စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

အစိုးရအဖွဲ့ဝန်ကြီးများနှင့် တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးချယ်မည်


အစိုးရအဖွဲ့ဝန်ကြီးများနှင့် တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးချယ်မည် 


ရန်ကုန်၊ နိုဝင်ဘာ ၁၇


NLD ပါတီမှ အစိုးရသစ်တွင် တာဝန်ထမ်းဆောင်မည့် အစိုးရအဖွဲ့ဝန်ကြီးများနှင့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးများကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးချယ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က The

Voice Daily သို့ပြောကြားသည်။



NEWS

ထိုင်းလွှတ်တော်အပြင်ဘက်ရှိ ဆန္ဒပြသူများကို မျက်ရည်ယိုဓာတ်ငွေ့ရည်ဖြင့် ဖြိုခွင်း

အမေရိကန် Moderna ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေး ၉၄ ဒသမ ၅ ရာခိုင်နှုန်း ထိရောက်မှုရှိ

မအူပင်တွင် ကိုဗစ်ထောက်ပံ့ကြေး လေးသောင်းကျပ်အပြည့်မရဟုဆိုကာဆန္ဒပြ

အဖွဲ့ချုပ် မထောက်ခံသူများ၏ အခွင့်အရေးများလည်း ကာကွယ်သွားမည်ဟု NLD ထုတ်ပြန်

ဆက်ကြေးကောက်ခံတာတွေကြောင့် ချင်းတွင်းမြစ်ထဲသွားလာနေတဲ့ ရေယာဉ်တဝက်လောက် ရပ်နား

ဟုမ္မလင်း လေယာဉ်ကွင်းမျက်နှာစာကို မြေလွတ်မြေရိုင်းအဖြစ်သတ်မှတ်

လယ်ယာလုပ်ငန်းအပေါ် Covid-19 ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုစစ်တမ်းကောက်ယူ

ဗဟိုဘဏ်က ငွေပေးချေမှုစနစ်အသစ် CBM-Net 2 စတင်မိတ်ဆက်

Stay at Home ကြေညာထားသော မြို့နယ်များတွင် ပုံမှန်ကာကွယ်ဆေးထိုးမှုများပြန်လည်စတင်


POST TYPENEWS

အစိုးရအဖွဲ့ဝန်ကြီးများနှင့် တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးချယ်မည်

17-Nov-2020

ရန်ကုန်၊ နိုဝင်ဘာ ၁၇


NLD ပါတီမှ အစိုးရသစ်တွင် တာဝန်ထမ်းဆောင်မည့် အစိုးရအဖွဲ့ဝန်ကြီးများနှင့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးများကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးချယ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က The

Voice Daily သို့ပြောကြားသည်။


"အစိုးရအဖွဲ့နဲ့ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင်ရွေးမယ်လို့ ပြောထားတယ်။ ဒါတွေက အချိန်တန်လာရင် တွေ့ရမှာပါ၊ ဘယ်သူဖြစ်မယ်၊ ဘယ်ဝါဖြစ်မယ်ဆိုတာတော့ ကြိုပြီးတော့ မပြောတတ်သေးဘူး" ဟု ၎င်းကဆိုသည်။


၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပသည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် လွှတ်တော်ကိုယ်စားဦးရေ ၉၂၀ ရရှိခဲ့ပြီး ပြည်ထောင်စုလွှတ်တော်တွင် အစိုးရဖွဲ့နိုင်သည့်ဦးရေထက် ပိုမိုကျော်လွန်ကာ အမတ်အရေအတွက် ၃၉၆ ဦး ရရှိထားပြီး ၂၀၂၁-၂၀၂၅ ကြား ၅ နှစ်တာကာလ တာဝန်ထမ်းဆောင်မည့် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်များကို ရွေးချယ်ခွင့်ရှိနေသည်။


၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီအနေဖြင့် အစိုးရဖွဲ့နိုင်သည့်ဦးရေထက် ပိုမိုကျော်လွန်ရရှိခဲ့ပြီး အစိုးရအဖွဲ့ဖွဲ့စည်းခဲ့နိုင်ခဲ့သည်။


အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များမှာ လုပ်ဆောင်မှု အမှားအယွင်း၊ ပြောဆိုမှု အမှားအယွင်းများကြောင့် ဝေဖန်မှုအများအပြားရှိခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ခဲ့ရသည်။ 


အလားတူ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုမှာလည်း ပြည်နယ်လွှတ်တော်၏ စွပ်စွဲပြစ်မှုခံခဲ့ရပြီး ရာထူးမှဖယ်ရှားခံခဲ့ရသည်။


"ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းမှာ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ ပြည်သူတွေက အားမရဘူးဆိုတဲ့ အသံတွေကြားခဲ့ရတယ်။ ဒီတစ်ခါ မှာတော့ ပြည်သူ့အသံနဲ့ တကယ့်ကို စွမ်းဆောင်ရည်ထက်မြက်တဲ့ ဝန်ကြီးတွေ ရွေးဖို့ရာကတော့ ရာခိုင်နှုန်းတော်တော်များများ သေချာသလောက် ရှိတယ်။ တစ်ခုတော့ရှိတယ်။ ကြိုက်ခြင်း၊ မကြိုက်ခြင်းကတစ်ပိုင်း၊ အရည်အချင်းရှိတယ်။ မရှိဘူးဆိုတဲ့ အပိုင်းကတစ်ပိုင်းပေါ့။ နိုင်ငံတော်တည် ဆောက်နေတဲ့ကာလမှာ ပညာရှင်တွေ လိုတယ်ဆိုတာ လည်းသိပါတယ်။ အချိုးညီညီဖြစ်အောင်တော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ" ဟု နိုဝင်ဘာလ ၁၇ ရက် နေ့နံနက်ပိုင်းက အွန်လိုင်းသတင်းစာ ရှင်းလင်းပွဲတွင် NLD ဒုဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြား ထားသည်။

Source - http://thevoicemyanmar.com/news/44541-lol


Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု