စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

မန္တလေး၌ ကိုဗစ်ဖြစ်ပွားမှု မြင့်လာရာ ၂၀၀ ကျော်ထိရှိခဲ့ပြီး ချမ်းအေးသာစံ၌ အများဆုံးဟုဆို


 မန္တလေးမြို့ မြင်ကွင်းအား စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ- အောင်သန့်ခိုင်/မြန်မာတိုင်းမ်

မန္တလေးခရိုင်တွင် ကိုဗစ် ဒုတိယလှိုင်းအတွင်း Positive တွေ့ရှိသူများ ယခင်လများကထက် မြင့်မားလာခဲ့ရာ နိုဝင်ဘာ ၂၁ ရက်နေ့က ခရိုင်အတွင်း ပိုးတွေ့လူနာ ၂၁၉ ဦးရှိပြီး ချမ်းအေးသာစံမြို့နယ်တွင် အများဆုံးဖြစ်ကြောင်း ကိုဗစ်ပိုးတွေ့ရှိမှု ထုတ်ပြန်ချက်များအရ သိရသည်။

နိုဝင်ဘာ ၂၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ချမ်းအေးသာစံမြို့နယ်၌ အတည်ပြုလူနာ ၆၄ ဦးရှိခဲ့ပြီး စုစုပေါင်း အတည်ပြုလူနာ ၈၄၄ ဦးထိရှိခဲ့ကာ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းသူ ၅၀၀ ကျော်ရှိသည်ဟုဆိုသည်။

“ခရိုင်မှာ ဖြစ်ပွားမှုအများဆုံးက ချမ်းအေးသာစံမြို့နယ်ပါ။ တိုင်းအစိုးရအဖွဲ့ အားလုံးစစ်ဆေးတဲ့အခါမှာ ကျန်တဲ့သူအားလုံးက Negative အဖြေထွက်ပြီး ရှမ်းတိုင်းရင်းသားဝန်ကြီးကတော့ Positive ပါ။ မန္တလေးမှာ ဖြစ်ပွားနှုန်းမြင့်မားလာတဲ့အတွက် တိုင်းအစိုးရနဲ့ တာဝန်ရှိသူ တွေက Quarantine Center တွေ တိုးချဲ့ထားတယ်။ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေလိုက် ပြည်သူ အများ လိုက်နာကြဖို့ပါ”ဟု ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၁ ရက်နေ့ ညပိုင်းက COVID-19 ပိုးတွေ့ရှိမှု ထုတ်ပြန်ချက်တွင် မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးဦးစိုင်းပန်းဆိုင်လည်း ပါဝင်ခဲ့ပြီး ၎င်း၏ မိသားစုဝင်တစ်ဦးတွင် ပိုးတွေ့ရှိသဖြင့် စစ်ဆေးရာမှ ပိုးတွေ့လူနာဖြစ်ခဲ့ကြောင်း သိရပြီး တိုင်းရင်းသားဝန်ကြီးမှာ ကုသမှုခံယူလျက်ရှိရာ ကျန်းမာရေးကောင်းမွန်သည်ဟုသိရသည်။

နိုဝင်ဘာ ၂၁ ရက်နေ့ထိ မန္တလေးခရိုင်အတွင်း ချမ်းအေးသာစံမြို့နယ်တွင် အတည်ပြုလူနာ ၈၄၄ ဦးထိရှိလာပြီး ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းသူ ၅၀၀ ကျော်ရှိကြောင်း၊ မဟာအောင်မြေမြို့နယ်တွင် ၆၇၆ ဦး၊ အမရပူရ မြို့နယ်တွင် ၄၇၆ ဦး၊ အောင်မြေသာစံတွင် ၄၅၉ ဦး၊ချမ်းမြသာစည်တွင်၂၄၄ ဦး၊ ပြည်ကြီးတံခွန်တွင် ၂၃၀ ဦး၊ ပုသိမ်ကြီးတွင် ၁၇၅ ဦး တို့ဖြင့် မန္တလေးခရိုင်၌ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၃၁၀၄ ဦးထိရှိပြီဖြစ်သည်။

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု