စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ရေခဲတိုက်မှာ တစ်ညတာ


 ရေခဲတိုက်မှာ တစ်ညတာ ဖြစ်ရပ်မှန်


အချိန်က ည ခွန်နှစ်နာရီကျော်လောက်ရှိပေလိမ့်မည် ။ စားလက်စ ထမင်းကို လက်စသတ်ရင်း ရေဇလုံထဲမှာလက်ေ ဆး ပြီး ထမင်းစားပွဲမှထလိုက်သည် ။


” ယောက်ျား….စားမကောင်းဘူးလား… ယောက်ျားအကြိုက်ငါးတန်ခေါင်းနဲ့ မျှစ်ချဉ်လေ…”


” စားကောင်းတယ်မိန်းမ… ငါးပိထောင်းနဲ့ တညင်းသီးနဲ့ တွေ့လိုက်တော့ လူလဲကြေးစည်လို ဒူဝေဝေဖြစ်နေပြီ ”


” ဟယ်တော့…. ဖြစ်ပါ့မလား…. ”


” ဖြစ်ပါတယ်ဟာ… ”


” ယောက်ျားကိုစားစေချင်လို့သာချက်ကျွေးရတာ… သွေးများ တိုးနေသလားမသိဘူး ”


” မဖြစ်ပါဘူးကွာ….မပူနဲ့…ခေါင်းထဲက စပ်ဖျဉ်းဖျဉ်းးလေး ဖြစ်ရုံပါ….ဟား.ဟား… ”


” ဒုက္ခပါပဲ…. ”


” မဒုက္ခနဲ့…ယောက်ျားသွားလိုက်ဦးမယ်…၊ ညရှစ်နာရီ ချိန်းထားလို့မိန်းမရေ…. ”


” သတိထားပြီးမောင်း ဦးနော် ”


” အေးပါကွာ…. ”


ခေါင်းထဲမှာမူးရိပ်ရိပ် ဖြစ်သလိုခံစားရပေမယ့် မိသားစုရဲ့ ဝမ်းစာရေးအတွက်ဆိုတော့လဲ ကိုအေးလွင်မှာ မနေသာပေါ့ ။ မိဘအမွေအဖြစ်ရထားတဲ့ငွေကြေးလေးနဲ့ နံပါတ်အနက် ဖင်ထောင်ကားလေးကိုဝယ်ပြီး တက္ကစီဆွဲစားနေရတဲ့ဘဝ ။


နံပါတ်အနက်ဆိုတော့လဲ သိတဲ့အတိုင်းပါပဲ…. နံပါတ်အနီတွေကြားမှာမျက်နှာငယ်နေရတဲ့အခြေအနေပါ ။ တက္ကစီတွေနဲ့ ခရီးသည်လုဆွဲလို့ ပြဿနာတက်ရပေါင်းလဲမနည်းတော့ပါဘူး…။ ကိုယ်ပိုင်ကားမပိုင်ဆိုင်ပဲ နံပါတ်အနက်မှ စီးချင်ကြတဲ့ ဟန်လုပ်ချင်သူတွေနဲ့ တွေ့မှ ကိုအေးလွင်အတွက် သာယာတဲ့နေ့ပေါ့ ။


လမ်းဆုံကားဂိတ်မှာ တစ်နေကုန်အောင်ကားထိုးထားပေမယ့် ခရီးသည်က ရချင်တဲ့အခါမှရတဲ့အခြေအနေ ။ ဒီတော့ လည်း…… ဆေးရုံကြီးက သေပြီးခါစ အလောင်းတွေကို အိမ်ပြန်သယ်ယူလိုသည့် မိသားစုတွေအတွက် တစ်ဖက်တ စ်လမ်းက ကုသိုလ်ယူရင်း ဝမ်းစာရှာရပါတယ် ။ ဒီလိုလုပ်တာကိုလဲ လူမသိသူမသိလုပ်ရသေးတယ် ။ လူသိရင် ဘယ်သူ ကစီးချင်ကြပါ့မလဲလေ ။


ကြာလာတော့့လဲ ရေခဲတိုက်က တာဝန်ရှိသူတွေ အလုပ်သမားတွေသာမက … ဆရာဝန်တွေ.. ရဲတပ်ဖွဲ့ဝင်တွေအထိပါ ခင်မင်လာခဲ့ပါတော့တယ် ။ ရဲတပ်ဖွဲ့က အရေးအကြောင်းရှိပြီဆိုရင် ချောဆွဲခံရတဲ့တဲ့အထဲမှာ ကိုအေးလွင်ရဲ့ကားက မပါ မဖြစ် ။ လူသေအလောင်းတွေတင်ရင်ပိုက်ဆံက မြိုးမြိုးမြက်မြက်ရလေတော့ လုပ်ရတာပါပဲ ။


ဆေးရုံကြီး ပေါ်တီကိုအောက် ကို ကားထိုးရပ်လိုက်သည်နှင့် အသုဘရှင်များက အသင့် စောင့်ကြိုနေကြလေသည် ။


” ကားဆရာရေ….ခဏလောက်တော့ စောင့်ပေး ပါနော်… ”


” ကြာဦးမလားခင်ဗျ ”


” နည်းနည်းတော့ကြာမယ်နဲ့ တူတယ်…၊ သေစာရင်းထုတ်ပေးမယ့်လူကိုစောင့်နေတာ ”


” ဒါဆိုရင် ကားကို ပါကင်ထိုးထားခဲ့လိုက်မယ်ဗျာ…. ကျွန်တော့်မိတ်ဆွေတစ်ယောက်နဲ့ သွားတွေ့ လိုက်ဦးမယ်…”


” ကားဆရာ ဘယ်နားမှာရှိမလဲ ”


” ရေခဲတိုက်နဲ့ ရင်ခွဲရုံနားမှာရှိမယ်… အသင့်ဖြစ်ရင် လာခေါ်လိုက်လေ ”


” ဗျာ…… ”


ရင်ခွဲရုံနဲ့ ရေခဲတိုက်ဆိုတာ အမြဲလိုလို ရောက်နေ တာ ဆိုတော့ ကြောက်စရာ လန့်စရာလဲ မထင်မှတ် တော့ပါဘူး ။ရင်ခွဲရုံကမိတ်ဆွေ ကိုဝင်းသိန်း ဆီကို ထွက်လာခဲ့တဲ့ခြေလှမ်းတွေက တည်တည်ငြိမ်ငြိမ် ရှိနေပါသည် ။


” ဟာ…ကိုအေးလွင်..လာဗျို့…… စီးကရက်လေး ဘာလေးမပါဘူးလား… ”


” ပါတယ်…ကိုသိန်းဝင်းရေ…ပါတယ်… ”


အိတ်ကပ်ထဲက စီးကရက်ဘူးကိုထုတ်ပြီး ကိုသိန်းဝင်း ကို ထုတ်ပေးလိုက်သည် ။


” ကိုသိန်းဝင်းက မပြန်ရသေးဘူးလား ”


” ပြန်လို့မရသေးဘူး ကိုအေးလွင်ရေ…၊ ဆေးလိပ်တောင် ထွက်ဝယ်ဖို့ အချိန်မရ လို့ ခင်ဗျားဆီက တောင်း သောက်တာပဲကြည့်တော့ ”


” ဒီနေ့အလောင်းများလို့လား… ”


” များတယ်လို့လဲမဟုတ်ပါဘူးဗျာ…၊ လူသတ်မှုနဲ့ အလောင်းတစ်လောက်ရောက်လာ တယ်လေ…၊ ရဲမှုခင်း ဖြစ်နေတော့ မှုခင်းဆရာဝန်ကြီးပါ စောင့်နေရတာ ”


” ရိုက်မှုလား….ဓါးထိုးမှုလားဗျ ”


” အလောင်းက အရက်နံ့ ထောင်းထောင်းထ နေတာဗျ၊ အရက်သောက်ပြီးစကား များကြတယ် နဲ့တူတယ်…၊ သတ်တဲ့သူကလဲ ရက်ရက်စက်စက် လည်ပင်းကို ခုတ်သတ်ထားတာဗျ ”


” ခက်တာပဲဗျာ….၊ လူတွေလဲ အငြှိုးတွေ အာဃာတတွေ မသတ်နိုင်ကြသေးဘူး… ”


” ကိုအေးလွင်က အလောင်းလာသယ်တာလား… ”


” ဟုတ်တယ် ကိုသိန်းဝင်း….”


” ဘယ်ကိုပို့ပေးရမှာလဲဗျ… ”


” ဝေါ အထိပို့ပေးရမယ်ကိုသိန်းဝင်း… ”


” ဟား……ထောပြီပေါ့ဗျ… ”


” ထောတယ်လို့လဲ မဟုတ်ပါဘူးဗျာ… တခါတလေ ဆီဖိုးလောက်နဲ့ ကျေနပ်လိုက်ရတာလဲရှိပါတယ်…၊ ဆင်းရဲတဲ့ သူတွေဆိုရင် ဆီဖိုးတောင် အနိုင်နိုင် ရယ်ဗျ ”


” ဒါလဲဟုတ်တာပဲ…. ဆေးရုံတစ်ရက်တက်ရင် တောင် ကုန်ကျစရိတ်က နည်းတာမှမဟုတ်တာ… ကိုအေးလွင် က ဘယ်သူ့ကို လာစောင့်နေတာလဲ ”


” အလောင်းသယ်ဖို့လေ…. သေစာရင်းထုတ်ပေးတဲ့ ဆရာကိုမြင့်ဦးက အပြင်ခဏသွားနေလို့တဲ့ … ဟိုမှာ လာနေကြပြီ…. ”


” ကားဆရာကြီး…..ခဏလောက်စောင့်ပေးဦးဗျ…. နည်းနည်းတော့ကြာမယ်ထင်တယ် ”


” အင်း…..ဒါဆိုရင်တော့ နှစ် နာရီလောက်တော့ ကြာမယ် ကိုအေးလွင်ရေ….၊ဆရာမြင့်ဦးက ဒီအချိန် ဆို ဆိုင်ရောက်နေလောက်ပြီ…ဟား…ဟား…ခင်ဗျား တို့ က အစောကြီးကတည်းက လုပ်ထားရမှာဗျ ”


” စောင့်ဆိုတော့ စောင့်ပေါ့ဗျာ…. မတတ်နိုင်တော့့ဘူး.. ”


” ကားဆရာကြီး…. ကျွန်တော်တို့ပြန်လာခဲ့မယ်… ဆေးရုံရှေ့မှာပဲသွားစောင့်နေလိုက်တော့မယ် ”


” သဘောဗျာ….. ”

ရင်ခွဲရုံတို့ ရေခဲတိုက်တို့ဆိုတာ အသံကြာရုံနဲ့ ကြက်သီးထကြမယ်ဆိုတာ ကိုအေးလွင် ကောင်းကောင်း သဘောပေါက်ပြီးသားပါ။ အလောင်းတင်တဲ့တွန်းလှည်းသံကို အဝေးကကြား ရုံဖြင့် ဆံပင်မွေးတွေထောင်လာတတ်ကြသည်မှာ စိတ်အားငယ်တတ်သူများ၏ သဘာဝပါပေ ။


” ကိုအေးလွင်….ဒီမှာပဲရှိနေဦးမှာမဟုတ်လား…. ”


” ရှိနေရတော့မှာပေါ့ဗျာ….၊ ဘယ်လိုလုပ်မလဲ ”


”ခင်ဗျားက မကြောက်တတ်တော့တော်သေးတယ်။ ဟိုလူတွေတော့့ ကြောက်ပြီးလစ်သွားကြပြီ … ကိုအေးလွင် ဒီမှာရှိနေမယ် ဆိုရင် ကျွန်တော် အိမ် ခဏပြန်ပြီးထမင်းစားလိုက်ဦးမယ်ဗျာ၊ ဆရာဝန်ကြီး လာရင် ကျွန်တော့်ကိုလာခေါ်ပေးပါ ”


”ရတယ် ကိုဝင်းသိန်း…ကျွန်တော်လာခေါ်ပါ့မယ်…” 


ကိုဝင်းသိန်းက ဆေးရုံကြီးဝင်းထဲက လိုင်းခန်းမှာပဲ နေသူဆိုတော့ ဆရာဝန်ကြီးလာသည်နှင့် သွားခေါ် လိုက်ရုံသာ ။


ကိုအေးလွင်က ရေမြောင်းအုတ်ခုံပေါ်တွင်ထိုင်ရင်း အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ကိုထုတ်ပြီး မီးညှိ ဖွာရှိုက်လိုက်သည်။ရေခဲတိုက်သို့သွားသည့် လူသွား လမ်းတွင်ထွန်းထားသော မီးရောင်မှိန်ပြပြ များကို တစ်ချက်ကြည့်ကာ မီးခိုးငွေ့များကို မှုတ်ထုတ် လိုက်လေသည် ။လက်မှနာရီကိုငုံ့ကြည့် မိတော့ ညရှစ်နာရီခွဲကျော်နေလေပြီ ။


”အကို…စီးကရက်လေး တစ်လိပ်လောက် ရမလား…”


မထင်မှတ်ပဲ အနားသို့ရောက်လာသည့် လူငယ် တစ်ယောက်ကြောင့် အတွေးစများကိုချက်ချင်း ဖြတ်ကာ အိတ်ကပ်ထဲမှစီးကရက်ဘူးကိုလှမ်းပေး ရင်း လူငယ်ကို အသေအချာ အကဲခတ်ကြည့် လိုက်မိသည် ။


” ရပါတယ်ညီလေး…. ၊ ရော့လေ… ”


ဂျင်းဘောင်းဘီအပြာရင့်နှင့်လူငယ်၏ အသက်ကို စိတ်မှခန့်မှန်းကြည့်သည်မှာ အသက်နှစ်ဆယ် ပါတ်ဝန်းကျင်လောက်သာရှိပေလိမ့်ဦးမည် ။ ရုပ်ရည်သန့်သန့်ပြန့်ပြန့်နှင့်လူငယ်ကိုကြည့်ရသည် မှာ လူနာစောင့်တစ်ယောက်ဟုသာ ထင်မှတ်ထား လိုက်လေသည် ။


” ကျေးဇူးအကိုရာ….၊ အကိုနဲ့ ဟိုဆရာ…ဆေးလိပ် သောက်နေတာမြင်ကတည်းက အရမ်းသောက်ချင် နေတာ ”


” စောစောက လာတောင်းသောက်လဲ ရပါတယ်…ညီရာ ”


” အားနာလို့ပါအကို… ”


” ဒါနဲ့ … ညီလေးက အချိန်မတော်ကြီး ဒီနေရာကို ဘာလာလုပ်တာလဲ …”


” ကျွန်တော့်သူငယ်ချင်းကိုလာစောင့်နေတာ…. ”


” ဟုတ်လား…… ဒါဆိုညီလေးက လူနာစောင့်ပေါ့ ”


ဘာမှပြန်မပြောပဲ အေးစက်စက် အမူအရာဖြင့် စီးကရက်ကို အငမ်းမရဖွာနေသောလူငယ်ကိုကြည့် ကာ ကိုအေးလွင်၏ရင်ထဲတွင် ဘဝင်မကျဖြစ်နေ မိသည် ။


”ငါ့ညီရယ်…ဆေးလိပ်ကို အဲဒီလိုမသောက်ပါနဲ့လား ၊ အကိုလဲမဖြစ်မနေမို့သာ သောက်နေရတာ…၊ ကျမ္မာရေးထိခိုက်တယ်ကွ ”


” ကျွန်တော်က စီးကရက်ဆို အရမ်းကြိုက်တာ အကို ”


” ကြည့်လဲလုပ်ဦးကွာ…. အသေ စောနေဦးမယ် ”


” မထူးပါဘူးအကိုရယ်…”


ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း စီးကရက်ကို အငမ်းမရဖွာရှိုက်နေသော လူငယ်ကိုကြည့်ပြီး ကိုအေးလွင် ခေါင်းကို ခါရမ်းလိုက်လေသည် ။


” ကျေးဇူးပဲအကိုရာ….အခုမှ ခံတွင်း အချဉ်ပြေသွား တော့တယ် ”


” ရပါတယ်ညီလေးရာ…. အပြင်ထွက်မဝယ် နိုင်ရင် လဲ အကို့့ဆီမှာ လာတောင်းသောက်ပေါ့ ”


” ဟား…ကျေးဇူးပဲအကိုရေ….၊ကျွန်တော်က အပြင် ထွက်လို့မရလို့ဗျ… ”


” အေးပါကွာ….. သောက်ချင်တဲ့အခါ အချိန်မရွေး လာတောင်းသောက်…ဟုတ်ပြီလား… ”


” ဟုတ်ကဲ့အကို…အကိုက ဒီကိုဘာလာလုပ်တာလဲ ”


” အလောင်းသွားပို့မလို့ကွာ… ”


” ဟင်…အလောင်းသွားပို့မလို့…အကိုက နိဗ္ဗာန်ယာဉ် မောင်းတဲ့သူလား… ”


” နိဗ္ဗာန်ယာဉ်တော့မဟုတ်ပါဘူးညီရာ….၊လူနာတွေ အလောင်းတွေကို သူတို့နေရပ်ကိုပြန်ပို့ပေးတာပါ ” 


” အကိုက အခုဘယ်အထိသွားရမှာလဲ ”


” ဝေါ….ပဲခူးဘုရားကြီးနဲ့ စစ်တောင်းကြားလို့တော့ ပြောတာပဲ ”


” အကိုက တစ်ယောက်ထဲ သွားရမှာလား…”


” အလောင်းပိုင်ရှင်နှစ်ယောက် သုံးယောက်တော့ ပါမယ် ညီလေး ”


” ဒါဆို ပြန်ရင် တစ်ယောက်ထဲပေါ့ ”


” တစ်ယောက်ထဲပေါ့ကွာ…. အကို့အတွက်တော့ ရိုးနေပါပြီညီရာ ”


” အကိုသရဲမကြောက်ဖူးလား… ”


” အကိုမှ သရဲ မမြင်ဘူးတာ….ဖြူသလား မဲသလား လည်းမသိ…မမြင်ဘူးတော့ မကြောက်ဘူးပေါ့ကွာ ”


” သရဲဆိုတာရှိတယ်အကိုရ… ”


” ဟုတ်လား… မင်းကမြင်ဘူးလို့လား… ”


” မြင်ဘူးလားဆိုတော့…ဟိုမှာ ခုဏက ဟိုလူကြီးတို့ လာနေကြပြီ…၊ကျွန်တော်လဲ သွားလိုက်ဦးမယ်… ကျေးဇူးအကိုရေ့…ကျေးဇူးဆပ်ခွင့်ကြုံရင်တော့ ဆပ် ပါရစေ…”


ခပ်လှမ်းလှမ်းမှ လာနေသော ကိုဝင်းသိန်းနှင့် အဖွဲ့ ကို လှမ်းကြည့်လိုက်ပြီး စကားမပြတ်သေးသဖြင့် လူငယ်လေးကိုပြန်လှည့်ကြည့်လိုက်ရာ မရှိတော့ပေ ။


” ကိုအေးလွင်…. အလောင်းက ခုထိမသယ်ရသေး ဘူးလားဗျ ”


” ဟိုလူတွေမလာကြသေးဘူး….ဟော…ဆရာကြီး. ..နေကောင်းလားဗျ ”


” ကောင်းပါ့ဗျာ……. ”

မှုခင်းစစ်ဆရာဝန်ကြီး က ပြုံးရွှင်သောမျက်နှာဖြင့် ကိုအေးလွင်ကိုပြန်နှုတ်ဆက်လေသည် ။


” ကိုအေးလွင်….ထုံးစံအတိုင်းလားဗျ… ”


” ဟုတ်တယ် ဆရာကြီး…. ပိုင်ရှင်တွေ သေစာရင်း ယူနေတာကို စောင့်နေတာ ”


ဆေးရုံကြီးဝင်းထဲက ကားစထွက်လာကတည်းက ကိုအေးလွင်ခေါင်းထဲ မူးနောက်နောက်ဖြစ်နေ မိသည် ။ အသက်ခြောက်ဆယ်ကျော် အမျိုးသား အလောင်းက ကားနောက်ထိုင်ခုံတွင်လူနှစ်ယောက် ကြားမှာ စောင်ခြုံလျှက်သားဖြင့် ။


မကျမ္မာသည့် လူနာပုံစံဖြင့် အိမ်ကိုပြန်သယ်ပြီး အိမ် ရောက်မှ အသက်ပျောက်သည့် သဘောမျိုးလုပ်နေ ကြသည်ကို ကိုအေးလွင်ကြုံခဲ့ရသည်မှာ အကြိမ်ကြိမ် ရှိလေပြီ ။ နယ်ဝေးရပ်ဝေးမှ ရန်ကုန် အထိ ဆေးလာ ကုပြီး အသက်ပျေက်သွားသည့် အခါ ဆွေမျိုးမစုံမလင် ဖြင့်သင်္ဂြိုလ်ရခြင်းကို မလိုလား ကြသဖြင့် ငွေကုန် ကြေးကျခံကာ ပြန်သယ်ယူကြခြင်း ဖြစ်ပေသည် ။


ညအမှောင်ထဲတွင် တရိပ်ရိပ်ပြေးလွှားနေသော ကားလေး က မင်္ဂလာဒုံကိုကျော်ပြီး ထောက်ကြံ့ သို့ ပင် ချဉ်းနင်းဝင်လာ ခဲ့လေပြီ ။


” အခုဆုံးသွားတဲ့လူက ခင်ဗျားတို့နဲ့ ဘာတော်လဲဗျ… ”


” အဖေပါခင်ဗျ… ”


” ခင်ဗျားတို့ နှစ်ယောက် အလောင်းကို ပူးကပ်ပြီး ညှပ်ထားပေးဗျာ…ကိုယ့်အဖေကို ဒီလောက်လဲ ကြောက်မနေကြစမ်းပါနဲ့ဗျာ…”


ကိုအေးလွင် မပြောလို့ကလဲမဖြစ်။ သားနှစ်ယောက်လုံး က တံခါးတစ်ဖက်ဆီကပ်ထိုင် နေကြသဖြင့် ကားကွေ့ လိုက်တိုင်း အလောင်းက ယိမ်းထိုးပြီး ယိုင်လဲကျ နေသည်မှာ မြင်လို့ မကောင်းပေ ။


ထောက်ကြံ့ ကျော်လာသည်နှင့် လီဗာကိုဖိနင်းကာ အရှိန်ကိုမြှင့်တင်လိုက်လေသည် ။ အဝေးပြေးကားကြီးများ….ကုန်တင်ကားကြီးများ၏ စူးရှသောမီးရောင်ကို မကြည့်မိအောင်သတိထား ရင်း ဂရုတစိုက်မောင်းနေရာမှနောက်ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်မိလေသည် ။


” ဟာ….. ဘာလဲဟ…. ”


စောင်ခြုံထားသော အသုဘ၏ မျက်လုံးအစုံက ပြူးလျှက်စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသော ကြောင့် ရင်ထဲတွင် ထိတ်ကနဲ ဖြစ်သွားကာ ကားစက်ရှိန်ကို လျှော့ချလိုက်သည် ။ အသုဘရှင် သားနှစ်ယောက်က တစ်ဖက်တစ်ချက်မှ ကားတံခါး မှန်ကို မှီကာ အိပ်မောကျနေလေပြီ။ ကားစက်သံ ကြားမှ အပြိုင်အဆိုင် ဟောက်နေကြသည့်အသံ များ က နားမခံနိုင်စရာ ။


ကားစက်ကိုအရှိန်လျှော့ချရင်းမှ နောက်ကြည့်မှန် ကို ထပ်ကြည့်လိုက်မိပြန်သည် ။


” ဟ….သောက်ခွေး….. ”


မကြုံစဖူး မြင်လိုက်ရသည့် မြင်ကွင်းကြောင့်ကားကို ချက်ချင်းလမ်းဘေးသို့ ထိုးရပ်ပြီး အနောက်ခန်းမှ လူနှစ်ယောက်ကို လှုပ်နှိုးလိုက်ရလေသည် ။


” ဟေ့လူတွေ……ဟေ့လူတွေ….ထကြပါဦးဗျ… ”


” ဟမ်…. ”


” ဟင်….ဘာဖြစ်လို့လဲ ”


” ဘာမှ မဖြစ်ဖူး…. ခင်ဗျားတို့အဖေရဲ့မျက်နှာကို စောင်အုပ်ထားပေး… ”


” ဘာဖြစ်လို့လဲကားဆရာ… ”


မြင်သမျှကိုပြောပြလိုက်ပါက ယခုလို အကာလ အချိန်ကြီးတွင်ကြောက်လန့်သွားကြမည် စိုးသဖြင့် စကားလွှဲလိုက်ရလေတော့သည် ။


” ရှေ့မှာ စစ်ဆေးရေးဂိတ်ရှိတယ်…၊ကျွန်တော် ရပ်မပေးတော့ဘူး…၊စကားတွေ အများကြီးရှင်းပြ နေရလိမ့့်မယ် …ဟုတ်ပြီလား… ”


” ဟုတ်….ဟုတ်ကဲ့ ”


ကိုအေးလွင် ကားထဲပြန်ဝင်ထိုင်ရင်း နောက်ကြည့်မှန် ကို အပေါ်သို့လှန်တင်လိုက်သည် ။ နောက်ကြည့်မှန်မှ မြင်ခဲ့ရသော အသုဘ၏ ပြုံးဖြီးဖြီး နှင့် ပြူးကျယ်နေသော မျက်လုံးကို ပြန်မြင် ပြီး ရင်တထိတ်ထိတ်ခုန်နေလေပြီ ။ တစ်ကိုယ်လုံး ကြက်သီးများ ထနေသော်လည်း အရောက်ပို့ပေး ရမည့် တာဝန်ရှိနေသည်မို့ ကားကိုသာ ဂရုတစိုက် မောင်းလာခဲ့လေတော့သည် ။

ပဲခူးဘုရားကြီးအကျော် မိုင်တိုင် ခွန်နှစ်ဆယ် သို့ ရောက်နေလေပြီ ။


” ကားဆရာရေ…ခဏရပ်ပါဦး ….ကျွန်တော်တို့ ဆီးသွားချင်လို့ ”


ကိုအေးလွင်လည်း ဆီးသွားချင်သည်ကို အောင့်ပြီး မောင်းလာရသည်မှာ ဆီးအိမ်ပင် တင်းနေလေပြီ ။


”အတော်ပဲဗျာ…ကျွန်တော်လဲ ဆီးသွားချင်နေတာ ”


သုံးယောက်သား ကားပေါ်မှဆင်းကာ လမ်းဘေး တွင် အပေါ့သွားရင်း ကားထဲသို့ ကိုအေးလွင် လှမ်းကြည့် လိုက်မိသည် ။


” ဟင်……. ”


” ကားဆရာ….ဘာဖြစ်လို့လဲ ”


” ကားထဲမှာ လူရိပ်တွေ့လိုက်လို့ဗျ ” 


ကိုအေးလွင်၏ ပြောစကားကြောင့်ကျန်နှစ်ယောက် မှာ ကားထဲသို့လှမ်းကြည့်ကြလေသည် ။


” ဘာမှမရှိပါဘူးဗျ…အထဲမှာ အဖေပဲရှိတယ်လေ…”


” ခင်ဗျားတို့အဖေ အပြင် ဘေးမှာလူရိပ်တစ်ခု ထပ် တွေ့လိုက်လို့ပါ ”


” ကားဆရာကလဲ ….မဟုတ်တာ…. ”


” အင်း…..ကျွန်တော် အမြင်မှားတာဖြစ်မှာပါ ”


အချိန်က ည ဆယ့်နှစ်နာရီထိုးတော့မည် ။မကြာမီ ဝေါသို့ရောက်ပေတော့မည်။ကုန်ကားကြီးများ အချို့ ညအိပ်ရပ်နားနေကြလေပြီ ။


” ဘုတ် ”


ဂရုစိတ်မောင်းနေရာမှ ထိုင်ခုံနှစ်ခုကြားသို့ ရောက် လာသည့် အရာကိုကြည့်ပြီး စတီယာရင်ကို သတိ ထားဆုပ်ကိုင်ကာ ကား လူးမသွားစေရန် ထိမ်း လိုက် ရင်း ဘရိတ် မနင်းမိစေရန်အတော်သတိထား လိုက်ရ လေသည် ။ကားဘရိတ် မနင်းပါပဲ ထိုင်ခုံ နှစ်ခု ကြားသို့ အလိုလို လဲကျလာသော အလောင်း ကို မကြည့်မိရန် ကြိုးစားရင်း စက်ရှိန်ကိုလျှော့ချ ကာ အနောက်သို့ လှမ်းအော်လိုက်သည် ။


” ဟေ့လူတွေ…ခင်ဗျားတို့အဖေကို ပြန်ထူလိုက်ဦးဗျ ခင်ဗျားတို့ကလဲဗျာ…၊သေသေချာချာ ထိမ်းထားပါ လို့ ပြောထားရဲ့သားနဲ့… ”


” ဟာ…….ဟုတ်ကဲ့….ကန်တော့ဗျာ…ကန်တော့ ”


” ခင်ဗျားတို့ကန်တော့တာက နောက်မှဗျ… ကားမှောက် ပြီး အကုန်သေသွားမယ်… ဘာမှတ်နေလဲ ”


မာမာထန်ထန်ပြောလိုက်သည့် ကိုအေးလွင်၏ စကား ကြောင့် အသုဘရှင် နှစ်ယောက်စလုံး ပြာပြာသလဲ တောင်းပန်ကြလေသည်။ ကိုအေးလွင် ၏ စိတ်ထဲမှာ မြန်မြန်ရောက်ပါစေတော့ဟုသာ ဆုတောင်း ရင်း လီဗာကိုဖိနင်းလိုက်မိလေတော့ သည် ။


ထိုင်ခုံနှစ်ခုကြားသို့ငိုက်ကျလာသည့် အလောင်း၏ မျက်နှာက တစောင်းအနေအထားဖြင့် ကိုအေးလွင် ဘက်သို့လှည့်ပြီး မျက်လုံးများပြူးကြည့်နေသည်ကို ကိုအေးလွင် မျက်လုံးထဲ ဖျောက်ဖျက်၍ မရနိုင် တော့ပေ ။


” ကျေးဇူးတင်ပါတယ် ကားဆရာကြီးရာ…. ”


” ကျေးဇူးလဲတင်မနေပါနဲ့တော့ဗျာ… ခင်ဗျားတို့ လူတွေ ကို အရင်ခေါ်ပြီး ကားထဲကနေ ထိုင်လျက် ပွေ့သာ ချပေတော့…၊ရပ်ကွက်ထဲကသိရင် ကျွန်တော် လဲ ပြဿနာတက်လိမ့်မယ် ”


” ဟုတ်ကဲ့…စိတ်ချပါဗျာ…. ”


ကားစထွက်ချိန် နာရီကြည့်လိုက်သည့်အခါ မနက် တစ်နာရီ ကျော်လေပြီ ။ မကြုံစဖူး ကြုံခဲ့ရသည့် မြင်ကွင်းက ကြက်သီးထစရာကောင်းလွန်းသော ကြောင့် နောက်ကြည့်မှန်ကိုပင် မကြည့်တော့ပဲ စက်ရှိန်မြှင့့်ကာ ရန်ကုန်သို့ ဦးတည်ခဲ့လေ တော့ သည် ။


လမ်းမှာ မရပ်တော့ပဲ တောက်လျှောက်မောင်း လာခဲ့ ရသဖြင့် မျက်လုံးများက စပ်ဖျဉ်းဖျဉ်းဖြစ်ကာ မှေးစင်းလာနေကြသည် ။ အိပ်မငိုက်စေရန် သတိ ထားပြီးမောင်းရင်း နှာခါင်းဝထဲသို့တိုးဝင်လာသော စီးကရက်နံ့ကြောင့် မှေးစင်းနေသောမျက်လုံးများ အနည်းငယ် ကျယ်သွားကြလေတော့့သည် ။ ရှင်းလင်းနေသည့် လမ်းမကြီးတွင် ကားတစ်စီးလုံး စီးကရက်နံ့ ရနေသည်မှာထူးဆန်းလွန်းနေပေသည် ။


အပြန်လမ်းအတွက် အဖေါ်မခေါ်ခဲ့သည်ကိုပင် စိတ် ထဲ မကျေမနပ်ဖြစ်နေမိသေးသည် ။ အဝေးဆီမှ မီးရောင်များကိုမြင်လိုက်ရသဖြင့့် မကြာမှီခြောက်ကွေ့( မြောက်ဥက္ကလာပ )သို့ရောက် တော့မည် ။ ကိုအေးလွင်တစ်ယောက် စိတ်ကို တင်းရင်း မောင်းနေရာမှ စိတ်ထဲတွင် မသိုးမသန့် ဖြစ်လာမိသည် ။


လမ်းဘေးတွင်ရပ်ထားသော ကုန်တင်ကားကြီးများ က မီးပိတ်ထားသဖြင့် ဝင်မတိုက်မိစေရန်လည်း သတိထားနေရလေ သည် ။ နောက်ဆို ယခုလို အလုပ်မျိုးကို လုပ်မစားတော့ရန်လည်း တွေးမိ လေသည် ။ရေခဲတိုက်မှာ တွေ့ခဲ့ရသော 

လူငယ်လေးသည် လူသားစင်စစ် ဟုတ်ပါရဲ့လား…။


လူသားစင်စစ်ဟုတ်ခဲ့ပါက သူလိုက်ခဲ့မည်ဟု ပြောခဲ့ခြင်း အပေါ် အဖေါ်အဖြစ် ခေါ်မသွားမိခြင်း အတွက် လည်း နောင်တရမိလိုက်သည် ။


” အကို……. စီးကရက်တစ်လိပ်လောက်…… ”


ထိုင်ခုံနှစ်ခုကြားမှ ထွက်လာသော မျက်နှာနှင့်အတူ ပုခုံးကိုလာထိသော အေးစက်စက် အထိအတွေ့ ကြောင့် ကိုအေးလွင် လိပ်ပြာ လွင့် မတတ်ဖြစ်သွား ရလေတော့သည် ။


” အောင်မလေး…… မင်း…..မင်း..”


” ဂျိမ်း………. ဒုံး……”


” အကို….. သတိရပြီလား….. ”


” မင်း….မင်း…. ”


” ဟုတ်တယ်လေ…အကို…. ကျွန်တော့်ကို မမှတ်မိ ဘူးလား…. ”


” စီးကရက်….စီးကရက်… ”


” ဟုတ်ပါတယ်…စီးကရက်လေး တောင်း သောက် တာ နဲ့ ဘာလို့ အလန့်တကြားဖြစ်ရတာလဲဗျာ… ”


” ငါ…အခုဘယ်ရောက်နေလဲ…. ငါ…ငါ… ”


” အခုရောက်နေတာ ရေခဲတိုက်လေ….”


” ဟင်….. ငါ့…..မိသားစုရော.. ”


” အကို့မိသားစု ကို အကြောင်းကြားထားပြီးကြ ပါပြီ….”


” ဟင်…..မင်းက ဘယ်သူလဲ ”


” ကျွန်တော်က ဒီရေခဲတိုက်မှာ နေတာကြာပြီဗျ… ပြောရရင်တော့ ဆယ့်ငါးနှစ်လောက်ရှိ မယ်နဲ့ တူတယ်…”


” ဘာ…ဒါဆို…မင်း…မင်းက… ”


” ဟုတ်တယ်…. ကျွန်တော်က ရထားပေါ်ကနေ ပြုတ်ကျပြီးသေခဲ့တာပါ ၊ ကျွန်တော် ကိုဘယ်သူမှ လဲ အမျှမဝေနိုင်ကြတော့ဘူး ”


” ဘယ်လို ”


” ကျွန်တော့်မိဘတွေက တောင်တွင်းကြီးကဗျ…၊ မိဘတွေလဲ မရှိကြတော့ပါဘူး…၊ ကျွန်တော့် အတွက် အလှူအတန်းလုပ်ပေးဖို့ ဆွေမျိုးတွေကို အကူအညီ တောင်းဖို့ကလဲ အဆင်မပြေပါဘူး အကိုရာ….”


” မင်းကိစ္စကအရေးမကြီးဘူး…၊ ငါ….ငါ အခု ဘယ်လို လုပ်ရမလဲ… ”


” အကိုက မသေသေးပါဘူးဗျာ….၊အကို့ဘေးမှာ ကျွန်တော် အချိန်တိုင်းရှိနေတာပဲ ”


” ဒါဆို…ငါက ဘာလို့ ရေခဲတိုက်ကို ရောက်နေ ရတာလဲ….. ”


” အကို့ဝိဉာဉ်က စိတ်စွဲရာကိုလျှောက်သွားနေတာ ပါ ၊အကို့ရဲ့ခန္တာကိုယ်က ကားတိုက်တဲ့နေရာမှာ ရှိ ပါသေးတယ်…၊အခုသူတို့သယ်လာကြတော့မှာပါ ”


” ဟင်…… ငါ့ခန္တာကိုယ်က အဲဒီမှာ…ငါက ဒီကို ရောက်နေတာလေ…ဘာတွေလဲ ”


” အကိုမသေသေးပါဘူးဗျာ…၊ အကို့စိတ်ထဲစွဲနေတဲ့ နေရာကို အကိုသတိလစ်တုန်းရောက်လာတာပါ….”


” မင်းက ကားပေါ် ဘယ်လို လုပ်ပြီးပါလာတာလဲ ”


” အကိုထွက်သွားကတည်းက ကျွန်တော်လိုက်လာ တာဗျ….၊ အကို့ကားပေါ်ကို ဟိုအဖိုးကြီးအလောင်း တင်တော့ ကျွန်တော်ပါလိုက်လာခဲ့တာ….”


” ဒါ…ဒါဆို…အလောင်းက မျက်လုံးပြူးပြီးရီပြတာ မင်းလုပ်တာလား.. ”


” ဟုတ်တယ်လေ…အကိုပဲ သရဲမကြောက်ဖူးဆို… ကျွန်တော်က အကို့ကိုရယ်ပြရုံလေးလုပ်မိတာ…”


” တော်စမ်းပါကွာ…ကားမမှောက်တာကံကောင်း…”


” အကိုပဲ သရဲမကြောက်ဖူးဆိုလို့ ပျင်းမှာစိုးလို့ စတာပါဗျာ… အခုသရဲကိုမြင်ဖူးပြီလား ”


” မြင်ဖူးပြီလေ….. ”


” ဘယ်မှာလဲ…သရဲ ”


” မင်းလေ……မင်းက သရဲမဟုတ်လို့ ဘာလဲကွ ” 


” ဟား…ဟား…. အကိုရာ…. ကဲ..ကဲ… သရဲ မြင်ဖူး အောင်ကြုံတုန်းလိုက်ပြမယ်…ကျွန်တော်နဲ့လိုက်ခဲ့ ”


လူငယ်လေးခေါ်ရာနောက်သို့ ကိုအေးလွင် လိုက် သွား ရသည်မှာ မြေကြီးနှင့် ခြေထောက်နှင့်ပင် မထိပဲ လေထဲမှာ ပျံဝဲနေရသကဲ့သို့ရှိနေသည် ။ ကားတိုက်ခဲ့သည်ဟုသာ ပြောပေမယ့် နာကျဉ်ခြင်း ဒါဏ်ရာရခြင်းများ တစ်ခုတစ်လေတောင်မရှိသည် မှာ အံ့သြစရာကောင်းလွန်းလှသည် ။


ရေခဲတိုက်သွားရာလမ်းတစ်လျှောက်တွင်လဲ ယခင် ကနှင့်မတူပဲ လူသွား လူလာများနှင့် စည်ကား နေသည်မှာ ထူးဆန်းနေပေသည် ။


” အကို…..ဟိုအပင်ပေါ်ကြည့်စမ်းပါဦး…. ”


လူငယ်လေးညွှန်ပြရာ သစ်ပင်ကို ကိုအေးလွင် သိ ပါသည်။ဆေးရုံကြီး၏ အနောက်ဘက်တွင် ရှိသော သရဲအလွန်ခြောက်သည် ဆိုသော နံမည်ကျော် ထိန်ပင်ကြီး ဖြစ်ပေသည် ။


ထိန်ပင်ကြီး တစ်ခုလုံးတွင် နေရာလွတ်ပင် မရှိရ လောက်အောင် ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ရှိနေကြ သည့် ပရလောကသားများကိုမြင်လိုက်ရလေသည် ။ ပရလောကသားများကို မြင်နေရသော်လည်း ထိတ်လန့်ခြင်း အလျင်းမရှိသည်မှာလဲ ထူးခြားနေ ပေသည် ။


” အကို…. ဟိုမှာကြည်လိုက်ဦး….. ”


ရေခဲတိုက်ဘေးနံရံကို မှီထိုင်နေသော ဝဝဖိုင့်ဖိုင့် ကိုယ်လုံးကြီးနှင့်အရာက ကိုအေးလွင်တို့ နှစ်ယောက် ကို လှမ်းကြည့်နေလေသည် ။


” မကြောက်နဲ့ အကို…အခုအခြေအနေမှာ အကို့ကို သူတို့ ဘာမှ ဒုက္ခမပေးနိုင်ဘူး… ”


” သူတို့ကျတော့ မင်းလိုမျိုး အဝတ်အစားလဲမရှိ… လူပုံလဲမပေါက်…ဘယ်လိုဖြစ်တာလဲ ”


” ကျွန်တော် ငယ်ငယ်လေးကတည်းကနေသေတဲ့ အချိန်အထိ သူတစ်ပါးအသက်ကို သေစေလိုတဲ့ ဆန္ဒနဲ့ မသတ်ခဲ့ဖူးဘူးအကို၊မိဘတွေကို ရထားပေါ် မှာ ဈေးရောင်းပြီးလုပ်ကျွေးခဲ့တယ်။လှူစရာရှိရင် မစားပဲ လှူခဲ့တယ်။ဒါ့ကြောင့်သူတို့နဲ့ မတူတာပေါ့။ ကျွန်တော်က အရာဝတ္ထုပစ္စည်းတွေကို လက်နဲ့ ထိတွေ့ကိုင်တွယ်နိုင်ပြီး ကျွန်တော့်ရဲ့ပကတိရုပ်သွင် ကို ပြလို့ရပါတယ် ”


” ညီလေးရာ…အကိုမသေခဲ့ရင် မင်းအတွက်အလှူ အတန်းလုပ်ပေးပါ့မယ်…မင်းနာမည်ကိုပြောပါ ”


” တကယ်လား…အကို… ကျွန်တော့်နာမည်… ကျော်စိုးဝင်း ပါအကို…အကို အမျှပေးမယ် ဆိုရင် ဒီနေရာကိုပဲ လာပြီး….…

" တောင်တွင်းကြီးက ကျော်စိုးဝင်း " …လို့ သုံးကြိမ် ခေါ်လိုက်ပါ….အကို မသေပါဘူး…. စိတ်ချပါ ”


” အခုလိုမြင်ရတော့…ငါ…တော်တော် သံဝေဂ ရတယ် ညီလေးရာ…”


” အကို့ကိုပြချင်တာတွေအများကြီးရှိပါသေးတယ်… ဟိုမှာကြည့်အကို…ညနေက အရက်မူးပြီးလူသတ်ခံ လိုက်ရတဲ့ကောင်…တွေ့လား… ”


” ဟာ…တွေ့တယ်… ကြောက်စရာကြီးပါလားကွာ… လည်ပင်းကြီး ပြတ်ပြီး ဆွေ့ဆွေ့ ခုန်နေတယ် ”


” သူလဲ မကြာခင် လာခေါ်ခံရတော့မှာပါ.. ”


” ဟင်….ဘယ်သူက လာခေါ်တာလဲ ”


”ငရဲကိုသွားရတော့မယ်လေအကို…ပရလောကသားတိုင်း ငရဲကျကြတာမဟုတ်ပါဘူးအကိုရာ…၊ သူပြုလုပ်ခဲ့တဲ့ ကံအတိုင်း ခံကြရသေးတာပါ။ ကံငါးပါး လုံပေမယ့် သေခါနီးမှာစွဲတဲ့စိတ်ကြောင့် လားရာ မကောင်းတဲ့ သူတွေ တစ်ပုံကြီး…။


ပရလောကသားတွေထဲမှာ ဘုန်းကြီးသရဲလဲရှိတယ် ။ စိတ်ကြမ်းကိုယ်ကြမ်းတွေလဲရှိတယ်။ အေးအေး ချမ်းချမ်းနဲ့ နေထိုင်သူတွေလဲရှိတယ် ။ အကို့ကိုပဲ ကြည့်လေ…ကားမတိုက်ခင်မှာ အကို့ စိတ်က ရေခဲတိုက် ကိုရောက်နေလို့ အခုလိုနေရာကို စိတ်စွဲ တဲ့ အတိုင်း ရောက်လာတာလေ …။


နောက်ဘဝကို ကူးနိုင်ဖို့ အခွင့်အရေးရှိတဲ့သူတွေ က အေးအေးချမ်းချမ်းနဲ့ အလှည့်ရောက်လာမယ့် အချိန်တွေကိုစောင့်နေကြတယ်အကို… ”


” မင်းကရော…ဆယ့်ငါးနှစ်လောက်ရှိနေပြီ…အခုထိ မကျွတ်နိုင်သေးဘူးလား…. ”


” ကျွန်တော် ရထားပေါ်ကပြုတ်ကျတဲ့အချိန်မှာ မသေသေးဘူးဗျ…။ကျွန်တော့်စိတ်ထဲမှာ စွဲနေတာ က ကျွန်တော့်အိတ်ထဲက ဈေးရောင်းရတဲ့ငွေတွေ…၊ ဘယ်သူယူသွားမှန်းလဲမသိဘူး…၊အမေဆေးကုဖို့ စုထားတဲ့ပိုက်ဆံလေးေတွ...

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု