စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်

Image
 စစ်ကိုင်းတွင် စုပ်ခွက်ငါးများ ပျံ့နှံ့လာမှုကြောင့် ငါးအထွက်နူန်း လျော့ပြီး ရေလုပ်သားများ အခက်ခဲဖြစ်၊ သတင်း၊ ဓာတ်ပုံ - စောရန်ပိုင်  စစ်ကိုင်း၊ ဇန်နဝါရီ - ၁၇ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာရခြင်းကြောင့် ငါးအထွက်နူန်း လျော့ကျလာပြီး ဒေသခံ ရေလုပ်သားများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ အင်းများတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကာ စုပ်ခွက်ငါးများ အများအပြား တွေ့ရှိလာကြောင်း၊ ပိုက်တစ်ကြိမ်ဖော်လျှင် စပြ်ခွက်ငါး ပိသာထောင်နှင့်ချီကာ ပါရှိပြီး အဆိုပါ စုပ်ခွက်ငါးများကို စားသုံးသူ မရှိခြင်း၊ ရောင်းချ၍ မရခြင်းကြောင့် မီးရှို့ဖျက်ဆီးနေရသည်ဟု စစ်ကိုင်းမြို့နယ် မအူပင်ကျေးရွာမှ ဦးထွန်းရီက ပြောသည်။  "ငါးနှစ်အတွင်း သိသိသာသာ စုပ်ခွက်ငါးတွေ အတွေ့များလာတယ်။ ပိုက်တစ်ခါဖော်ရင် ပိဿာထောင်ချီတွေ့တယ်။ ကျန်တဲ့ငါးတွေက သူတို့နဲ့ပွတ်တိုက်မိရင် သေတယ်။ ဟိုတလောက ငါးလပိ၊ ငါးကြင်း ပိဿာထောင်ချီသေခဲ့တယ်။ စုပ်ခွက်ငါးတွေက ငါးသားပေါက်တွေကို စားတယ်၊ အောက်က ရေမှော်တွေကိုလည်း စားတယ်၊ မျိုးပွားနူန်းကလည်း သိပ်မြန်တယ်။ တစ်နှ...

AA ဗိုလ်လောင်း ရှစ်ဦးအတွက် အောက် မေ့ဖွယ် အခမ်းအနားတက်သူ အမှုဖွင့်ခံရ

 AA ဗိုလ်လောင်း ရှစ်ဦးအတွက် အောက်မေ့ဖွယ် အခမ်းအနားတက်သူ အမှုဖွင့်ခံရ

~~~~~

■ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရက္ခိုင့်တပ်တော် (AA)ရဲ့ ဗိုလ်လောင်း ရှစ်ဦး ကျဆုံးခြင်း ၆ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ရာမှာ ပူးပေါင်းပါဝင်ခဲ့တဲ့  ဦးအစံမောင်ဆိုသူကို အာဏာပိုင်တို့က သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ ဖမ်းဆီး အမှုဖွင့်ထားကြောင်း ဒေသခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့က ကျင်းပတဲ့ အခမ်းအနားနဲ့ ပတ်သက်ပြီး နောက်တနေ့ နေ့လယ်မှာ သူ့ရဲ့နေအိမ်ကနေ အရပ်ဝတ်နဲ့ လူနှစ်ဦးက လာရောက် ဖမ်းဆီးသွားတယ်၊ ၂၁ ရက်နေ့မှာတော့ ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး  အမှုဖွင့်ထားတာလို့ ဦးအစံမောင် လွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါ်ကျော့စိန်က ပြောပါတယ်။  

စစ်တွေမြို့အမှတ် (၂) ရဲစခန်းမှာ ထိန်းသိမ်းခံနေရတဲ့ ဦးအစံမောင်ကို  ဒီဇင်ဘာ ၄ ရက်နေ့မှာ တရားရုံးထုတ် စစ်ဆေးမယ်လို့ သိရပါတယ်။

ဦးအစံမောင်ဟာ အဲဒီအခမ်းအနားကို ပူးပေါင်းပါဝင်ကူညီပေးခဲ့တာသာဖြစ်ပြီး ဦးဆောင်သူ မဟုတ်တဲ့သူကို အခုလို ဖမ်းဆီးအမှုဖွင့်တာဟာ ဘယ်လိုမှ မဖြစ်သင့်ဘူးလို့လည်း ဒေါ်ကျော့စိန်က ပြောပါတယ်။

အမှုနဲ့ ပတ်သက်လို့ ပိုမို သိရှိနိုင်ရေးအတွက် စစ်တွေမြို့နယ် ရဲမှူး ဇော်နိုင်ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

သူ့ကို အမှုဖွင့်ထားတဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ၂၅ မှာ မည်သူမဆို ဆန်းစစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ်တစ်စုံတစ်ရာ ကျရောက်နိုင်သည်ကို သိလျက်နဲ့ တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ရင် ဒါမှမဟုတ် ဖြစ်ပေါ်စေရန်အကြောင်းရှိရင် ကျူးလွန်သူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့က ကချင်လွတ်မြောက်ရေး တပ်မတော် KIA သင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ ဗိုလ်လောင်းတချို့ ထိခိုက်သေဆုံးခဲ့ပါတယ်။

ကျဆုံးသွားသူတွေထဲက  ရက္ခိုင့်တပ်တော်(AA) ရဲ့ ဗိုလ်လောင်း ရှစ်ဦးအတွက် ၆ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို စစ်တွေမြို့ ကမ်းနားလမ်းမှာ ပြုလုပ်ခဲ့ကြရာမှာ လူငယ် ၃၀ ဝန်းကျင်က အာရက္ခနိုင်ငံတော် သီချင်းကို ပြိုင်တူရွတ်ဆိုမှု၊ တစ်မိနစ်ငြိမ်သက်မှု၊ ဆီမီးထွန်းဂါရဝပြုမှုစတဲ့ အစီအစဉ်တွေ ပါဝင်ခဲ့ပါတယ်။

စစ်တွေမြို့မှာ အောက်တိုဘာ ၁၉ ရက်နေ့က စစ်ပွဲတွေ ရပ်တန့်ရေးနဲ့ အင်တာနက်လိုင်း ပြန်ဖွင့်ပေးရေး အပါအဝင် တပ်မတော်နဲ့ အစိုးရကို ဝေဖန်ဆန္ဒပြခဲ့တဲ့ ရခိုင်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသားတွေနဲ့ ဝန်းရံသူ စုစုပေါင်း ငါးဦးကိုလည်း နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်ခွင့် ဥပဒေ ပုဒ် (၁၉) တို့နဲ့ စစ်တွေမြို့နယ် တရားရုံးမှာ ရဲတပ်ဖွဲ့က တရားစွဲထားပြီး အဲဒီထဲက လေးဦးကို ဖမ်းဆီးထားပါတယ်။

- Unicode

~~~~~~~~~~~~~~~

- Zawgyi

~~~~~~~~~~~~~~~

Photo: Ni Min Tun / RFA

(ရက္ခိုင့်တပ်တော် (AA) ဗိုလ်လောင်း ရှစ်ဦး ကျဆုံးခြင်း  ၆ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းနားမှာ ဦးအစံမောင်ကို အောက်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်)

Comments

Popular posts from this blog

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန်အနေနဲ့ ဆက်မလုပ်တော့တာနဲ့ ပတ်သက်ပြီး ဒေါက်တာရ​ဲလွင် ရှင်းလင်းပြောကြား

လာမယ့် ၂၀၂၂ ခုနှစ် အထိ ကမ္ဘာတစ်ဝှမ်းက လူလေးဦးမှာ တစ်ဦး ကာကွယ်ဆေး မရရှိနိုင်သေးကြောင်း သုတေသနပညာရှင်တွေ ပြော

မုဒိမ်းသမားများအား လူအများရှေ့တွင် ဓါတုနည်းဖြင့် ဝှေးသင်းမည့် ဥပဒေသစ်ကို ပါကစ္စတန် အတည်ပြု