စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

ကိုယ်ပိုင်ဆိုင်တဲ့အရာကို တန်ဖိုးထားပါ


 

 တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ သစ်ခုတ်သမားတစ်ဦးရှိပါတယ် ။ သူဟာနေ့တိုငျးတောထဲကိုသှားပွီး ထင်းတွေခုတ်လို့အသက်မွေးဝမ်းကျောင်းပြုတယ် ။



တစ်နေ့တော့ သစ်ခုတ်သမားဟာ တောထဲဝင်လာရင်း မျက်စိလည်လမ်းမှားလို့ အတွင်းပိုင်းကိုရောက်သွားခဲ့တယ် ။ အဲဒီရောက်သွားရင်း သစ်ပင်တစ်ပင်အောက်မှာ ဒါဏ်ရာရပြီး ပြုတ်ကျနေတဲ့ငှက်တစ်ကောင်ကို တွေ့ခဲ့တယ် ။




ငှက်ကလေးဟာ တစ်ကိုယ်လုံး ငွေမှင်ရောင်ဖြစ်နေတဲ့အပြင်တဖိတ်ဖိတ်တောက်ပနေလျှက်ရှိတယ် ။ ထင်းခုတ်သမားက တစ်သက်နဲ့တစ်ကိုယ် ဒီလိုလှပတဲ့ငှက်မျိုးမတွေ့ဖူးဘူး အိမ်ကို ဆေးကုဖို့ သယ်ပြီးမွေးထားရမယ် လို့တွေးပြီး ငှက်ကလေးကိုအိမ်ကိုယူဆောင်လာခဲ့တယ် ။




အိမ်ရောက်လို့ ငွေရောင်ငှက်ကလေးကို ဆေးကုသပေးနေတဲ့အချိန်မှာ ငှက်ကလေးက နေ့စဉ် သစ်ခုတ်သမားကို သီချင်းဆိုဆိုပြပါတယ် ။ သာယာနာပျော်ဖွယ်ကောင်းလွန်းလှတာကြောင့် သစ်ခုတ်သမားဟာ ပျော်ရွှင်ကြည်နူးနေခဲ့ရတယ် ။




တစ်နေ့တော့ သစ်ခုတ်သမားရဲ့ အိမ်နီးနားချင်းကငွေရောင်ငှက်ကလေးကိုမြင်တော့ပြောတယ် ။




 ဒီငွေရောင် ငှက်ထက်လှတဲ့ရွှေရောင်ငှက်ကလေးကို တောနက်တစ်နေရာမှာတွေ့ဖူးပါတယ် အသံကလည်းပိုချိုပြီးသာယာနာပျော်ဖွယ်ကောင်းပါတယ် သစ်ခုတ်သမားဟာ အိမ်နီးနားချင်းရဲ့ ပြောတာကိုကြားပြီး ရွှေရောင်ငှက်ဆိုတာလည်းရှိပါသေးလားလို့တွေးမိလိုက်တယ် ။ ဒီတော့ အဲဒီရွှေရောင်ငှက်ကလေးကိုမြင်ချင်စိတ်ပြင်းပြလာခဲ့တယ် ။




ငွေရောင်ငှက်ကလေးဆိုပြတဲ့သီချင်းသံတွေကိုလည်းအရင်လို နားမထောင်ဖြစ်တော့ပဲ ရွှေရောင်ငှက်ကလေးကိုတမ်းတရင်းပဲအချိန်ကုန်နေခဲ့ရတယ် ။ နေ့တိုင်းလည်း မျက်နှာမသာမယာနဲ့မပျော်ရွှင်တော့ပါဘူး ။




တစ်နေ့တော့ ညနေခင်းအချိန်မို့ နေဝင်ဆည်းဆာအချိန်ကလှပနေခဲ့တယ် ။ သစ်ခုတ်သမားက အင်း . . ရွှေရောင်ငှက်ကလေးသာဆို ဒီလို နေဝင်ချိန် နေရောင်အောက်မှာအရမ်းလှမှာပဲလို့တွေးနေမိတယ် ။ ဒါဏ်ရာပျောက်ကင်းစပြုနေပြီဖြစ်တဲ့ငွေရောင်ငှက်ကလေးက အိမ်ကနေထွက်ခွာဖို့အတွက် သစ်ခုတ်သမားဆီသွားပြီး နောက်ဆုံးအကြိမ် အဖြစ် သီချင်းဆိုပြခဲ့တယ် ။




သီချင်းသံပြီးတော့သစ်ခုတ်သမားကပြောတယ် ငွေရောင်ငှက်ကလေးရဲ့အသံကကောင်းပေမယ့် ရွှေရောင်ငှက်ကိုတော့မှီမှာမဟုတ်ပါဘူး အမွှေးအတောင်တွေကလှပေမယ့်ရွှေရောင်ငှက်လောက်တော့လှမှာမဟုတ်ပါဘူး လို့ပြောလိုက်တယ် ။ ငှက်ကလေးက ကျေးဇူးတင်တဲ့အနေနဲ့ သစ်ခုတ်သမားကို ၃ ကြိမ်လှည့်ပတ်ပျံသန်းပြီးနေဝင်တဲ့အနောက်အရပ်ဆီပျံသန်းသွားပါတယ် ။




ငွေရောင်ငှက်ကလေးပျံသန်းတာကိုကြည့်နေရင်း သစ်ခုတ်သမားဟာ ရုတ်တရတ် သူ တသသဖြစ်နေရတဲ့ အိပ်မက်ထဲကရွှေရောင်ငှက်ကလေးဖြစ်နေတာကို အံ့သြစွာတွေ့လိုက်ရတယ် ။ သူအမြဲတောင့်တနေရတဲ့ရွှေရောင်ငှက်ကလေးဟာ သူ့ဘေးမှာ အစဉ်အမြဲရှိနေခဲ့တာကို သူမသိခဲ့ဘူး ။




ငှက်ကလေးကတော့ အနောက်အရပ်ဆီပျံသန်းပျောက်ကွယ်သွားပါပြီ ။ တကယ်တော့ငွေရောင်ငှက်ကလေးဟာဒါဏ်ရာအနာတရဖြစ်နေချိန်မှာ အရောင်ဖျော့ပြီး ငွေရောင်ပြောင်းနေခြင်းဖြစ်ပြီးနေပြန်ကောင်းလာတဲ့အခါ နေရောင်အောက်ထွက်လိုက်တဲ့အခါ မူလ ရွှေရောင်ငှက်ကလေးအဖြစ်ပြန်ပြောင်းသွားတာဖြစ်ပါတယ် ။




-------------------------------------------------------




ကိုယ်ပိုင်ဆိုင်ထားတဲ့အရာက တန်ဖိုးမရှိဘူးထင်နေတာလား


ကိုယ်ရရှိထားတဲ့ဘဝက အဖိုးမတန်ဘူးထင်နေတာလား


ကိုယ့်အနားမှာရှိတဲ့ အဖိုးတန်တဲ့အရာတွေဟာ တန်ဖိုးမရှိဘူးလို့ထင်နေတာလား


ဒါဆိုသင်ဟာ သစ်ခုတ်သမားလို အတွေးမျိုးဝင်နေတဲ့သူပါပဲ




ကိုယ့်အနားမှာရှိနေတဲ့အရာတစ်ခု အဝေးရောက်သွားမှနှမျောတသမဖြစ်ပါစေနဲ့


ကိုယ့်အိပ်မက်ထဲက အရာက လက်တွေ့မှာထက်ပိုသာနေတယ်လို့လည်းမတွေးထင်ပါနဲ့


တကယ်တော့ သစ်ခုတ်သမားလို အိပ်မက်ထဲကအရာကဘေးမှာရှိနေတဲ့အရာထက်ပိုသာတယ်လို့ ထင်ကောင်းထင်နေပါလိမ့်မယ်




ကိုယ့်အနားမှာရှိတဲ့ . . .


မိဘ ဆွေမျိုး ၊ ချစ်သူ ၊ လင်ယောက်ျား ၊ မိန်းမ ၊ မိတ်ဆွေကောင်းတို့ကို တန်ဖိုးထားပါ


အမေကျော်ပြီးဒွေးတော်လွမ်းတာဟာ အနားမှာ တန်ဖိုးမရှိတဲ့အရာကို သတိမထားမိပဲ ဆုံးရှုံးသွားမှ နောင်တရတတ်တာမျိုးပါ




လူတိုင်းလူတိုင်း ကိုယ်ပိုင်ဆိုင်တဲ့အနားမှာရှိတဲ့အရာတွေကို တန်ဖိုးထား နိုင်ကြပါစေ ။




#XYZ


#credit to orginal poster

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု