စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ဒီမိုကရေစီအပြည့်အဝမရသေးသဖြင့်နိုင်ငံပိုင်သတင်းစာ တွေရှိသင့်ဟု မုံရွာဦးအောင်ရှင်ပြောကြား


 ဒီမိုကရေစီအပြည့်အဝမရသေးသဖြင့်နိုင်ငံပိုင်သတင်းစာ

တွေရှိသင့်ဟု မုံရွာဦးအောင်ရှင်ပြောကြား

====================================

လက်ရှိအခြေအနေတွင်ဒီမိုကရေစီအပြည့်အဝမရသေးသ

ဖြင့်နိုင်ငံပိုင်သတင်းမီဒီယာများရှိသင့်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပြောရေးဆိုခွင့်ရှိသူမုံရွာဦးအောင်ရှင်ကပြောသည်။


အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကယခင်နှစ်များကနိုင်ငံပိုင်သတင်းစာများမှာဒီမိုကရေစီနှင့်မညီသဖြင့်မရှိသင့်ကြောင်းပြောဆိုခဲ့ပြီးနောက်ယခုအခါပြည်သူများအနေဖြင့်သတင်းအချက်အလက်အမှန်ရရှိရေးနိုင်ငံပိုင်သတင်းစာများဖတ်ရှုရန်အကြံပြုမှုအပေါ်မေးမြန်းရာတွင်အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။


"ဒေါ်အောင်ဆန်းစုကြည်ကမီဒီယာတွေနဲ့တွေ့ဆုံပွဲတစ်ခုမှာ

ပြောဖူးတယ်ဒီမိုကရေစီအစိုးရလက်ထက်မှာနိုင်ငံပိုင်သတင်းစာတွေမရှိသင့်ဘူးလို့ပြောဖူးတယ်ဒါပေမဲ့သူနောက်ဆက်တွဲပြောတဲ့စကားလုံးရှိတယ်ဗျနိုင်ငံပိုင်သတင်းစာတွေမရှိသင့်ဘူးသို့သော်လည်းပဲတဖြေးဖြေးချင်းပြောင်းလဲရမှာတဲ့ သူပြောတယ်ချက်ချင်းတော့ပြောင်းလဲလို့မရဘူးပေါ့ဗျာ ကျွန်တော်လည်းဒါကိုသဘောတူပါတယ်နောင်တစ်ချက်ကတော့ဒီကနေ့ကာလဟာတကယ့်ဒီမိုကရေစီအပြည့်အဝကာလမဟုတ်ဘူးဗျဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလဖြစ်တဲ့အတွက်ကြောင့်နိုင်ငံပိုင်သတင်းစာရှိသင့်သေးတယ်လို့ ကျွန်တော်ကအဲ့ဒီလိုပဲမြင်ပါတယ်"ဟုမုံရွာဦးအောင်ရှင်ကသုံးသပ်ပြောကြားသည်။


သတင်းအချက်အလက်များပြည့်ပြည့်စုံစုံသိရှိရန်နှင့်အစိုးရ၏ ဆောင်ရွက်ချက်များ ကို ပြည်သူများ သိရှိစေရန် အတွက် နိုင်ငံပိုင်သတင်းစာများ ဖတ်ရန်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကနိုဝင်ဘာလ၂၃ရက်နေ့ညပိုင်းကနိုင်ငံပိုင်ရုပ်မြင်သံကြားမှတဆင့်ပြည်သူသို့ကိုဗစ်အရေးမိန့်ခွန်းပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့သည် ။


‘’ကျွန်မ တစ်ခု မေတ္တာရပ်ခံချင်ပါတယ် ၊ ဖြစ်နိုင်လို့ ရှိရင် သတင်းစာတွေဖတ်စေချင်ပါတယ်၊နိုင်ငံတော်သတင်းစာတွေပါ၊အဲဒါကသတင်းစာရောင်းချင်လို့ပြောတာမဟုတ်ပါဘူး ၊ ရောင်းလို့ ကောင်းရင်လည်း ကောင်းတာပေါ့ နော် ၊ ကိုဗစ် ၁၉ နဲ့ ပက်သက်လို့ ကျန်းမာရေး နဲ အခြား ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေကို တစ်ချို့တွေက သေသေချာချာမဖတ်ကြလို့ပါ။“ဟုဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ခြင်းဖြစ်သည်။

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု