စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်
" ဘယ်သူလဲ.. ငချွန်လား..?''
" ဟုတ်..အရီးလေး..''
" ဘာကိစ္စလဲ? ..။ နင်..ငါ့ကို ဘာဒုက္ခပေးအုံးမလို့လဲ..?''
" ဟာဗျာ..အရီးလေးကလည်း..ကျတော့်တောင် မယုံတော့ဘူးလားဗျ..''
" မယုံဘူးဟေ့..မယုံဘူး ။ နင်လာတိုင်း..ငါ့အိမ်က ပစ္စည်းတွေ ပါပါ သွားလွန်းလို့..''
" ဒီတစ်ခါ..ဒုက္ခ မပေးပါဘူးဗျ ။ တံခါး ဖွင့်ပါအုံး..''
" မဖွင့်ဘူးဟေ့..။ နင့်ဆို..ကြောက်လွန်းလို့..''
" ဟာဗျာ...ဒီမှာ..လေးသောင်း..ရောက်နေလို့...''
" ဟေ...လေးသောင်း...ဟုတ်လား..?''
" ဟုတ်..အရီးလေး..''
" အေအေ..လာပြီ. လာပြီ..''
အရီးလေးက
တံခါး ဖွင့်ပေးရင်း....
" ငချွန်ရယ်..။ စောစောထဲက..ထောက်ပံ့ကြေး လေးသောင်း လာပေးတာ..လို့..ပြောလိုက် ပြီးတဲ့ဟာကို..တကတည်း...''
" ဘာလဲ.?..ဒီမှာ..အရီးလေးမောင်..လေးသောင်းလေ..''
" ဟင်..''
ရှာက..
အရီးလေးမောင်ဝမ်းကွဲ....
ယစ်ထုပ်ကြီးဦးလေးသောင်း..
ခုလည်း...မူးလို့..
" ဟဲ့. ငချွန် ။ သူက နင်နဲ့ ဘယ်လို တွေ့လာတာတုန်း..''
" သိဘူး...လမ်းမှာ..မူးပြီး လဲနေတာ တွေ့လို့..လာပို့တာ..။ ကဲ..ကိုယ့်မောင်ကို..ကွကိုယ် ကြည့်လုပ်လိုက်တော့။ ကျတော်တော့....သွားပြီ..''
"ဟဲ့..နေအုံးလေ ။ဟာ.... ဒီ ငချွန်ကတော့လေ..ဟင်းဟင်း..''
😁😁😁😁😁😁😁😁
ဘာပဲပြောပြော..
တို့အရီးလေးတော့
လေးသောင်း ရသွားပြီ..😁
#လူချွန်တော်
Comments
Post a Comment