကိုယ်စားလှယ် လောင်းများနှင့် အောင်နိုင်ရေး ကော်မတီများအားလုံးကိုအလေး ထားဂုဏ်ပြုအပ်ကြောင်း ဒီချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ယမန်နေ့တွင်ကြေညာချက်ထုတ် ပြန်သည်။

ထူးသဖြင့် အန္တရာယ်များ ကြားမှ ရခိုင်ပြည်နယ်တောင် ကုတ်မြို့နယ်တွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး AA(အကြမ်းဖက်အဖွဲ့ ဟုဖော်ပြထား)အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်နီ နီမေမြင့်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးမင်းအောင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ ကို အထူးချီးမွမ်းဂုဏ်ပြုအပ်သည် ဟု ဖော်ပြထားသည်။ ယင်းကဲ့သို့ ရွေးကောက်ပွဲစည်းရုံးရေးကာလ အတွင်း ကိုယ်စားလှယ်လောင်း များကို အန္တရာယ်ပြုခြင်းသည် ဒီမိုကရေစီ၏ရေသောက်မြစ်ဖြစ် သည့် လွတ်လပ်၍တရားမျှတ သည့် ရွေးကောက်ပွဲများဖြစ် မြောက်ရေးကို အထိနာစေသည် ဟု ကြေညာချက်ကဆိုသည်။ ထို့ ကြောင့် တောင်ကုတ်ကိုယ်စား လှယ်လောင်းများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ဒီချုပ်က တောင်းဆိုသည်။


 ဒီချုပ်ကိုယ်စားလှယ် လောင်းသုံးဦးမှာ ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်က တောင်ကုတ်မြို့နယ်အတွင်း မဲ ဆွယ်စည်းရုံးရေးပြုလုပ်နေစဉ် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ကိုယ်စားလှယ်လောင်းများကိုစစ် ဆေးမေးမြန်းရန် ခေါ်ယူထား ခြင်းဖြစ်ပြီး အခြေအနေလိုအပ် ချက်အရ အချိန်ကာလတစ်ခု အထိ ထိန်းသိမ်းစစ်ဆေးသွားမည် ဟု AA က ထုတ်ပြန်ထားသည်။ ထို့အပြင်အစိုးရအနေဖြင့် ဖမ်းဆီး ထားသည့် နိုင်ငံရေးသမားများ၊ အပြစ်မဲ့ရခိုင်ပြည်သူများနှင့် ဆန္ဒ ပြကျောင်းသားများကို ခြွင်းချက် မရှိ အမြန်ဆုံးပြန်လွှတ်ပေးမည် ဆိုပါက ကိုယ်စားလှယ်လောင်း သုံးဦးကို အမြန်ဆုံးပြန်လွှတ်ပေး မည်ဟု AA က ဆိုသည်။


       ဒီချုပ်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ‘‘ကိုယ်စားလှယ်သုံးဦးကို ဖမ်း ထားခြင်းဟာ ဥပဒေကို လွန်ပြီး တော့ အကြမ်းဖက်လုပ်ဆောင် ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီလို လုပ်ရပ်မျိုးကို အမြန်ဆုံးရပ်တန့် ပြီးတော့ ဖမ်းထားတဲ့ သုံးဦးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ် ပေးဖို့တော့ ကျွန်တော်တို့ ထပ်မံ တောင်းဆိုလိုပါတယ်’’ ဟု ပြော သည်။


ကိုယ်စားလှယ်လောင်းသုံး ဦး၏ မိသားစုဝင်များကလည်း ၎င်းတို့ အမြန်ဆုံးပြန်လွတ်မြောက် ရေးတောင်းဆိုထားသည်။


‘‘သူတို့မှာ ဘာအပြစ်မှမရှိပါ ဘူး။ ပြည်သူထဲက ပြည်သူတွေ ဖြစ်ပါတယ်။ သူတို့သုံးယောက် စလုံးကို အမြန်ဆုံးပြန်လွှတ်ပေး ပါ’’ဟု ဒေါ်ချစ်ချစ်ချော၏ မိခင် က တောင်းဆိုသည်။


ဖမ်းဆီးခံ ဒီချုပ်ကိုယ်စား လှယ်လောင်းသုံးဦးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ဘက်ရခိုင်အမျိုးသားပါတီ (ANP)က အနိုင်ရရှိခဲ့သည်။


ယမန်နေ့ ဒီချုပ်ကြေညာ ချက်တွင်လည်း ရွေးကောက်ပွဲ တွင် အနိုင်ရရှိခဲ့ကြသည့် တိုင်း ရင်းသား နိုင်ငံရေးပါတီများကို ဂုဏ်ပြုထားပြီး ဒီမိုကရေစီဖက်ဒ ရယ်ပြည်ထောင်စု ပေါ်ထွန်းရေး အတွက် ပူးပေါင်းဆောင်ရွက်ကြ ရန် ဖိတ်ခေါ်ထားသည်။


ထို့အပြင် ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အနေ ဖြင့် မဲဆန္ဒနယ်အားလုံး၏ ၈၃ ရာခိုင်နှုန်းကျော် စုစုပေါင်းနေရာ ၉၂၀ အရွေးချယ်ခံခဲ့ရခြင်းမှာ ၃၂ နှစ်တိုင်တိုင် ပြည်သူလူထု၏ ထောက်ခံမှုပြယုဂ်ဖြစ်ကြောင်း ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။


ကိုဗစ်ရောဂါ စိန်ခေါ်မှု ကြားမှ ရွေးကောက်ပွဲအောင်မြင် စွာကျင်းပနိုင်ခဲ့ခြင်းအတွက် ပြည် သူများ၊စေတနာ့ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ကို ကျေးဇူးတင်ဂုဏ်ပြုထားပြီး ရွေးချယ်ခြင်းမခံရသည့် ဒီချုပ် ကိုယ်စားလှယ်လောင်းများ၏ ကြိုးပမ်းမှုကိုလည်း အသိအမှတ် ပြုကြောင်း ထုတ်ပြန်ခဲ့သည်။


ဖမ်းဆီးခံကိုယ်စားလှယ် လောင်းသုံးဦးအား ပြန်လွှတ်ပေး ရန် ဒီချုပ်တောင်းဆိုမှုနှင့်ပတ် သက်၍ AA အဖွဲ့ပြောရေးဆိုခွင့်ရှိ သူထံ ယမန်နေ့ညပိုင်းက ဖုန်း ဆက်သွယ်ခဲ့သော်လည်း အဆက် အသွယ်မရရှိခဲ့ပေ။

Source- https://7day.news/205918

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု