စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံး တစ်ခုလုံး ကိုဗစ် ကူးခံရ


 မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံး တစ်ခုလုံး ကိုဗစ် ကူးခံရ


မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တစ်ခုလုံးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ တွေ့ရှိတာမှန်ကန်တယ်လို့ တိုင်းကော်မရှင် အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ဘီဘီစီ ကို ပြောပါတယ်။


"တိုင်းစာရင်းစစ်က စတွေ့တာ၊ ရွေးကောက်ပွဲ ရလဒ်တွေလာပြီး စစ်ပေးတာ၊ အဲ့ကနေ စတာပေါ့ တရုံးလုံးဖြစ်သွားတာ။ ဒီနေ့ Swab ယူတာ ဒီနေ့တွေ့တာပဲ"လို့ ဦးကျော်ကျော်စိုးက နိုဝင်ဘာ ၁၆ ရက် နေ့ခင်းပိုင်းက ပြောပါတယ်။


မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းကတော့ ကျန်သူတွေနဲ့ ထိတွေ့မှု မရှိဘူးလို့ ဆိုပါတယ်။


"အဲ့ဒီ စဖြစ်တဲ့လူနာနဲ့က ထိတွေ့မှုလည်း မရှိဘူးခဲ့ပါဘူး။ တိုင်းရုံးကိုလည်း ခဏပဲ လာပြီး ပြန်တာပါ"လို့ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။ လက်ရှိမှာတော့ ဦးရှိန်ဝင်းဟာ အိမ်မှာ သီးခြား စောင့်ကြည့်မှု ခံယူနေတယ်လို့ သိရပါတယ်။


တိုင်းကော်မရှင်ရုံးမှာ စာရင်းစစ် အဖွဲ့က ရွေးကောက်ပွဲရလဒ်စစ်ဆေးတွက်ချက်နေရင်း အဖွဲ့ဝင် တစ်ဦးဟာ ၁၃ ရက် နေ့မှာ ဖျားနာမှု စတင်ခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာမှ ကိုဗစ်-၁၉ အတည်ပြုလူနာ ဖြစ်လာပြီး အဖွဲ့ခွဲအားလုံးကို Swab ယူစစ်ဆေးရာမှ ၆ ယောက် ထပ်မံ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။


မန္တလေးတိုင်းမှာ ရွေးကောက်ပွဲပြီးနောက် တစ်ပတ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ငါးရာကျော် တွေ့ရှိထားပါတယ်။ နိုဝင်ဘာ ၁၅ရက်ထိ တိုင်းအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၃,၁၇၁ ဦးဖြစ်ပြီး သေဆုံးသူ ၁၈ ယောက် ရှိပြီ ဖြစ်ပါတယ်။


ဓာတ်ပုံ - တာရာ / ဘီဘီစီမြန်မာပိုင်း

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု